ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဩဂုတ် စာ. ၂၆-၂၈
  • ယုံကြည်ခြင်း—ခွန်အားရှိစေတဲ့ အရည်အသွေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယုံကြည်ခြင်း—ခွန်အားရှိစေတဲ့ အရည်အသွေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်ခြင်းဆိုတာ ဘာလဲ
  • မှန်ကန်တဲ့ စိတ်ထား လိုအပ်
  • ဒါဝိဒ် ယုံကြည်ခြင်း ခိုင်ခံ့လာပုံ
  • ယုံကြည်ခြင်း ခိုင်ခံ့စေနိုင်ပုံ
  • ယေရှုကို ယုံကြည်ပါ
  • “အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက်”
  • ယေဟောဝါရဲ့ ​ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • “ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သမ္မာတရားတွင်အခြေခံသော ယုံကြည်ခြင်းကို ကျင့်သုံးလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သတင်းကောင်းကို သင် အမှန်တကယ်ယုံကြည်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဩဂုတ် စာ. ၂၆-၂၈

ယုံကြည်ခြင်း ခွန်အားရှိစေတဲ့ အရည်အသွေး

  • ချစ်ခြင်း

  • ဝမ်းမြောက်ခြင်း

  • ငြိမ်သက်ခြင်း

  • စိတ်ရှည်ခြင်း

  • ကြင်နာခြင်း

  • ကောင်းမြတ်ခြင်း

  • ယုံကြည်ခြင်း

  • နူးညံ့သိမ်မွေ့ခြင်း

  • ချုပ်တည်းခြင်း

ယုံကြည်ခြင်းဟာ အလွန် အစွမ်းထက်တယ်။ ဥပမာ၊ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ပျက်စီးစေဖို့ စာတန် ကြိုးစားပေမဲ့ ယုံကြည်ခြင်းက “ဆိုးညစ်သူပစ်ခတ်တဲ့ မီးမြားတွေကို ငြိမ်းသတ်နိုင်” တယ်။ (ဧ. ၆:၁၆) တောင်လို ကြီးမားတဲ့ ပြဿနာတွေကို ခံရပ်စေနိုင်တယ်။ ယေရှုက “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းသာ မုန်ညင်းစေ့လောက် ရှိခဲ့ရင် ဒီတောင်ကို ‘ဟိုဘက်ကို ရွှေ့’ လို့ပြောရင် ရွှေ့မှာပဲ” လို့ တပည့်တွေကို ပြောတယ်။ (မ. ၁၇:၂၀) ယုံကြည်ခြင်းက ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိစေတယ်။ ဒါကြောင့် ယုံကြည်ခြင်းဆိုတာ ဘာလဲ၊ ယုံကြည်ခြင်းက ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားအပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ၊ ယုံကြည်ခြင်းကို ဘယ်လို ခိုင်မာစေနိုင်သလဲ၊ ဘယ်သူ့ကို ယုံကြည်သင့်သလဲ ဆိုတဲ့ မေးခွန်းတွေကို သုံးသပ်ကြည့်ကြစို့။—ရော. ၄:၃။

ယုံကြည်ခြင်းဆိုတာ ဘာလဲ

ယုံကြည်ခြင်းဆိုတာ ကျမ်းစာပြောတာကို ယုံတယ်ဆိုရုံလောက်ပဲ မဟုတ်ဘူး။ “[ဘုရားသခင် ရှိတယ်ဆိုတာ] နတ်ဆိုးတွေတောင် ယုံလို့ ဖိမ့်ဖိမ့်တုန်နေကြတာ။” (ယာ. ၂:၁၉) ဒါဆိုရင် ယုံကြည်ခြင်းဆိုတာ ဘာလဲ။

အာကာသကနေ မြင်ရတဲ့ ကမ္ဘာမြေ

နေ့နဲ့ည အမြဲရှိမယ်ဆိုတာ ယုံကြည်စိတ်ချသလို ဘုရားစကားတွေ အမြဲပြည့်စုံလာမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချ

ယုံကြည်ခြင်းမှာ ကဏ္ဍနှစ်ခု ပါဝင်တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ ပထမ၊ “ယုံကြည်ခြင်းဆိုတာ မျှော်လင့်တဲ့အရာတွေကို စိတ်ချစွာ စောင့်မျှော်နေတာ” ဖြစ်တယ်။ (ဟီ. ၁၁:၁) ယုံကြည်ခြင်းရှိရင် ယေဟောဝါ ပြောသမျှ မှန်တယ်၊ ပြည့်စုံလာမယ်ဆိုတာ အခိုင်အမာ ယုံကြည်တယ်။ ဥပမာ၊ အစ္စရေးတွေကို ယေဟောဝါ ဒီလိုပြောတယ်– ‘ငါပြဋ္ဌာန်းထားတဲ့ နေ့ပဋိညာဉ်နဲ့ ညပဋိညာဉ်ကို မင်းတို့ချိုးဖျက်ပြီး နေ့တွေညတွေ သူ့အချိန်နဲ့သူ ရောက်မလာအောင် တားဆီးနိုင်မှပဲ ငါ့ကျွန်ဒါဝိဒ်နဲ့ ဖွဲ့ထားတဲ့ ပဋိညာဉ် ပျက်ပြယ်နိုင်လိမ့်မယ်။’ (ယေ. ၃၃:၂၀၊ ၂၁) နေမထွက်မှာ၊ နေမဝင်မှာကို သင် စိုးရိမ်ဖူးသလား။ ကမ္ဘာဟာ မိမိဝင်ရိုးပေါ် လည်ပြီး နေကို လှည့်ပတ်နိုင်အောင် နိယာမတရားတွေက ထိန်းချုပ်ထားမှန်း သင် သံသယဝင်မှာ မဟုတ်ဘူး။ ဒါဆိုရင် ဒီနိယာမတရားတွေရဲ့ ဖန်ဆင်းရှင်ဟာ မိမိရဲ့ကတိတွေကို ပြည့်စုံစေနိုင်ကြောင်း ကျွန်တော်တို့ သံသယမဝင်သင့်ဘူး။—ဟေရှာ. ၅၅:၁၀၊ ၁၁။ မ. ၅:၁၈။

ဒုတိယ၊ ယုံကြည်ခြင်းဟာ “ကိုယ်ယုံကြည်တဲ့အရာကို မမြင်ရပေမဲ့ အမှန်တကယ် ရှိတယ်လို့ စိတ်ချနေတာ ဖြစ်တယ်။” (ဟီ. ၁၁:၁) မျက်စိနဲ့ မမြင်ရပေမဲ့ တကယ်ရှိနေတယ်လို့ ယုံကြည်စိတ်ချတဲ့ အရာတစ်ခုက ဘာလဲ။ ကလေးတစ်ယောက်က သင့်ကို ‘လေရှိတယ်ဆိုတာ ဘယ်လို သိလဲ’ လို့ မေးတယ် ဆိုပါစို့။ လေကို တစ်ခါမှ မမြင်ဖူးပေမဲ့ အသက်ရှူတာ၊ လေတိုက်တာ စတဲ့ လေရှိကြောင်း အထောက်အထားတွေကို စဉ်းစားဖို့ သင် ပြောပြမှာပဲ။ အထောက်အထားတွေကို ကလေး ယုံသွားတဲ့အခါ မမြင်နိုင်တဲ့အရာတွေကို ယုံကြည်လို့ ရမှန်း သိလာတယ်။ အလားတူပဲ ယုံကြည်ခြင်းဆိုတာ ခိုင်လုံတဲ့ အထောက်အထားတွေအပေါ် အခြေခံတယ်။—ရော. ၁:၂၀။

မှန်ကန်တဲ့ စိတ်ထား လိုအပ်

ယုံကြည်ခြင်းက အထောက်အထားတွေအပေါ် အခြေခံတဲ့အတွက် ယုံကြည်ခြင်း ရှိဖို့ ဦးဆုံး “အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိ” ရမယ်။ (၁ တိ. ၂:၄) ဒါပေမဲ့ သိရုံနဲ့ မလုံလောက်သေးဘူး။ “စိတ်ထဲမှာ ယုံကြည်” ရမယ်လို့ တမန်တော် ပေါလု ရေးတယ်။ (ရော. ၁၀:၁၀) လူတစ်ယောက်ဟာ အမှန်တရားကို ယုံကြည်ရုံသာမက တန်ဖိုးထားရမယ်။ ဒါမှ ယုံကြည်ကြောင်း ပြဖို့၊ အမှန်တရားနဲ့အညီ အသက်ရှင်ဖို့ လှုံ့ဆော်ခံရမယ်။ (ယာ. ၂:၂၀) အမှန်တရားကို မလေးမြတ်သူဟာ အထောက်အထားတွေကို ငြင်းပယ်ပြီး ရှိရင်းစွဲ အယူအဆတွေကို ခေါင်းမာမာနဲ့ ကိုင်စွဲထားတယ်။ ဆင်ခြေပေးပြီး ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တယ်။ (၂ ပေ. ၃:၃၊ ၄။ ယု. ၁၈) ဒါကြောင့် ကျမ်းစာခေတ်တုန်းက အံ့ဖွယ်အမှုတွေ မြင်ရသူအားလုံး ယုံကြည်ခြင်း ရှိလာတာ မဟုတ်ဘူး။ (တော. ၁၄:၁၁။ ယော. ၁၂:၃၇) ဘုရားသခင့် စွမ်းအားတော်က အမှန်တရား မြတ်နိုးသူတွေကိုသာ ယုံကြည်ခြင်း ရှိလာအောင် ကူညီပေးတယ်။—ဂလ. ၅:၂၂။ ၂ သက်. ၂:၁၀၊ ၁၁။

ဒါဝိဒ် ယုံကြည်ခြင်း ခိုင်ခံ့လာပုံ

ဘုရင် ဒါဝိဒ်ဟာ ယုံကြည်ခြင်း ခိုင်ခံ့သူ ဖြစ်တယ်။ (ဟီ. ၁၁:၃၂၊ ၃၃) ဒါပေမဲ့ ဒါဝိဒ်ရဲ့ မိသားစုဝင်အားလုံးတော့ ယုံကြည်ခြင်း ခိုင်ခံ့တာ မဟုတ်ဘူး။ ဥပမာ၊ တစ်ကြိမ်မှာ ဒါဝိဒ်ရဲ့ အစ်ကိုအကြီးဆုံး ဧလျာဘဟာ ယုံကြည်ခြင်း မရှိကြောင်း ပြခဲ့တယ်။ ဂေါလျတ်ရဲ့ စိန်ခေါ်ချက်ကြောင့် ဒါဝိဒ် မခံချိမခံသာ ဖြစ်နေတာကို ပြစ်တင်ပြောဆိုခဲ့တယ်။ (၁ ရှ. ၁၇:၂၆-၂၈) ယုံကြည်ခြင်းဆိုတာ မွေးရာပါ မဟုတ်သလို မိဘရဲ့ အမွေလည်း မဟုတ်ဘူး။ ဒါဝိဒ်ဟာ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလို့သာ ယုံကြည်ခြင်း ရှိလာတာဖြစ်တယ်။

မိမိရဲ့ ယုံကြည်ခြင်း ဘယ်လို ခိုင်ခံ့လာကြောင်း ဆာလံ ၂၇ မှာ ဒါဝိဒ် ပြောတယ်။ (အခန်းငယ် ၁) အရင်က အတွေ့အကြုံတွေ၊ ရန်သူတွေအပေါ် ယေဟောဝါ အရေးယူခဲ့ပုံတွေကို ဒါဝိဒ် တွေးတောဆင်ခြင်တယ်။ (အခန်းငယ် ၂၊ ၃) ဝတ်ပြုရေး အစီအစဉ်ကို အလွန် တန်ဖိုးထားလေးမြတ်တယ်။ (အခန်းငယ် ၄) တဲတော်မှာ ယုံကြည်သူချင်းတွေနဲ့အတူ ဘုရားကို ဝတ်ပြုတယ်။ (အခန်းငယ် ၆) ယေဟောဝါဆီ ထက်သန်စွာ ဆုတောင်းတယ်။ (အခန်းငယ် ၇၊ ၈) ဘုရားလမ်းစဉ်အကြောင်း သင်ယူလိုစိတ် ရှိတယ်။ (အခန်းငယ် ၁၁) ယုံကြည်ခြင်းဟာ ဒါဝိဒ်အတွက် အလွန် အရေးကြီးလို့ “ယုံကြည်ချက်သာ မရှိခဲ့ရင် ကျွန်တော် ဘယ်ဆီကိုများ ရောက်နေမလဲ” ဆိုပြီး မေးခဲ့တယ်။—အခန်းငယ် ၁၃။

ယုံကြည်ခြင်း ခိုင်ခံ့စေနိုင်ပုံ

ဆာလံ ၂၇ မှာပါတဲ့ သဘောထားနဲ့ လုပ်ဆောင်မှုတွေကို တုပမယ်ဆိုရင် ဒါဝိဒ်လို ယုံကြည်ခြင်းမျိုး ရှိလာနိုင်တယ်။ ယုံကြည်ခြင်းဟာ တိကျမှန်ကန်တဲ့ အသိပညာကို အခြေပြုတဲ့အတွက် ကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို လေ့လာလေ ဒီစွမ်းအားတော် အရည်အသွေး ရှိလာဖို့ ပိုလွယ်ကူလေ ဖြစ်ပါလိမ့်မယ်။ (ဆာ. ၁:၂၊ ၃) လေ့လာတဲ့အခါ အချိန်ယူ တွေးတောပါ။ တွေးတောဆင်ခြင်မှ ကျေးဇူးတင်လေးမြတ်စိတ် တိုးလာမယ်။ ယေဟောဝါကို ကျေးဇူးတင်လေးမြတ်စိတ် တိုးလာတဲ့အခါ အစည်းအဝေးတွေမှာ ဝတ်ပြုခြင်း၊ သင့်မျှော်လင့်ချက်အကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် ကိုယ့်ရဲ့ ယုံကြည်ခြင်းကို တင်ပြချင်စိတ် တိုးလာပါလိမ့်မယ်။ (ဟီ. ၁၀:၂၃-၂၅) “ဇွဲမလျှော့ဘဲ အမြဲဆုတောင်း” ခြင်းအားဖြင့်လည်း ယုံကြည်ကြောင်း ပြနိုင်တယ်။ (လု. ၁၈:၁-၈) ဒါကြောင့် ယေဟောဝါဆီ “အမြဲမပြတ် ဆုတောင်းနေ” ပါ။ သင့်ကို ယေဟောဝါ “ဂရုစိုက်” မယ်ဆိုတာ စိတ်ချပါ။ (၁ သက်. ၅:၁၇။ ၁ ပေ. ၅:၇) ယုံကြည်ခြင်းက လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ လုပ်ဆောင်မှုက ယုံကြည်ခြင်းကို ပိုခိုင်မာစေတယ်။—ယာ. ၂:၂၂။

ယေရှုကို ယုံကြည်ပါ

ယေရှု မသေဆုံးခင်ညမှာ “ဘုရားသခင်ကို ယုံကြည်သက်ဝင်ကြပါ။ ကျွန်တော့်ကိုလည်း ယုံကြည်သက်ဝင်ကြပါ” လို့ တပည့်တွေကို ပြောခဲ့တယ်။ (ယော. ၁၄:၁) ဒါကြောင့် ယေဟောဝါကိုသာမက ယေရှုကိုပါ ယုံကြည်ဖို့ လိုတယ်။ ယေရှုကို ယုံကြည်ကြောင်း ဘယ်လို ပြနိုင်သလဲ။ နည်းသုံးနည်းကို သုံးသပ်ကြည့်ကြစို့။

ယေရှုနဲ့ သစ္စာရှိ တမန်တော် ၁၁ ဦး

ယေရှုကို ယုံကြည်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ

ပထမ၊ ရွေးဖိုးကို သင့်အတွက် ဘုရားပေးတဲ့ သီးသန့် လက်ဆောင်အဖြစ် ရှုမြင်ပါ။ တမန်တော် ပေါလုက ‘ကျွန်တော့်ကို ချစ်ပြီး ကျွန်တော့်အတွက် အသက်စွန့်ခဲ့တဲ့ ဘုရားသခင့်သားတော်ကို ယုံကြည်နေလို့သာ အသက်ရှင်နေတာ’ လို့ ပြောခဲ့တယ်။ (ဂလ. ၂:၂၀) ယေရှုကို ယုံကြည်မယ်ဆိုရင် ရွေးဖိုးက သင့်အတွက် ဖြစ်ကြောင်း၊ ရွေးဖိုးကို အခြေခံပြီး အပြစ်တွေ ခွင့်လွှတ်ခံရမှာ ဖြစ်ကြောင်း၊ ထာဝရအသက် မျှော်လင့်ချက် ရှိစေကြောင်း၊ သင့်ကို ဘုရား ချစ်မှန်း ပြတဲ့ အကြီးမားဆုံးသက်သေ ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ပါလိမ့်မယ်။ (ရော. ၈:၃၂၊ ၃၈၊ ၃၉။ ဧ. ၁:၇) ရွေးဖိုးက အပြစ်ရှိတယ်ဆိုတဲ့ အပျက်သဘောထားကို ဖယ်ရှားပေးနိုင်တယ်။—၂ သက်. ၂:၁၆၊ ၁၇။

ဒုတိယ၊ ယေရှုရဲ့ ရွေးဖိုးကို အခြေခံပြီး ယေဟောဝါဆီ ဆုတောင်းပါ။ ရွေးဖိုးကြောင့် “ရဲရဲဝံ့ဝံ့ ပြောဆိုခွင့်ကိုသုံးပြီး ဆုတောင်း” နိုင်တယ်။ ဒါဆို “အကူအညီ လိုအပ်ချိန်မှာ သနားကြင်နာမှုနဲ့ မဟာကရုဏာကို ခံစားရလိမ့်မယ်။” (ဟီ. ၄:၁၅၊ ၁၆။ ၁၀:၁၉-၂၂) ဆုတောင်းခြင်းက အပြစ်လုပ်စေတဲ့ သွေးဆောင်မှုကို တွန်းလှန်ဖို့ ကူညီပေးတယ်။—လု. ၂၂:၄၀။

တတိယ၊ ယေရှုကို နာခံပါ။ “ဘုရားရဲ့သားကို ယုံကြည်သက်ဝင်သူဟာ ထာဝရအသက် ရလိမ့်မယ်။ သူ့စကားကို နားမထောင်တဲ့သူကတော့ အသက်ရမှာ မဟုတ်ဘူး။ ဘုရားသခင့်အမျက်တော် ခံရလိမ့်မယ်” လို့ တမန်တော် ယောဟန် ရေးတယ်။ (ယော. ၃:၃၆) ယုံကြည်ခြင်းနဲ့ မနာခံခြင်းရဲ့ ကွာခြားချက်ကို ယောဟန် ထောက်ပြတယ်။ ယေရှုကို နာခံတာက ယုံကြည်ကြောင်း ပြနေတာ ဖြစ်တယ်။ သင်ဟာ “ခရစ်တော်ရဲ့တရားကို လိုက်နာ” ခြင်း၊ တစ်နည်းအားဖြင့် ယေရှုရဲ့ သွန်သင်ချက်အားလုံးကို လိုက်နာခြင်းအားဖြင့် ယေရှုကို နာခံနေတယ်။ (ဂလ. ၆:၂) “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကတစ်ဆင့် ယေရှုရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာခြင်းအားဖြင့်လည်း ယေရှုကို နာခံနေတယ်။ (မ. ၂၄:၄၅) ယေရှုကို နာခံမယ်ဆိုရင် မုန်တိုင်းလို ပြင်းထန်တဲ့ အခက်အခဲတွေကို ခံရပ်နိုင်ပါလိမ့်မယ်။—လု. ၆:၄၇၊ ၄၈။

“အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက်”

တစ်ကြိမ်မှာ လူတစ်ယောက်က “ကျွန်တော် ယုံကြည်ပါတယ်။ ယုံကြည်ခြင်း အားနည်းနေသေးရင် ခိုင်မာလာအောင် ကူညီပေးပါ” လို့ ယေရှုကို ပြောတယ်။ (မာ. ၉:၂၄) သူ့မှာ အတိုင်းအတာတစ်ခုအထိ ယုံကြည်ခြင်းရှိပေမဲ့ ပိုခိုင်မာဖို့ လိုနေသေးကြောင်း နှိမ့်ချစွာ အသိအမှတ်ပြုတယ်။ သူ့လိုပဲ ကျွန်တော်တို့လည်း တစ်ချိန်ချိန်မှာ ယုံကြည်ခြင်း ပိုလိုအပ်လာနိုင်တယ်။ ဒါကြောင့် အခုကတည်းက ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ရမယ်။ ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်ရင် ယုံကြည်ခြင်း ခိုင်မာလာမယ်။ ဒါက ယေဟောဝါကို ကျေးဇူးတင်လေးမြတ်စိတ် တိုးများစေမယ်။ ညီအစ်ကို/မတွေနဲ့အတူ ယေဟောဝါကို ဝတ်ပြုတာ၊ တခြားသူတွေကို မျှော်လင့်ချက်အကြောင်း ပြောပြတာ၊ အမြဲ ဆုတောင်းတာတွေက ယုံကြည်ခြင်းကို ခိုင်မာစေတယ်။ ‘ချစ်ရသူတို့၊ ခင်ဗျားတို့ကတော့ အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက်ကြပါ။ ဒါမှ ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်နိုင်လိမ့်မယ်’ လို့ ကျမ်းစာမှာ ပြောထားတယ်။ ဒါဟာ ယုံကြည်ခြင်း ခိုင်မာနေရင် ခံစားရမယ့် အကြီးမားဆုံး အကျိုးကျေးဇူးပါပဲ။—ယု. ၂၀၊ ၂၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ