ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၃ စာ. ၁
  • နှိမ့်ချမှုရှိဖို့လိုသောလုပ်ငန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှိမ့်ချမှုရှိဖို့လိုသောလုပ်ငန်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်သောနှိမ့်ချမှုကို မွေးမြူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • နှိမ့်ချခြင်းကို အဘယ်ကြောင့်ဝတ်ဆင်သင့်ကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခရစ်ယာန်များသည် နှိမ့်ချခြင်းကို မွေးမြူရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၁/၀၃ စာ. ၁

နှိမ့်ချမှုရှိဖို့လိုသောလုပ်ငန်း

၁ ဘုရားသခင့်နှုတ်ကပါဌ်တော်က “စိတ်နှိမ့်ချခြင်းရှိကြလော့။ . . . အချင်းချင်းရန်တုံ့မမူ . . . မေတ္တာပို့ခြင်းကိုပြုကြလော့” ဟူ၍ဆုံးမထားသည်။ (၁ ပေ. ၃:၈၊ ၉) ထိုသြဝါဒစကားသည် ဟောပြောခြင်းလုပ်ငန်းနှင့် အမှန်ပင်သက်ဆိုင်သည်။ မှန်ပါသည်၊ ခရစ်ယာန်ဓမ္မအမှုသည် ကျွန်ုပ်တို့၏နှိမ့်ချမှုကို စမ်းသပ်သည့်အရာတစ်ခုဖြစ်နိုင်သည်။

၂ နှိမ့်ချမှုဟူသည် မနှစ်မြို့ဖွယ်အခြေအနေများကို ခံရပ်နိုင်စေသည့် အရည်အသွေးတစ်ခုဖြစ်၏။ ကျွန်ုပ်တို့သည် ဟောပြောသည့်အခါ ခက်ထန်သောအမူအရာဖြင့် အချို့သူတို့ တုံ့ပြန်မည်ကိုသိထားလျက် မဖိတ်ခေါ်သည့်သူစိမ်းများထံ ချဉ်းကပ်ကြသည်။ ထိုသို့သောပြုမူဆက်ဆံမှုကြုံရငြား ဆက်ဟောပြောနေရန် နှိမ့်ချမှုရှိဖို့လိုသည်။ အလွန်ခက်ခဲသည့်ရပ်ကွက်တစ်ခုတွင် ရှေ့ဆောင်ညီအစ်မနှစ်ဦးသည် တုံ့ပြန်သူတစ်ဦးမျှမရှိဘဲ နှစ်နှစ်တိုင်တိုင် နေ့တိုင်း တစ်အိမ်မှတစ်အိမ်သွားခဲ့ကြသည်! သို့သော် သူတို့ဇွဲရှိခဲ့ရာ ယနေ့ ထိုနယ်မြေတွင် အသင်းတော်နှစ်ခုရှိနေပြီဖြစ်သည်။

၃ ရိုင်းစိုင်းမှုကို ကိုင်တွယ်ခြင်း– အခြားသူတို့က ကြင်နာမှုမပြ သို့မဟုတ် ရိုင်းစိုင်းသည့်အခါ ယေရှုကိုတုပရန် နှိမ့်ချမှုကကူညီပေးမည်ဖြစ်သည်။ (၁ ပေ. ၂:၂၁-၂၃) အိမ်တစ်အိမ်တွင် ညီအစ်မတစ်ဦးသည် ထွက်သွားရန်မောင်းထုတ်သည့် လင်မယားနှစ်ဦး၏ကြမ်းတမ်းစွာပြောဆိုမှုကို ခံခဲ့ရသည်။ ညီအစ်မသည် ပြုံးပြပြီး အခြားအချိန်တစ်ချိန်တွင် သူတို့ကိုစကားပြောဖို့မျှော်လင့်ကြောင်း ပြောခဲ့သည်။ ယင်းက မောင်နှံစုံကို အလွန်စွဲမှတ်သွားစေရာ သူတို့သည် နောက်သက်သေခံတစ်ဦး လည်ပတ်သက်သေခံသည်ကို နားထောင်ကာ နိုင်ငံတော်ခန်းမတွင် အစည်းအဝေးတက်ရန်ဖိတ်ခေါ်ချက်ကို လက်ခံခဲ့သည်။ အစပိုင်းတွင် ငြင်းပယ်ခံခဲ့ရသောညီအစ်မသည် သူတို့ကိုနှုတ်ဆက်ရန်နှင့် နောက်ထပ်သက်သေခံရန် ခန်းမတွင်ရောက်ရှိနေသည်။ ကျွန်ုပ်တို့လည်း “နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘော” ပြခြင်းအားဖြင့် လက်မခံသူများအား စိတ်ပျော့ပျောင်းလာစေနိုင်သည်။—၁ ပေ. ၃:၁၅; သု. ၂၅:၁၅။

၄ မောက်မာခြင်းကိုရှောင်ပါ– ကျွန်ုပ်တို့၏ကျမ်းစာအသိပညာသည် လူတို့ကိုအထင်သေးရန် သို့မဟုတ် ချိုးနှိမ်ပြောဆိုရန်အကြောင်းမရှိစေပါ။ (ယော. ၇:၄၉) ယင်းအစား ဘုရားသခင့်နှုတ်ကပါဌ်တော်က “အဘယ်သူကိုမျှမကဲ့ရဲ့” ရန်သြဝါဒပေးထားသည်။ (တိ. ၃:၂) ကျွန်ုပ်တို့သည် ယေရှုကဲ့သို့ စိတ်နှလုံးနှိမ့်ချမှုရှိသည့်အခါ အခြားသူများအား လန်းဆန်းမှုဖြစ်စေသည်။ (မ. ၁၁:၂၈၊ ၂၉) နှိမ့်ချစွာချဉ်းကပ်ခြင်းက ကျွန်ုပ်တို့၏သတင်းတရားကို ပို၍နှစ်သက်စရာဖြစ်စေသည်။

၅ မှန်ပါသည်၊ နှိမ့်ချမှုသည် ခက်ခဲသည့်ရပ်ကွက်တွင် ဇွဲရှိရန်ကူညီပေးသည်။ ယင်းက လက်မခံသူများအား စိတ်ပျော့ပျောင်းစေနိုင်ကာ အခြားသူများအား နိုင်ငံတော်သတင်းသို့ ဆွဲဆောင်သည်။ ထို့ထက်ကား ယင်းသည် “စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ” သော ယေဟောဝါ၏နှစ်သက်မှုရရှိစေသည်။—၁ ပေ. ၅:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ