ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၂၈
  • ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့ရာကို ကျေးဇူးတင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့ရာကို ကျေးဇူးတင်ပါ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • သခင့်ညစာစားပွဲကို ဘာကြောင့် ကျင်းပသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သခင့်ညစာစားပွဲကို အဘယ်ကြောင့် ကျင်းပကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ရိုးရှင်းတဲ့ ညစာစားပွဲက ကောင်းကင်ဘုရင်အကြောင်း ဘာသင်ပေးသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • အောက်မေ့ရာပွဲကို ဘာကြောင့် တက်သင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၂၈
သင်ခန်းစာ ၂၈။ သခင့်ညစာစားပွဲမှာ တဆေးမဲ့မုန့်ကို လက်ဆင့်ကမ်းနေ။

သင်ခန်းစာ ၂၈

ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့ရာကို ကျေးဇူးတင်ပါ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

သူငယ်ချင်းတစ်ယောက်က လက်ဆောင်လှလှလေးတစ်ခု လာပေးရင် ဘယ်လို ခံစားရသလဲ။ တအားပျော်ပြီး သိပ်ကျေးဇူးတင်ကြောင်း သိစေချင်မှာပဲ။ ယေဟောဝါနဲ့ ယေရှုက ကျွန်တော်တို့ကို အကောင်းတကာ့ အကောင်းဆုံး လက်ဆောင်ပေးခဲ့တယ်။ ဘာလက်ဆောင်လဲ။ ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။

၁။ ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့ရာကို ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့နည်းက ဘာလဲ။

“[ယေရှု]ကို ယုံကြည်သက်ဝင်သူတိုင်း” ထာဝရအသက် ရနိုင်တယ်လို့ ကျမ်းစာမှာ ကတိပေးတယ်။ (ယောဟန် ၃:၁၆) ယုံကြည်သက်ဝင်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ယေရှုကို ယုံကြည်ရုံလောက်ပဲ မဟုတ်ဘူး။ ယုံကြည်ကြောင်း ကျွန်တော်တို့ရဲ့ ရွေးချယ်မှု၊ လုပ်ဆောင်မှုတွေမှာ ပေါ်လွင်နေရမယ်။ (ယာကုပ် ၂:၁၇) ယုံကြည်ကြောင်း အပြော၊ အလုပ်နဲ့ပြတဲ့အခါ ယေရှုနဲ့ရော ယေဟောဝါနဲ့ပါ ပိုရင်းနှီးလာမယ်။​—ယောဟန် ၁၄:၂၁ ကို ဖတ်ပါ။

၂။ ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့ရာကို ကျေးဇူးတင်ကြောင်း ဘယ်အခါသမယမှာ ပြနိုင်သလဲ။

မသေဆုံးခင်ညမှာ ယေရှုက မိမိရဲ့ပူဇော်သက္ကာကို ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ နောက်တစ်နည်းအကြောင်း နောက်လိုက်တွေကို ပြောခဲ့တယ်။ “သခင့်ညစာစားပွဲ” လို့ ကျမ်းစာမှာခေါ်တဲ့ ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲကို အစပြုကျင်းပပေးတယ်။ (၁ ကောရိန္သု ၁၁:၂၀) ယေရှုက လူတွေအတွက် အသက်ပေးခဲ့မှန်း တမန်တော်တွေနဲ့ ခရစ်ယာန်စစ်အားလုံးကို အမှတ်ရစေချင်လို့ ဒီပွဲကို ကိုယ်တိုင် အစပြုကျင်းပပေးတယ်။ ပြီးတော့ “ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ကြပါ” လို့ မိန့်မှာတယ်။ (လုကာ ၂၂:၁၉) အောက်မေ့ရာပွဲ တက်တဲ့အခါ ယေဟောဝါနဲ့ ယေရှုရဲ့ ကြီးမားလှတဲ့မေတ္တာကို ကျေးဇူးတင်ကြောင်း ပြရာရောက်တယ်။

ရှာဖွေလေ တွေ့ရှိလေ

ယေဟောဝါနဲ့ ယေရှုရဲ့ ကြီးမားလှတဲ့မေတ္တာကို ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့နည်းတွေကို လေ့လာပါ။ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲ အရေးကြီးပုံကို သုံးသပ်ပါ။

၃။ ကျေးဇူးတင်ကြောင်း လက်တွေ့ပြနိုင်ပုံ

ကိုယ်ရေနစ်နေတုန်း တစ်ယောက်ယောက် လာကယ်တယ် ဆိုပါစို့။ သူ့ကျေးဇူးကို မေ့ပစ်လိုက်မလား။ ဒါမှမဟုတ် သူ့ကို ကျေးဇူးတင်ကြောင်း ပြနိုင်မယ့်နည်းတွေကို ရှာမလား။

ယေဟောဝါကြောင့် ကျွန်တော်တို့ အသက်ရှင်ခွင့်ရကြတယ်။ ၁ ယောဟန် ၄:၈-၁၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေရှုရဲ့ ပူဇော်သက္ကာဟာ အကောင်းဆုံး လက်ဆောင်လို့ ဘာကြောင့် ပြောနိုင်သလဲ။

  • ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့တာတွေအတွက် သင် ဘယ်လို ခံစားရသလဲ။

ကျွန်တော်တို့အတွက် ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့ရာကို ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။ ၂ ကောရိန္သု ၅:၁၅။ ၁ ယောဟန် ၄:၁၁။ ၅:၃ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်အရ ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။

၄။ ယေရှုကို အတုယူပါ

ယေရှုကို အတုယူခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ပြနိုင်ပါတယ်။ ၁ ပေတရု ၂:၂၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဘယ်နည်းတွေနဲ့ ယေရှုခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်နိုင်သလဲ။

ယေရှုက ကျမ်းလိပ်ကို ဖတ်နေ။ ယေရှုက ရေတွင်းနားမှာ ရှမာရိအမျိုးသမီးကို စကားပြောနေ။ ယေရှုက ဖျားနာသူကို ကုပေးနေ။

ယေရှုက ဘုရားရဲ့တရားစကားကို ချစ်မြတ်နိုးတယ်၊ သတင်းကောင်း ဟောတယ်၊ လူတွေကို ကူညီတယ်

၅။ ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲကို တက်ပါ

ပထမဆုံး သခင့်ညစာစားပွဲမှာ ဘာတွေ လုပ်ဆောင်ခဲ့သလဲ သိနိုင်ဖို့ လုကာ ၂၂:၁၄၊ ၁၉၊ ၂၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • သခင့်ညစာစားပွဲမှာ ဘာတွေ လုပ်ဆောင်သလဲ။

  • မုန့်နဲ့ ဝိုင်က ဘာကို ကိုယ်စားပြုသလဲ။​—အခန်းငယ် ၁၉၊ ၂၀ ကို ကြည့်ပါ။

ယေရှုက မိမိသေဆုံးတဲ့နေ့ ရောက်တိုင်း တစ်နှစ်မှာ တစ်ကြိမ် သခင့်ညစာစားပွဲ ကျင်းပစေချင်တယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေဟာ ယေရှုရဲ့ သေခြင်းကို အမှတ်ရဖို့ နှစ်စဉ် စုဝေးကြတယ်။ အရေးကြီးတဲ့ ဒီစုဝေးမှုအကြောင်း သိဖို့ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ လူအားလုံးနဲ့ဆိုင်တဲ့ ယေရှုရဲ့ သေခြင်း (၁:၄၁)

‘လူအားလုံးနဲ့ဆိုင်တဲ့ ယေရှုရဲ့သေခြင်း’ ဗီဒီယိုထဲကပြကွက်။ သခင့်ညစာစားပွဲအတွက် ယေဟောဝါသက်သေတွေ စုဆုံနေ။
  • အောက်မေ့ရာပွဲမှာ ဘာတွေ လုပ်ကြသလဲ။

တဆေးမဲ့မုန့်နဲ့ ဝိုင်။

မုန့်နဲ့ ဝိုင်ဟာ အထိမ်းအမှတ်တွေ ဖြစ်တယ်။ မုန့်က ကျွန်တော်တို့အတွက် စွန့်လွှတ် ခဲ့တဲ့ ယေရှုရဲ့ စုံလင်တဲ့ ကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်။ ဝိုင်က ယေရှုရဲ့ သွေးကို ကိုယ်စားပြုတယ်

သခင့်ညစာစားပွဲမှာ ဝိုင်ခွက် ကမ်းပေးနေ။

လူတချို့ အဆို။ “ယေရှုကို ယုံကြည်ရင် ကယ်တင်ခြင်း ရပြီ။”

  • ယုံကြည်ရုံထက်မက လိုအပ်ကြောင်း ယောဟန် ၃:၁၆ နဲ့ ယာကုပ် ၂:၁၇ ကိုသုံးပြီး ဘယ်လို ရှင်းပြမလဲ။

အနှစ်ချုပ်

ယေရှုကို ယုံကြည်သက်ဝင်ခြင်း၊ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲ တက်ခြင်းအားဖြင့် ကျွန်တော်တို့အတွက် လုပ်ပေးခဲ့ရာကို ကျေးဇူးတင်ကြောင်း ပြကြတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယေရှုကို ယုံကြည်သက်ဝင်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

  • သင့်အတွက် ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့ရာကို ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။

  • ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲ တက်ဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ခရစ်တော်ရဲ့သေခြင်းက ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။

ယေဟောဝါကို ဂုဏ်တင်ဖို့ သူ့ကိုယ်ခန္ဓာကို အသုံးပြုခဲ့ (၉:၂၈)

ယုံကြည်ခြင်း၊ ယုံကြည်ကြောင်း ပြနိုင်ပုံအကြောင်း ထပ်လေ့လာပါ။

“ယေဟောဝါရဲ့ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ” (ကင်းမျှော်စင်၊ အောက်တိုဘာ ၂၀၁၆)

ခရစ်တော်ရဲ့ ပူဇော်သက္ကာအကြောင်း သိလာလို့ ပြောင်းလဲသွားပုံကို ‘ကျွန်မဘဝ ပြန်သန့်ရှင်းသွားပြီး ပျော်မွေ့နေပါပြီ’ ဆောင်းပါးမှာ ဖတ်ပါ။

“ကျမ်းစာက အသက်တာတွေကို ပြောင်းလဲပေးနိုင်” (ကင်းမျှော်စင်၊ ဩဂုတ် ၁ ၂၀၁၁)

အောက်မေ့ရာပွဲမှာ ဘာကြောင့် လူအနည်းငယ်ပဲ သုံးဆောင်သလဲ။

‘ယေဟောဝါသက်သေတွေ သခင့်ညစာစားပွဲ ကျင်းပပုံနဲ့ တခြားဘာသာတွေ ကျင်းပပုံ ဘာကြောင့် မတူတာလဲ’ (ဝက်ဘ်ဆိုက် ဆောင်းပါး)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ