သီချင်း ၄၉
ယေဟောဝါရဲ့ စိတ်နှလုံး ရွှင်ပြုံးစေခြင်း
ပုံနှိပ်စာပေ
၁။ အလိုတော် ဆောင်ဖို့ အဓိဋ္ဌာန်ပြု၊
ဉာဏ်နဲ့ အမှုတော် ဆောင်ရွက်မယ်။
ဘုရားနှလုံး ပျော်ရွှင်စေအောင်
တို့လုပ်ဆောင်ဖို့ အခွင့်အရေး ရထား။
၂။ မြေကြီး ကျေးကျွန် ဘဏ္ဍာစိုးဟာ
အလွန်ကြီးမြတ်ခြင်း ဂုဏ်တော် ကြွေးကြော်၊
အချိန်တန် အစာအာဟာရ ကျွေး၊
အလိုတော် ဆောင်ဖို့ ခွန်အား ဖြည့်ပေး။
၃။ သန့်ရှင်းစွမ်းအားတော်ကို ပေးပါ၊
သစ္စာရှိလမ်းစဉ် လျှောက်လှမ်းကာ
ချီးမွမ်းအသီးများ သီးခြင်းဖြင့်
နှလုံးတော် ပြုံးရွှင်လန်းစေမှာ။
(မ. ၂၄:၄၅-၄၇။ လု. ၁၁:၁၃။ ၂၂:၄၂ တို့ကိုလည်း ကြည့်ပါ။)