ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • th သင်ခန်းစာ ၁၃ စာ. ၁၆
  • လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း
  • ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထိရောက်တဲ့နိဒါန်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • စိတ်နှလုံးကို ထိမိဖို့ ကြိုးစားခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • စိတ်ထက်သန်ခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ပရိသတ်အတွက် သိမှတ်ဖွယ်
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
နောက်ထပ် ကြည့်ပါ
ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
th သင်ခန်းစာ ၁၃ စာ. ၁၆

သင်ခန်းစာ ၁၃

လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း

ညွှန်းထားတဲ့ကျမ်းချက်

ပညာအလိမ္မာ ၃:၂၁

အကျဉ်းချုပ်– သင်ပြောတဲ့အကြောင်းအရာက နားထောင်နေသူတွေရဲ့ အသက်တာကို ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာ နားလည်အောင် ကူညီပေးပါ။ သိလာတာကို ဘယ်လိုကျင့်သုံးရမယ်ဆိုတာ ပြောပြပါ။

လုပ်ဆောင်နိုင်ပုံ–

  • နားထောင်နေသူတွေကို ထည့်စဉ်းစားပါ။ ပြောပြမယ့်အကြောင်းကို သူတို့ ဘာကြောင့် ကြားသိဖို့လိုအပ်တယ်၊ ဘယ်အချက်က သူတို့အတွက် အထူးအကူအညီ ဖြစ်စေမယ်ဆိုတာ စဉ်းစားပါ။

  • ဟောပြောနေစဉ်တစ်လျှောက် သူတို့ကျင့်သုံးနိုင်တဲ့ အချက်တွေကို ပြောပြပါ။ ဟောပြောချက် စတာနဲ့ နားထောင်သူတိုင်းက ‘ဒါ ငါနဲ့ဆိုင်တယ်’ လို့ ခံစားရသင့်တယ်။ အဓိကအချက်တစ်ခုစီကို ပြောသွားတဲ့အခါ လက်တွေ့ကျင့်သုံးနိုင်ပုံကို ပြောပြပါ။ သတ်သတ်မှတ်မှတ်အချက်တွေကို ဖော်ပြပါ။

    လေ့ကျင့်ရမယ့်အချက်

    ကျမ်းစာမူတွေရဲ့ သက်ဆိုင်ပုံကို မေတ္တာပါပါ၊ စာနာမှုရှိရှိ ဆွေးနွေးပါ။ အပြစ်ရှိတယ်လို့ ခံစားရစေမယ့်အစား သူတို့ရဲ့ မေတ္တာနဲ့ ယုံကြည်ခြင်းကို တိုးပွားခိုင်ခံ့စေပါ။ မှန်ရာကို သူတို့လုပ်လိမ့်မယ်လို့ သင် ယုံကြည်စိတ်ချကြောင်း ဖော်ပြပါ။

အမှုဆောင်လုပ်ငန်းမှာ

ဟောပြောဖို့ ပြင်ဆင်တဲ့အခါ သတင်းမှာ ဘာတွေပါသလဲ၊ ရပ်ကွက်ကလူတွေ ဘာအကြောင်း စိတ်ဝင်စားသလဲဆိုတာ ထည့်စဉ်းစားပါ။ လူတွေ လတ်တလော စိတ်ဝင်စားနေတဲ့အကြောင်းကို ပြောပါ။ နားထောင်နေသူ စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်းအရာ၊ စိတ်ဝင်စားတဲ့ အကြောင်းအရာကို ထုတ်ပြောလာအောင် လိမ္မာပါးနပ်စွာ မေးခွန်းမေးပါ။ သူပြောတာကို နားထောင်ပြီးနောက် အလိုက်သင့် သွန်သင်ပေးပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ