ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၆/၁၅ စာ. ၃၂
  • သမ္မာကျမ်းကို သင်ယုံစားနိုင်ပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းကို သင်ယုံစားနိုင်ပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၆/၁၅ စာ. ၃၂

သမ္မာကျမ်းကို သင်ယုံစားနိုင်ပါသလော

သမ္မာကျမ်းစာတစ်အုပ်ကို သင်ကောက်ရလျှင် ဒ င်္ဂါးတစ်ပြား ကောက်ရလိမ့်မည်ဟု မျှော်လင့်နိုင်မည်လော။ ဤရှေးဟောင်း ငွေဒ င်္ဂါးကို မည်သို့ဆိုမည်နည်း။

သမ္မာကျမ်းစာသည် ရှေးခေတ်ပုံပြင်များနှင့် ချီးကျူးထိုက်သောစာရိတ္တစံချိန်များပါ ခေတ်ဟောင်းစာအုပ်တစ်အုပ်ဟူ၍ ­ထင်မြင်ယူဆသူ အမြောက်အမြားရှိပါသည်။ သို့ဖြစ်၍ပင် သမ္မာကျမ်းစာမှတ်တမ်းများသည် တိကျမှန်ကန်သောသမိုင်းဖြစ်သည်ဟု သူတို့မယုံကြည်ကြသဖြင့် ယင်းကို ဘုရားသခင့်နှုတ်ကပါဌ်တော်အဖြစ် လက်မခံငြင်းပယ်ကြပါသည်။ သို့သော် သမ္မာကျမ်းစာ၏ တိကျမှန်ကန်မှုနှင့်စပ်လျဉ်း၍ သာဓက ဒုနှင့်ဒေးရှိသည်။ ဤဒ င်္ဂါးသည် (ပုံကြီးချဲ့ဖော်ပြခြင်း) ဥပမာကောင်းတစ်ခုသာဖြစ်သည်။ ယင်းပါစာသားများက မည်သို့ဆိုသနည်း။

ဤဒ င်္ဂါးကို ယနေ့တူရကီနိုင်ငံ၏ အရှေ့တောင်ဘက်ပိုင်းရှိ တာရှုမြို့တွင် သွန်းခဲ့ပါသည်။ ဘီစီအီးစတုတ္ထရာစုတွင် ပါရှန်မြို့ဝန်မင်း မာဇအပ်စ်အုပ်စိုးချိန်အတွင်း ဤဒ င်္ဂါးကို ထုတ်လုပ်ခဲ့သည်။ ဥဖရတ်မြစ်ကိုရည်ညွှန်း၍ “မြစ်အနောက်ဘက်” ရှိပြည်နယ်၏မြို့ဝန်မင်းအဖြစ် ယင်းက သူ့အား သတ်မှတ်ထားသည်။

သို့သော် ထိုစကားများသည် အဘယ်ကြောင့်စိတ်ဝင်စားစရာဖြစ်သနည်း။ အကြောင်းမူကား၊ ထပ်တူဘွဲ့အမည်ကို သင့်ကျမ်းစာတွင် တွေ့ရှိမည်ဖြစ်သောကြောင့်တည်း။ ဧဇရ ၅:၆–၆:၁၃ တွင် ပါရှန်ဘုရင်ဒါရိနှင့် မြို့ဝန်တာတနဲတို့သည် အပြန်အလှန်စာရေးခဲ့ကြောင်း ဖတ်ရှုရမည်။ အရေးအကြောင်းမှာ ယေရုရှလင်မြို့တွင် ဂျူးများသည် သူတို့၏ဗိမာန်တော်ကို ပြန်ဆောက်လုပ်နေခြင်းဖြစ်သည်။ ဧဇရသည် ဘုရားသခင့်ပညတ္တိကျမ်းရေးသူတစ်ဦးဖြစ်၍ ရေးသမျှကို တိကျမှန်ကန်စွာ ရေးမှတ်မည်အကြောင်း စိတ်ချနိုင်ပါသည်။ ဧဇရ ၅:၆ နှင့် ၆:၁၃ တွင် တာတနဲအား “မြစ်အနောက်ဘက် မြို့ဝန်” ဟုခေါ်ဆိုထားသည်ကို သတိပြုမိမည်။

ယင်းကို ဘီစီအီး ၄၆၀ ခန့်က ဧဇရမှတ်တမ်းတင်ခဲ့သည်။ ထိုအချိန်သည် ဤဒ င်္ဂါးကို မသွန်းမီ အနှစ် ၁၀၀ ခန့်ကဖြစ်သည်။ အချို့က ရှေးခေတ်အရာရှိ၏ဘွဲ့ရာထူးသည် အသေးအမွှားကိစ္စမျှဖြစ်သည်ဟု ယူမှတ်ကြပေမည်။ သို့သော် ဤမျှအသေးအမွှားကိစ္စတွင်ပင် ကျမ်းရေးသူများကို စိတ်ချနိုင်မည်ဆိုလျှင် သူတို့ရေးသားသော အခြားအကြောင်းအရာများကို ပိုမိုယုံကြည်စိတ်ချစေမည်မဟုတ်လော။

ဤစာစောင်၏ ပထမဆောင်းပါးနှစ်ခုတွင် ယင်းသို့ယုံကြည်စိတ်ချနိုင်စရာ ထပ်ဆင့်အကြောင်းများကို သင်တွေ့ရှိလိမ့်မည်။

[Picture Credit Line on page 32]

Collection of Israel Dept. of Antiquities Exhibited & photographed Israel Museum

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ