ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • th သင်ခန်းစာ ၈ စာ. ၁၁
  • သွန်သင်ပေးတဲ့ ပုံဥပမာများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွန်သင်ပေးတဲ့ ပုံဥပမာများ
  • ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆီလျော်သောဥပမာများ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • “ပုံဥပမာ မပါဘဲ သူ မဟောဘူး”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • “ဥပမာကင်း၍ ဟောပြောတော်မမူ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ထိုးထွင်းသိမြင်မှုနှင့် သွေးဆောင်နိုင်စွမ်းဖြင့်သွန်သင်ပါလေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
th သင်ခန်းစာ ၈ စာ. ၁၁

သင်ခန်းစာ ၈

သွန်သင်ပေးတဲ့ ပုံဥပမာများ

ညွှန်းထားတဲ့ကျမ်းချက်

မဿဲ ၁၃:၃၄၊ ၃၅

အကျဉ်းချုပ်– နားထောင်နေသူတွေ စိတ်ဝင်စားမယ့်၊ အရေးကြီးတဲ့ အချက်တွေကို သွန်သင်ပေးမယ့် ပုံဥပမာရိုးရိုးလေးတွေ သုံးပြီး သင့်သွန်သင်ခြင်းကို တိုးတက်စေပါ။

လုပ်ဆောင်နိုင်ပုံ–

  • ရိုးရှင်းတဲ့ပုံဥပမာတွေ ရွေးသုံးပါ။ ယေရှုလိုပဲ သေးငယ်တဲ့အရာတွေကို သုံးပြီး ကြီးမားတဲ့အကြောင်းအရာကို ရှင်းပြပါ၊ လွယ်ကူတဲ့အရာတွေကို သုံးပြီး ခက်ခဲတဲ့အရာတွေကို ရှင်းပြပါ။ ပုံဥပမာကို ပိုရှုပ်ထွေးစေတဲ့ အသေးစိတ်အချက်အလက်တွေ ထပ်မထည့်ပါနဲ့။ သင် သုံးတဲ့ ပုံဥပမာက သွန်သင်ပေးနေတဲ့ သင်ခန်းစာနဲ့ အမှန်တကယ် သက်ဆိုင်ကြောင်း သေချာစေပါ။ ဒါမှ နားထောင်နေသူတွေရဲ့ အာရုံ မလွဲသွားမှာဖြစ်တယ်။

    လေ့ကျင့်ရမယ့်အချက်

    မျက်စိ ရှင်ရှင်ထားပါ။ ပတ်ဝန်းကျင်ကို ကြည့်ပါ။ အဖွဲ့အစည်းထုတ် စာပေတွေ လေ့လာပါ။ ဆရာသမားကောင်းတွေ ပြောတာကို နားထောင်ပါ။ အဲဒီလိုလုပ်ရင်း သင့် သွန်သင်ခြင်းကို တိုးတက်စေဖို့ အသုံးပြုနိုင်မယ့် ပုံဥပမာတွေကို ရေးမှတ်ထားပါ။ ပြီးတဲ့နောက် ဖိုင်တစ်ခုမှာ သိမ်းထားပါ။

  • နားထောင်နေသူတွေကို ထည့်စဉ်းစားပါ။ နားထောင်နေသူတွေရဲ့ လုပ်ဆောင်မှုတွေ၊ စိတ်ဝင်စားရာတွေနဲ့သက်ဆိုင်တဲ့ ပုံဥပမာတွေကို ရွေးသုံးပါ။ သင်အသုံးပြုတဲ့ ပုံဥပမာတွေကြောင့် သူတို့ စိတ်အနှောင့်အယှက် ဖြစ်တာ၊ စိတ်ဆိုးသွားတာ မဖြစ်စေဖို့ ဂရုစိုက်ပါ။

  • အဓိကအချက်ကို သင်ပေးပါ။ အရေးမကြီးတဲ့ အသေးစိတ်အချက်တွေကို မဟုတ်ဘဲ အဓိကအချက်တွေကိုပဲ ပုံဥပမာပေး သွန်သင်ပါ။ ပုံဥပမာကိုသာ မဟုတ်ဘဲ ပုံဥပမာကနေ သင်ယူရတဲ့အချက်ကိုပါ နားထောင်နေသူ မှတ်မိစေဖို့ ဂရုစိုက်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ