ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • th သင်ခန်းစာ ၆ စာ. ၉
  • ကျမ်းချက်ရဲ့ သက်ဆိုင်ပုံကို ရှင်းရှင်းလင်းလင်း တင်ပြခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းချက်ရဲ့ သက်ဆိုင်ပုံကို ရှင်းရှင်းလင်းလင်း တင်ပြခြင်း
  • ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းချက်တွေကို ဆီလျော်စွာ မိတ်ဆက်ပေးခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ကျမ်းချက်များ၏ သက်ဆိုင်ပုံကို မှန်ကန်စွာ တင်ပြခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ထိရောက်တဲ့နိဂုံး
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
နောက်ထပ် ကြည့်ပါ
ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
th သင်ခန်းစာ ၆ စာ. ၉

သင်ခန်းစာ ၆

ကျမ်းချက်ရဲ့ သက်ဆိုင်ပုံကို ရှင်းရှင်းလင်းလင်း တင်ပြခြင်း

ညွှန်းထားတဲ့ကျမ်းချက်

ယောဟန် ၁၀:၃၃-၃၆

အကျဉ်းချုပ်– ကျမ်းချက်ဖတ်ပြီးတာနဲ့ နောက်အချက်တစ်ချက် ပြောင်းပြောလိုက်တာမျိုး မလုပ်ပါနဲ့။ သင်ပြောနေတဲ့အချက်က ကျမ်းချက်နဲ့ ဘယ်လိုသက်ဆိုင်တယ်ဆိုတာ နားထောင်နေသူတွေကို ရှင်းရှင်းလင်းလင်း သိမြင်စေပါ။

လုပ်ဆောင်နိုင်ပုံ–

  • အဓိကစကားလုံးတွေကို ခွဲထုတ်ပါ။ ကျမ်းချက်ဖတ်ပြီးတဲ့အခါ သင်ပြောနေတဲ့ အဓိကအချက်နဲ့ တိုက်ရိုက်ဆက်နွှယ်တဲ့ စကားလုံးတွေကို ပေါ်လွင်စေပါ။ အဲဒီစကားလုံးတွေကို ထပ်ပြောနိုင်တယ်။ ဒါမှမဟုတ် အဓိကစကားလုံးတွေကို သိမြင်နိုင်ဖို့ မေးခွန်းတစ်ခု မေးနိုင်တယ်။

    လေ့ကျင့်ရမယ့်အချက်

    ကျမ်းချက်ရဲ့အယူအဆကို ဖော်ပြဖို့ တခြားစကားလုံးတွေ သုံးမယ်ဆိုရင် ပြောနေတဲ့အဓိကအချက်နဲ့ ကျမ်းချက်ပါ စကားလုံးတွေ ဘယ်လိုဆက်စပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်နားလည်စေပါ။

  • မှတ်မိစေချင်တဲ့ အချက်ကို အလေးပေးပါ။ ကျမ်းချက်ဖတ်ရတဲ့အကြောင်းရင်းကို ပြောထားတယ်ဆိုရင် ကျမ်းချက်ပါ အဓိကစကားလုံးတွေက အဲဒီအကြောင်းရင်းနဲ့ ဘယ်လိုဆက်စပ်တယ်ဆိုတာ ရှင်းပြပါ။

    လေ့ကျင့်ရမယ့်အချက်

    ကျမ်းချက်ကို ဆွေးနွေးနေတယ်ဆိုရင် ကျမ်းစာကို ဆက်ဖွင့်ထားပါ။ ဒါမှ နားထောင်နေသူတွေလည်း ကျမ်းစာကို ဆက်ဖွင့်ထားမှာဖြစ်ပြီး ကျမ်းချက်ကို သင် ရှင်းပြနေမှန်း သိမြင်လိမ့်မယ်။

  • သက်ဆိုင်ပုံကို ရိုးရိုးရှင်းရှင်း ပြောပါ။ အဓိကအချက်နဲ့ မသက်ဆိုင်တဲ့ အသေးစိတ်အချက်တွေကို မပြောပါနဲ့။ အကြောင်းအရာကို နားထောင်နေသူတွေ ဘယ်လောက်အထိ သိထားတယ်ဆိုတဲ့အချက်ပေါ် မူတည်ပြီး သင် အချက်အလက် ဘယ်လောက်ထပ်ပြောမယ်ဆိုတာ ဆုံးဖြတ်ပါ။ ဒါမှ နားထောင်နေသူတွေဟာ အချက်အလက်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ