ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၁၆
  • အိမ်တွင်း အကြမ်းဖက် ခံရသူတွေအတွက် အကူအညီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်တွင်း အကြမ်းဖက် ခံရသူတွေအတွက် အကူအညီ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်တွင်း အကြမ်းဖက် ခံရတာဟာ သင့်အပြစ်ကြောင့် မဟုတ်
  • အကူအညီ ရနိုင်
  • သင်တစ်ဦးတည်း မဟုတ်
  • အိမ်တွင်း အကြမ်းဖက်မှု အဆုံးတိုင်တော့မယ်
  • မိသားစုအား ထိခိုက်ပျက်စီးစေနိုင်သောပြဿနာများကို အောင်မြင်ကျော်လွှားနိုင်ပါသည်
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ၄။ ချစ်ခြင်းမေတ္တာ ခေါင်းပါးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • အမျိုးသားများသည် အမျိုးသမီးများကို အဘယ်ကြောင့် ရိုက်နှက်ကြသနည်း
    နိုးလော့!—၂၀၀၂
  • ဆိုးညစ်မှုတွေ ရင်ဆိုင်ရချိန်မှာ မေတ္တာနဲ့ တရားမျှတမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၁၆
အမျိုးသမီးတစ်ယောက် နေဝင်ချိန်မှာ ပင်လယ်ပြင်ကို မျှော်ကြည့်နေစဉ်။

အိမ်တွင်း အကြမ်းဖက် ခံရသူတွေအတွက် အကူအညီ

“အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက် ခံရမှုဟာ ကမ္ဘာချီ ကပ်ရောဂါလို ပျံ့နှံ့နေပြီး အရေးတကြီး တားဆီးရမယ့်ကိစ္စ ဖြစ်နေပြီ” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုတယ်။ ခန့်မှန်းချက်အရ “အမျိုးသမီး ၃၀ ရာခိုင်နှုန်းနီးပါးဟာ အိမ်ထောင်ဖက် ဒါမှမဟုတ် ရည်းစားရဲ့ ရိုက်နှက်မှု၊ လိင်အကြမ်းဖက်မှု ခံနေရတယ်” လို့လည်း ဆိုတယ်။ ကမ္ဘာတစ်ဝန်းမှာ တစ်နှစ်အတွင်း နေ့စဉ်လိုလို အမျိုးသမီး ၁၃၇ ယောက်ဟာ အိမ်ထောင်ဖက် ဒါမှမဟုတ် မိသားစုဝင်ရဲ့ လက်ချက်ကြောင့် သေဆုံးရတယ်လို့ ကုလသမဂ္ဂသတင်းတစ်ပုဒ်က ဆိုတယ်။a

စစ်တမ်းကောက်ယူချက်တွေက အိမ်တွင်း အကြမ်းဖက်မှုဟာ ကြီးလေးတဲ့ ပြဿနာ ဖြစ်ကြောင်း ဖော်ပြပေးနိုင်ပေမဲ့ အကြမ်းဖက်ခံရသူတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း နာကျင်ခံစားရတာတွေကိုတော့ မဖော်ပြနိုင်ပါဘူး။

သင်ဟာ အိမ်တွင်း အကြမ်းဖက် ခံနေရသလား။ အသိမိတ်ဆွေထဲမှာ အိမ်တွင်း အကြမ်းဖက် ခံနေရသူ ရှိသလား။ ဒါဆိုရင် အကူအညီပေးနိုင်တဲ့ ကျမ်းစာအကြံပြုချက်တချို့ကို သုံးသပ်ကြည့်ပါ။

အိမ်တွင်း အကြမ်းဖက် ခံရတာဟာ သင့်အပြစ်ကြောင့် မဟုတ်

အကူအညီ ရနိုင်

သင်တစ်ဦးတည်း မဟုတ်

အိမ်တွင်း အကြမ်းဖက်မှု အဆုံးတိုင်တော့မယ်

အကြမ်းဖက် ခံရသူကို ကူညီနိုင်ပုံ

အိမ်တွင်း အကြမ်းဖက် ခံရတာဟာ သင့်အပြစ်ကြောင့် မဟုတ်

ကျမ်းစာအဆို– “ဘုရားသခင်က ကျွန်တော်တို့ယောက်တိုင်းကို ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ဖြေရှင်းချက် တောင်းလိမ့်မယ်။”—ရောမ ၁၄:၁၂။

သတိရပါ– သင့်ကို အကြမ်းဖက်တဲ့သူဟာ သူ့လုပ်ရပ်အတွက် သူ့မှာ တာဝန်ရှိတယ်။

အကြမ်းဖက်လုပ်ရပ်အတွက် သင့်ကို အပြစ်တင်တာ မှားတယ်။ ဇနီးဆိုတာ အကြမ်းဖက် ခံရဖို့ မဟုတ်ဘူး၊ အချစ်ခံရဖို့ပါ။—ကောလောသဲ ၃:၁၉။

အများအားဖြင့် အကြမ်းဖက်သူမှာ စိတ်ကျန်းမာရေး ပြဿနာ ရှိနေတာ၊ စရိုက်ကြမ်းတဲ့ မိသားစုမှာ ကြီးပြင်းလာတာ၊ အရက် အလွန်အကျွံ သောက်ထားတာကြောင့် ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ၊ သူဟာ အကြမ်းဖက်လုပ်ရပ်အတွက် ဘုရားနဲ့ စာရင်းရှင်းရမှာ ဖြစ်တယ်။ ဒီအကျင့်ဆိုးကို ပြင်ဖို့ သူ့မှာ တာဝန်ရှိတယ်။

အကူအညီ ရနိုင်

ကျမ်းစာအဆို– “အကြံပေးသူများရင်တော့ အောင်မြင်တတ်တယ်။”—ပညာအလိမ္မာ ၁၅:၂၂။

သတိရပါ– အန္တရာယ်ရှိတယ်လို့ ခံစားရရင်၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင် တခြားသူတွေကို အကူအညီ တောင်းပါ။

တခြားသူတွေရဲ့ အကူအညီ ဘာကြောင့် လိုသလဲ။ အိမ်တွင်း အကြမ်းဖက်မှုဆိုတာ လွယ်လွယ်နဲ့ ဖြေရှင်းလို့ရတဲ့အရာ မဟုတ်ဘူး။ ဘယ်လို ဖြေရှင်းရင် ကောင်းမလဲလို့ ဆုံးဖြတ်ဖို့ ခက်နိုင်တယ်။ အောက်ပါအချက်တွေထဲက ဘာကို ဦးစားပေးရမလဲဆိုတာ ဝေခွဲမရ ဖြစ်နိုင်လို့ပါ။

  • ကိုယ့်အသက်အန္တရာယ်

  • ကလေးတွေရဲ့ နောင်ရေး

  • ငွေကြေးပြဿနာ

  • အိမ်ထောင်ဖက်အပေါ် ထားတဲ့ သံယောဇဉ်

  • ကိုယ့်လက်တွဲဖော်သာ အကျင့်ပြင်မယ်ဆိုရင် အိမ်ထောင်ကို ပြန်အဖတ်ဆယ်လိုစိတ်

သင့်အနေနဲ့ စိတ်ရှုပ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်တတ်တာ မဆန်းပါဘူး။ ဘယ်သူ့ကို အကူအညီ တောင်းနိုင်သလဲ။

ယုံကြည်ရတဲ့ မိတ်ဆွေ၊ မိသားစုဝင်တစ်ဦးဆီကနေ လက်တွေ့ကျတဲ့ အကူအညီ၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှု ရနိုင်ပါတယ်။ ကိုယ့်ကို ဂရုစိုက်သူတစ်ယောက်ဆီ ရင်ဖွင့်လိုက်ပါ။ ဒါက အကူအညီ အများကြီး ဖြစ်စေနိုင်တယ်။

အိမ်တွင်း အကြမ်းဖက် ခံရသူတွေအတွက် အရေးပေါ် ဖုန်းစင်တာတွေက ချက်ချင်း ကူညီပေးနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နည်းကို ပြောပြပေးနိုင်တယ်။ ကိုယ့်လက်တွဲဖော်က သူ့အမှား သူသိပြီး အကျင့်ပြင်ချင်စိတ် ရှိတယ်ဆိုရင်လည်း သူလုပ်ဆောင်ရမယ့်အရာတွေကို ပြောပြပေးနိုင်တယ်။

နောက်ထပ် အရေးပေါ် ကူညီမယ့်သူတွေကလည်း သင် လိုအပ်နေချိန်မှာ ချက်ချင်း ကူညီပေးနိုင်တယ်။ သူတို့ကတော့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ တတ်ကျွမ်းနားလည်သူတွေပါ။

သင်တစ်ဦးတည်း မဟုတ်

ကျမ်းစာအဆို– “ယေဟောဝါဟာb စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။”—ဆာလံ ၃၄:၁၈။

သတိရပါ– သင့်ကို ကူညီပေးမယ်လို့ ဘုရားသခင် ကတိပေးထားတယ်။

ယေဟောဝါဘုရားက သင့်ကို တကယ် ဂရုစိုက်တယ်။ (၁ ပေတရု ၅:၇) သင့်ရင်တွင်းခံစားချက်တွေကို နားလည်ပေးတယ်။ ကျမ်းစာကတစ်ဆင့် နှစ်သိမ့်ပေးနိုင်တယ်။ ရင်ဖွင့်ဆုတောင်းဖို့လည်း ဖိတ်ခေါ်ထားတယ်။ ဆုတောင်းတဲ့အခါ အခက်အခဲကို ခံရပ်နိုင်အောင် ဉာဏ်ပညာနဲ့ ခွန်အားပေးဖို့ ထည့်တောင်းနိုင်တယ်။—ဟေရှာယ ၄၁:၁၀။

အိမ်တွင်း အကြမ်းဖက်မှု အဆုံးတိုင်တော့မယ်

ကျမ်းစာအဆို– “လူတိုင်းက ကိုယ့်စပျစ်ပင်၊ ကိုယ့်သဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မယ်။ ခြောက်လှန့်တဲ့သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။”—မိက္ခာ ၄:၄။

သတိရပါ– အိမ်ဆိုတာ လူတိုင်းအတွက် အေးချမ်းတဲ့ ခိုနားရာ ရိပ်မြုံ ဖြစ်လာမယ်လို့ ကျမ်းစာမှာ ကတိပေးထားတယ်။

လူ့ပြဿနာတွေကို ယေဟောဝါဘုရားသခင်သာ အပြီးပိုင် ဖြေရှင်းပေးနိုင်တယ်။ “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး” ဆိုပြီး ကျမ်းစာမှာ ကတိပေးတယ်။ (ဗျာဒိတ် ၂၁:၄) အဲဒီအချိန်ကျရင် အတိတ်က အရိပ်ဆိုးတွေ ပျောက်ကွယ်သွားပြီး ကြည်နူးစရာတွေပဲ ပြည့်နေမယ်။ (ဟေရှာယ ၆၅:၁၇) လှပတဲ့အနာဂတ်က သင့်ကို စောင့်ကြိုနေပါတယ်။

a ဒီဆောင်းပါးမှာ အကြမ်းဖက် ခံရသူတွေကို အမျိုးသမီးတွေအဖြစ် ရည်ညွှန်းပေမဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသားတွေနဲ့လည်း သက်ဆိုင်ပါတယ်။

b ယေဟောဝါဆိုတာ ကျမ်းစာမှာ ဖော်ပြထားတဲ့ ဘုရားသခင့်နာမည် ဖြစ်တယ်။

အကြမ်းဖက်ခံရသူကို ကူညီပေးနိုင်ပုံ

ကိုယ့်အသိထဲမှာ အိမ်တွင်း အကြမ်းဖက် ခံရသူ ရှိပါသလား။ သင်ဟာ ကျွမ်းကျင်ပညာရှင် မဟုတ်ရင်တောင် ကူညီပေးနိုင်ပါတယ်။c

စာနာစိတ်နဲ့ နားထောင်ပေးပါ။ (ယာကုပ် ၁:၁၉) ရင်ဖွင့်တာကို နားထောင်ပေးချင်တယ်လို့ ပြောပါ။ အတင်းတော့ ဖိအားမပေးပါနဲ့။ သူပြောတာတွေကို ယုံကြောင်း သိစေပါ။—ပညာအလိမ္မာ ၂၀:၅။

အိမ်တွင်း အကြမ်းဖက်မှုအကြောင်း ဆောင်းပါးတစ်ပုဒ်အရ “[အကြမ်းဖက်ခံရသူတွေဟာ] ရင်ဖွင့်ပြောပြဖို့ မလွယ်လောက်ဘူး။ အကြမ်းဖက်ခံရတဲ့အကြောင်း ဖုံးဖိထားလေ့ရှိတယ်၊ လျော့ပေါ့ပြောလေ့ရှိတယ်။ လီဆယ်ပြောတာ၊ အိတ်သွန်ဖာမှောက် ပုံကြီးချဲ့ပြောတာမျိုး လုပ်လေ့မရှိဘူး။ အကြမ်းဖက်သူက ကိုယ်အသိ ဖြစ်နေတဲ့အခါ ယုံရခက်နိုင်တယ်။ ဒါပေမဲ့ ဒီလိုလူစားမျိုးက ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး လုပ်တတ်ကြတယ်။”

အားပေးစကား ပြောပါ။ (၁ သက်သာလောနိတ် ၅:၁၁) ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ် ရှိစေမယ့် စကားမျိုး ပြောပေးပါ။ သူ့ကို ဂရုစိုက်ကြောင်း ပြောပြပါ။ သူ့ရဲ့ ကောင်းကွက်၊ အားသာချက်တွေအကြောင်း ပြောပါ။ အားမနာတမ်း အကူအညီတောင်းဖို့ အားပေးပါ။

အကူအညီ ကမ်းလှမ်းပါ။ (ပညာအလိမ္မာ ၁၇:၁၇) လက်တွေ့ကျကျ ကူညီပါ။ ကလေးတွေကို ခဏ ထိန်းပေးတာ၊ ထမင်းကျွေးတာ လုပ်ပေးနိုင်တယ်။ အန္တရာယ်ကြုံရင် ဘာလုပ်ရမယ်၊ အရေးအကြောင်းဆို ဘယ်ကို သွားရမယ်ဆိုတာ သိမသိ မေးပါ။

ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိကြောင်း စိတ်ချလာအောင် ကူညီပါ။ (ဂလာတိ ၆:၅) ဗဟုသုတတွေ၊ အချက်အလက်တွေ ဝေမျှပေးပြီး ရွေးချယ်စရာတွေအကြောင်း ပြောပြပါ။ ဘာလုပ်ပါလို့တော့ မပြောပါနဲ့။

c အကြမ်းဖက် ခံရတာက လိင်ခြားသူ ဖြစ်နေမယ်ဆိုရင် တတ်နိုင်သလောက် ကူညီပြီးတဲ့နောက် ယုံလို့ရတဲ့ အမျိုးသမီးမိတ်ဆွေတစ်ဦးကို အကူအညီတောင်းဖို့ အားပေးပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ