ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • th သင်ခန်းစာ ၁၉ စာ. ၂၂
  • စိတ်နှလုံးကို ထိမိဖို့ ကြိုးစားခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်နှလုံးကို ထိမိဖို့ ကြိုးစားခြင်း
  • ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ထက်သန်ခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • နှလုံးကိုထိမိစေရန် ကြိုးပမ်းခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • တည်ဆောက်ပေးခြင်း၊ အပြုသဘောဆောင်ခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
နောက်ထပ် ကြည့်ပါ
ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
th သင်ခန်းစာ ၁၉ စာ. ၂၂

သင်ခန်းစာ ၁၉

စိတ်နှလုံးကို ထိမိဖို့ ကြိုးစားခြင်း

ညွှန်းထားတဲ့ကျမ်းချက်

ပညာအလိမ္မာ ၃:၁

အကျဉ်းချုပ်– သိလာတာတွေကို တန်ဖိုးထားလေးမြတ်ဖို့၊ လက်တွေ့ကျင့်သုံးဖို့ နားထောင်နေသူတွေကို ကူညီပေးပါ။

လုပ်ဆောင်နိုင်ပုံ–

  • ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်တတ်အောင် ကူညီပေးပါ။ သူတို့ကိုယ်တိုင် ဘယ်လိုခံစားရသလဲဆိုတာ ပြန်ဆန်းစစ်တတ်အောင် အဖြေမလိုတဲ့ မေးခွန်းတွေ မေးပါ။

  • မှန်ကန်တဲ့ လှုံ့ဆော်မှု ခံစားရစေပါ။ မွန်မြတ်တဲ့အလုပ်တွေကို ဘာကြောင့်လုပ်တယ်ဆိုတာ ပြန်ဆန်းစစ်ဖို့ နားထောင်နေသူတွေကို အားပေးပါ။ ယေဟောဝါနဲ့ လူတွေကို ချစ်လို့၊ ကျမ်းစာသွန်သင်ချက်တွေကို နှစ်သက်လို့ လုပ်ဆောင်တာမျိုးဖြစ်ဖို့ ကူညီပေးပါ။ သွန်သင်ချက်ပေးတဲ့ပုံစံနဲ့ မဟုတ်ဘဲ သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်ပါ။ သင့်ဟောပြောချက်အပြီးမှာ စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အစား အကောင်းဆုံးလုပ်ဆောင်ဖို့ အားပေးမှု၊ လှုံ့ဆော်မှု ဖြစ်စေပါ။

  • ယေဟောဝါကို အာရုံစိုက်စေပါ။ ကျမ်းစာ သွန်သင်ချက်တွေ၊ မူတွေ၊ ပညတ်တွေက ဘုရားရဲ့ အရည်အသွေးတွေနဲ့ ဘုရားရဲ့မေတ္တာအကြောင်း ဘယ်လို ဖော်ပြသလဲဆိုတာ ပေါ်လွင်စေပါ။ ယေဟောဝါရဲ့ ခံစားချက်ကို ထည့်စဉ်းစားပြီး ဘုရားနှစ်သက်တာကို လုပ်ချင်လာအောင် ကူညီပေးပါ။

    လေ့ကျင့်ရမယ့်အချက်

    လူတွေကို ဆွဲဆောင်သူဟာ ယေဟောဝါ ဖြစ်တယ်ဆိုတာ သတိရပါ။ နားထောင်နေသူတွေကို လှုံ့ဆော်ပေးဖို့ ကျမ်းစာသုံးပါ။

အမှုဆောင်လုပ်ငန်းမှာ

ဖြစ်နိုင်တဲ့အခါတိုင်း နားထောင်နေသူ တကယ်ယုံကြည်တဲ့အရာကို သိနိုင်ဖို့ မေးခွန်းတွေ မေးပါ။ သူ့ရဲ့ခံစားချက်အမှန်ကို သိနိုင်ဖို့ မျက်နှာနေမျက်နှာထားနဲ့ လေသံကို အကဲခတ်ပါ။ ဒါပေမဲ့ စိတ်ရှည်ပါ။ သူ့ခံစားချက်ကို မဖော်ပြခင် သင့်ကို ယုံကြည်စိတ်ချလာအောင် အရင် လုပ်ရလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ