သီချင်း ၁၄၄
ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့
ပုံနှိပ်စာပေ
၁။ မမြင်ရသူများ ပြန်မြင်လာကြ၊
အသံမကြားသူများ ပြန်ကြားလာရ၊
လူကလေး ဆိုတေးသံ ပျံ့လွင့်နေ၊
ရွှင်လန်း၊ ငြိမ်သက်မှု လွှမ်းခြုံပေ၊
သေလွန်သောသူများ ပြန်ရှင်လာမှာ၊
အပြစ်များ၊ ရန်ငြိုး မရှိတော့ပါ။
(ထပ်ကျော့ပိုဒ်)
လိုသမျှ ဘုရား ထောက်မဖြည့်ပေး၊
ဆုလာဘ်တော် မျက်ခြည်မပြတ်က။
၂။ အတူစား မြေခွေးနဲ့ သိုးငယ်များ၊
အတူ ကစား ဝံပေါက်နဲ့ နွားငယ်များ၊
လူကလေး ထိန်းကျောင်း ခေါ်ဆောင်လေရာ၊
ရေးစိုက်နားထောင် သူတို့ လိုက်သွား။
နာကျင်မှု၊ ပူဆွေး ကျမျက်ရည်များ၊
ကြောက်ရွံ့ခြင်း၊ နာခြင်း ကွယ်ပျောက်ကုန်မှာ။
(ထပ်ကျော့ပိုဒ်)
လိုသမျှ ဘုရား ထောက်မဖြည့်ပေး၊
ဆုလာဘ်တော် မျက်ခြည်မပြတ်က။
(ဟေရှာ. ၁၁:၆-၉။ ၃၅:၅-၇။ ယော. ၁၁:၂၄ တို့ကိုလည်း ကြည့်ပါ။)