ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၂၇
  • ဘာသာရေး ဗန်းပြပြီး လုပ်စားနေသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာရေး ဗန်းပြပြီး လုပ်စားနေသလား
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာရေး ဗန်းပြပြီး လုပ်စားနေတာကို ဘုရားသခင် ဘယ်လို ရှုမြင်သလဲ
  • ပထမရာစု ခရစ်ယာန်တွေ ဘာသာရေး ဗန်းပြပြီး စီးပွားရေး မလုပ်ခဲ့မှန်း ဘယ်လို သိရသလဲ
  • လောဘဇော ဖုံးလွှမ်းနေတဲ့ ဘာသာတရား မကြာခင် ဘာဖြစ်သွားမလဲ
  • မှားယွင်းတဲ့ဘာသာက ဘုရားကို ဂုဏ်ဖျက်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဘာသာတရား
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၂၇
ဘာသာရေးဆရာနဲ့ စီးပွားရေးသမား, အဖိုးတန် လက်ဝတ်ရတနာတွေ ဝတ်ဆင်ထား, လက်ဆွဲနှုတ်ဆက်နေ။

ဘာသာရေး ဗန်းပြပြီး လုပ်စားနေသလား

ဘာသာအတော်များများက ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကိစ္စတွေထက် စီးပွားရှာဖို့ အလေးပေးလာတာ သတိပြုမိလား။ ဘာသာရေး အသုံးအဆောင်တွေကို ကြော်ငြာပြီး ရောင်းစားနေကြတယ်။ ဘာသာရေး ခေါင်းဆောင်တွေကလည်း လစာ ကောင်းကောင်းယူပြီး စည်းစိမ်ယစ်နေကြတယ်။ အထောက်အထားတချို့ကို သုံးသပ်ကြည့်ရအောင်။

  • ခရစ်ယာန် ဘုန်းကြီးတစ်ပါးနဲ့ပတ်သက်ပြီး သိရတာက သူ့ရဲ့ လုပ်သက် ၁၃ နှစ်ကျော်မှာ ဘုရားကျောင်း အလှူငွေတွေကို သုံးပြီး အထူးလေယာဉ်တွေနဲ့ ခရီးထွက်တာ အကြိမ်ပေါင်း ၁၅၀ နီးပါး ရှိတယ်။ ဇိမ်ခံ မှန်လုံကားပေါင်း ၂၀၀ လောက် စီးခဲ့တယ်။ သူနေတဲ့ ဘုရားကျောင်းထဲက အိမ်ကို ပြုပြင်မွမ်းမံဖို့ အလှူငွေ ဒေါ်လာ လေးသန်းကျော်ကို အသုံးပြုခဲ့တယ်။

  • အာဖရိကတစ်နိုင်ငံမှာ ရှိတဲ့ တရားဟောဆရာက ဘာသာရေးပွဲတွေကို လူပေါင်းတစ်သောင်းနဲ့ အမြဲ ကျင်းပတယ်။ ဘုရားကျောင်းခြံဝန်းထဲမှာ ဘာသာရေး အသုံးအဆောင် အမျိုးမျိုး ရောင်းချတယ်။ အံ့ဖွယ်ဆီလို့ ခေါ်တဲ့အရာတွေ၊ သူ့ရုပ်ပုံ ပါတဲ့ ပုဝါတွေနဲ့ တီရှပ်တွေကိုလည်း ရောင်းတယ်။ တက်ရောက်သူ အများစုက ဆင်းရဲမွဲတေကြပေမဲ့ သူကတော့ ကျိကျိတက် ချမ်းသာနေတယ်။

  • တရုတ်နိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ တောင် ၄ လုံး ရှိတယ်။ တောင် ၂ လုံးကို အများပြည်သူပိုင် ကုမ္ပဏီတွေက တာဝန်ယူထားတယ်။ နာမည်ကြီး ရှောင်လင်ဘုရားကျောင်းကို စီးပွားရေး စီမံကိန်းတွေထဲမှာ ထည့်ထားတယ်။ အဲဒီဘုရားကျောင်းရဲ့ ကျောင်းထိုင်ကို CEO ဘုန်းကြီးလို့တောင် ခေါ်ကြတယ်။

  • ဘာသာရေး ဘိုးတော်တွေက အမေရိကန် စီးပွားရေးမှာ ပါဝင်ပတ်သက်လာကြပြီ။ ဘာသာရေး ဓလေ့ထုံးစံကို မြင့်မြတ်တဲ့ အခမ်းအနားအဖြစ် အသွင်ပြောင်းပြီး ဝတ်ပြုရေး အသုံးအဆောင်တွေ ပြုလုပ်ရောင်းချနေကြတယ်။

ဘာသာရေးကို ဗန်းပြပြီး လုပ်စားနေတာကို သင် ဘယ်လို ယူမှတ်သလဲ။ ဘုရားသခင်ကော ဘယ်လို ရှုမြင်မလဲ။

ဘာသာရေး ဗန်းပြပြီး လုပ်စားနေတာကို ဘုရားသခင် ဘယ်လို ရှုမြင်သလဲ

ဘုရားသခင် မကြိုက်ပါဘူး။ ရှေးခေတ်က အစ္စရေး ပုရောဟိတ်တွေ “အခကြေးငွေ ရဖို့ပဲ” သွန်သင်ပေးနေတာကို ဘုရားသခင် ရွံမုန်းတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (မိက္ခာ ၃:၁၁) ဝတ်ပြုရာ အိမ်တော်ကို “ဓားပြခိုအောင်းတဲ့ နေရာ” ပုံစံ ဖြစ်အောင် လုပ်ပြီး မတရား စီးပွားရှာစားနေတာကိုလည်း ပြစ်တင်ခဲ့တယ်။—ယေရမိ ၇:၁၁။

ဘာသာရေး ဗန်းပြပြီး လုပ်စားနေတဲ့သူတွေကို ဘုရားသခင် သည်းခံမှာ မဟုတ်ဘူးလို့ ယေရှု ပြောခဲ့တယ်။ မြေကြီးပေါ် ယေရှု ရှိတုန်းမှာ ဘာသာရေး ခေါင်းဆောင်တွေက လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေကို ဂျေရုဆလင် ဗိမာန်တော်မှာ ရောင်းဝယ်ခွင့်ပြုခဲ့တယ်။ စိတ်ရင်းမှန်နဲ့ ဝတ်ပြုဖို့ ရောက်လာတဲ့သူတွေဆီကနေ သူတို့ မတရား ခေါင်းပုံဖြတ်ခဲ့ကြတယ်။ “ကျွန်တော့်အဖရဲ့ အိမ်တော်မှာ အရောင်းအဝယ် မလုပ်ကြနဲ့” လို့ ယေရှု သတ္တိရှိရှိ ပြောပြီး ကလိမ်ကညစ် စီးပွားရေးသမားတွေကို ဗိမာန်တော်ကနေ မောင်းထုတ်ခဲ့တယ်။—ယောဟန် ၂:၁၄-၁၆။

ယေရှုရဲ့ ပြုမူပြောဆိုမှုတွေမှာလည်း အဖဘုရားရဲ့ စိတ်သဘောထား ပေါ်လွင်တယ်။ (ယောဟန် ၈:၂၈၊ ၂၉) လူတွေကို ဘုရားသခင်အကြောင်း ယေရှု အခမဲ့ သင်ပေးခဲ့တယ်။ အံ့ဖွယ်နည်းနဲ့ ဆာငတ်သူတွေကို ကျွေးမွေးတဲ့အခါ၊ ဖျားနာသူတွေကို ကုသပေးတဲ့အခါ၊ သေလွန်သူတွေကို အသက်ပြန်ရှင်စေတဲ့အခါမှာလည်း အခကြေးငွေ မယူခဲ့ဘူး။ ဘာသာရေး ဗန်းပြပြီး မလုပ်စားခဲ့တဲ့အတွက် ကိုယ်ပိုင်နေစရာအိမ်တောင် မရှိခဲ့ပါဘူး။—လုကာ ၉:၅၈။

ပထမရာစု ခရစ်ယာန်တွေ ဘာသာရေး ဗန်းပြပြီး စီးပွားရေး မလုပ်ခဲ့မှန်း ဘယ်လို သိရသလဲ

ဘာသာရေး ဗန်းပြပြီး မလုပ်စားဖို့ တပည့်တွေကို ယေရှု မိန့်မှာခဲ့တယ်။ “အခမဲ့ ရထားတဲ့အတွက် အခမဲ့ ပေးကမ်းကြပါ” လို့လည်း ပြောခဲ့တယ်။ (မဿဲ ၁၀:၈) အစောပိုင်း ခရစ်ယာန်တွေက ယေရှုရဲ့ မိန့်မှာချက်တွေကို လိုက်နာခဲ့ကြတယ်။ အထောက်အထားတချို့ကို ကြည့်ရအောင်။

  • ယေရှုနဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ တမန်တော် ပေတရုဆီ ရှိမုန်ဆိုသူက ချဉ်းကပ်ပြီး အခွင့်အာဏာနဲ့ တန်ခိုးကို ငွေနဲ့ ဝယ်ယူဖို့ ကြိုးစားခဲ့တယ်။ ရှိမုန်ရဲ့ ငွေကို ပေတရု ချက်ချင်း ငြင်းပယ်ပြီး ဒီလိုဆုံးမခဲ့တယ်– “ဘုရားသခင် ပေးတဲ့ ဆုလက်ဆောင်ကို ငွေနဲ့ ဝယ်လို့ ရမယ် ထင်နေတာကိုး။ ဒါကြောင့် ခင်ဗျားရော ငွေပါ ပျက်စီးပါစေ။”—တမန်တော် ၈:၁၈-၂၀။

  • တမန်တော် ပေါလုဟာ နယ်လှည့်အမှုဆောင်အဖြစ် နာမည်ရထားသူ ဖြစ်တယ်။ ခရစ်ယာန် အသင်းတော်တွေမှာ နှစ်ပေါင်းများစွာ ကြိုးစားလုပ်ဆောင်ခဲ့ပေမဲ့လည်း အဲဒီအတွက် အခကြေးငွေ မယူခဲ့ဘူး။ ပေါလုနဲ့အတူ လုပ်ဖော်ဆောင်ဖက် ခရစ်ယာန်တွေဟာ “ဘုရားသခင်ရဲ့ တရားစကားကို အများတကာလို လှည့်လည်ရောင်းချသူတွေ မဟုတ်ဘူး။” (၂ ကောရိန္သု ၂:၁၇) “ဘုရားသခင်ရဲ့ သတင်းကောင်းကို ဟောပြောတုန်းက ဘယ်သူ့ကိုမှ ဝန်မပိစေချင်လို့ နေ့နေ့ညည အလုပ်လုပ်ခဲ့တယ်” လို့ ပေါလု ပြောခဲ့တယ်။—၁ သက်သာလောနိတ် ၂:၉။

အစောပိုင်း ခရစ်ယာန်တွေက ဟောပြောခြင်းလုပ်ငန်း၊ ပရဟိတလုပ်ငန်း တိုးချဲ့ဖို့ ငွေကြေး လိုအပ်ခဲ့တာမှန်ပေမဲ့ ဘာသာရေးကို ဗန်းပြပြီး တစ်ခါမှ ငွေမကောက်ခံခဲ့ဘူး။ အောက်ပါကျမ်းချက်တွေနဲ့အညီ လှူဒါန်းတာကိုတော့ လက်ခံပေးတယ်။

  • ၂ ကောရိန္သု ၈:၁၂။ “စေတနာစိတ်နဲ့ ပေးလှူတာကို ဘုရားသခင် နှစ်သက်တယ်။ မတတ်နိုင်တာကို မဟုတ်ဘဲ တတ်နိုင်တာကို ပေးလှူဖို့ ဘုရားသခင် မျှော်လင့်တယ်။”

    အဓိပ္ပာယ်။ ဘယ်လောက် ပေးလှူတာထက် ဘယ်လို စိတ်ရင်းနဲ့ ပေးလှူတာလဲဆိုတာက ပိုအရေးကြီးတယ်။

  • ၂ ကောရိန္သု ၉:၇။ “လူတိုင်း စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း လှူဒါန်းကြပါ။ နှမြောတဲ့စိတ်၊ မလှူမနေရ ဆိုတဲ့ စိတ်နဲ့ မလှူပါစေနဲ့။ စေတနာစိတ်နဲ့ လှူဒါန်းတဲ့သူကိုပဲ ဘုရားသခင် ချစ်မြတ်နိုးတယ်။”

    အဓိပ္ပာယ်။ အတင်းအကြပ် ပေးလှူခိုင်းတဲ့ အလှူမျိုးကို ဘုရားသခင် လက်မခံဘူး။ ကိုယ့်စိတ်ဆန္ဒအလျောက် ပေးလှူတာမျိုးကိုပဲ နှစ်သက်တယ်။

လောဘဇော ဖုံးလွှမ်းနေတဲ့ ဘာသာတရား မကြာခင် ဘာဖြစ်သွားမလဲ

ဘာသာတရားအားလုံးကို ဒါမှမဟုတ် ဝတ်ပြုမှုပုံစံအမျိုးမျိုးကို ဘုရားသခင် လက်မခံဘူးဆိုတာ ကျမ်းစာမှာ အတိအကျ ဖော်ပြထားတယ်။ (မဿဲ ၇:၂၁-၂၃) ကျမ်းစာပရောဖက်ပြုချက်တစ်ခုမှာ မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းအားလုံးကို ပြည့်တန်ဆာနဲ့ ခိုင်းနှိုင်းထားတယ်။ သူတို့က ဘာသာရေးကို ဗန်းပြပြီး လုပ်စားဖို့၊ နိုင်ငံအသီးသီးမှာရှိတဲ့ လူတွေကို ခေါင်းပုံဖြတ်ဖို့ အစိုးရတွေနဲ့ မိတ်ဖွဲ့ထားကြတယ်။ (ဗျာဒိတ် ၁၇:၁-၃။ ၁၈:၃) မှားယွင်းတဲ့ ဘာသာရေးကို မကြာခင် ဘုရားသခင် တရားစီရင်တော့မယ်လို့လည်း ကျမ်းစာမှာ ကြိုဟောထားတယ်။—ဗျာဒိတ် ၁၇:၁၅-၁၇။ ၁၈:၇။

အခုချိန်မှာလည်း၊ မှားယွင်းတဲ့ ဘာသာရေး လုပ်ရပ်တွေနဲ့ လူတွေကို လှည်းစားနေတာ၊ ဘုရားသခင်နဲ့ ဝေးကွာသွားအောင် လုပ်နေတာတွေကို လက်မခံဘူး။ (မဿဲ ၂၄:၁၁၊ ၁၂) ဒါကြောင့် ဘုရားသခင်က စိတ်ရင်းမှန်သူတွေ မှားယွင်းတဲ့ ဘာသာတရားကနေ ထွက်လာပြီး မိမိ နှစ်သက်လက်ခံနိုင်တဲ့ နည်းနဲ့ ဝတ်ပြုကိုးကွယ်စေချင်တယ်။—၂ ကောရိန္သု ၆:၁၆၊ ၁၇။

ယေဟောဝါသက်သေတွေက ဝတ်ပြုရေးနဲ့ စီးပွားရေးကို ဘယ်လိုခွဲခြားထားသလဲ

ယေဟောဝါသက်သေတွေက စာအုပ်စာပေတွေ၊ ကျမ်းစာသွန်သင်ချက်တွေအတွက် အခကြေးငွေ မကောက်ခံဘူး။ ဆယ်ဖို့တစ်ဖို့ ယူတာ၊ အလှူငွေ ကောက်ခံတာတွေလည်း မလုပ်ပါဘူး။ စေတနာနဲ့ လှူဒါန်းမှုတွေကိုတော့ လက်ခံပါတယ်။ (မဿဲ ၆:၂၊ ၃) အောက်ပါဆောင်းပါးတွေမှာ အဲဒီအကြောင်းကို အသေးစိတ် ဖော်ပြထားတယ်။

  • “ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်း ဘယ်ကငွေနဲ့ လည်ပတ်နေသလဲ”

  • “အလှူငွေတွေကို ယေဟောဝါသက်သေတွေ ဘယ်လို အသုံးပြုသလဲ”

တွမ်။

ဘာသာတရားကို အယုံအကြည် မရှိပေမဲ့ ဘုရားသခင်အကြောင်း သိချင်သူတွေက ယေဟောဝါသက်သေတွေဟာ တခြားဘာသာရေးအဖွဲ့တွေနဲ့ မတူဘူးဆိုတာ သိထားကြတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး ဘာသာရေးဆရာ ဖြစ်ချင်ခဲ့တဲ့ တွမ်အကြောင်း လေ့လာကြည့်ပါ။ ဘာသာတရားမှာ သူ မြင်တွေ့ခဲ့ရာတွေကြောင့် တဖြည်းဖြည်း စိတ်ကုန်လာတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာချိန်မှာ သူ ဘယ်လို ပြောင်းလဲသွားလဲဆိုတာ ဗီဒီယိုကို ကြည့်ရအောင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ