အပိုင်း ၃ နိဒါန်း
ရေလွှမ်းမိုးပြီးနောက်ပိုင်း၊ ယေဟောဝါကို ကိုးကွယ်တဲ့ လူနည်းနည်းရဲ့ နာမည်ကိုပဲ ကျမ်းစာ ဖော်ပြတယ်။ အဲဒီထဲမှာ ယေဟောဝါရဲ့မိတ်ဆွေလို့ လူသိများတဲ့ အာဗြဟံ ပါတယ်။ သူ့ကို ယေဟောဝါရဲ့မိတ်ဆွေလို့ ဘာလို့ခေါ်တာလဲ။ မိဘဖြစ်မယ်ဆိုရင် ယေဟောဝါဟာ ကလေးကို သိပ်ချစ်တယ်၊ ကူညီပေးချင်တယ်ဆိုတာ သင်ပေးပါ။ အာဗြဟံ၊ လောတ၊ ယာကုပ်တို့လို ယေဟောဝါဆီ အချိန်မရွေး အကူအညီ တောင်းနိုင်တယ်၊ ယေဟောဝါဟာ ကတိတည်တဲ့ဘုရား ဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချစေပါ။