ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၉ စာ. ၂၆-စာ. ၂၇ ပိုဒ်. ၁
  • နာဇရက်မြို့မှာ ကြီးပြင်းလာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နာဇရက်မြို့မှာ ကြီးပြင်းလာ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုငယ်စဉ် မိသားစုဘဝ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ လက်မလျှော့ဘဲ ဆက်လုပ်ဆောင်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ သေတဲ့အထိ ဦးစီးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • မြင့်မြတ်သောလမ်းညွှန်မှုကို သူလက်ခံခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၉ စာ. ၂၆-စာ. ၂၇ ပိုဒ်. ၁
ယောသပ်က ယေရှုကို လက်သမားအပညာ သင်ပေးနေ

အခန်း ၉

နာဇရက်မြို့မှာ ကြီးပြင်းလာ

မဿဲ ၁၃:၅၅၊ ၅၆ မာကု ၆:၃

  • ယောသပ်နဲ့ မာရိရဲ့ မိသားစု တိုးများလာ

  • ယေရှု လက်မှုပညာသင်ယူ

အချက်အချာမကျတဲ့ နာဇရက်မြို့လေးမှာ ယေရှု ကြီးပြင်းလာတယ်။ အဲဒီမြို့ဟာ ဂါလိလဲလို့ခေါ်တဲ့ တောင်တန်းဒေသမှာ တည်ရှိပြီး ဂါလိလဲအိုင်ကြီးရဲ့ အနောက်ဘက်မှာရှိတယ်။

ယောသပ်နဲ့ မာရိက ယေရှု နှစ်နှစ်အရွယ်လောက်မှာ အီဂျစ်ပြည်ကနေ ဒီမြို့ကို ခေါ်လာကြတယ်။ အဲဒီအချိန်မှာ သူက တစ်ဦးတည်းသောသား ဖြစ်နိုင်တယ်။ နောက်ပိုင်းမှာ မိတူဖကွဲညီတွေဖြစ်တဲ့ ယာကုပ်၊ ယောသပ်၊ ရှိမုန်နဲ့ ယုဒတို့ မွေးလာတယ်။ ဒါ့အပြင် ယောသပ်နဲ့ မာရိမှာ အနည်းဆုံး သမီးနှစ်ယောက်ရှိနိုင်တယ်။ ယေရှုရဲ့ မိတူဖကွဲညီမတွေပေါ့။ ဒါကြောင့် ယေရှုမှာ အနည်းဆုံး မောင်နှမခြောက်ယောက်ရှိတယ်။

ယေရှုမှာ တခြားဆွေမျိုးတွေလည်း ရှိသေးတယ်။ မိုင်ပေါင်းများစွာဝေးတဲ့ ယုဒပြည်မှာနေထိုင်တဲ့ ဧလိရှဗက်နဲ့ သူ့သားယောဟန်တို့ပေါ့။ ဂါလိလဲနယ်မှာပဲ နေထိုင်တဲ့ မာရိရဲ့ညီအစ်မ၊ ယေရှုရဲ့အဒေါ် ရှာလုံလည်း ရှိသေးတယ်။ ရှာလုံရဲ့ယောက်ျားက ဇေဗေဒဲ။ သူတို့ရဲ့ သားနှစ်ယောက်ကတော့ ယာကုပ်နဲ့ ယောဟန်ဖြစ်ပြီး ယေရှုနဲ့ တစ်ဝမ်းကွဲတော်တယ်။ ယေရှု ငယ်ငယ်တုန်းက သူတို့နဲ့ ပေါင်းခဲ့သလားဆိုတာ မသိရပေမဲ့ နောက်ပိုင်းမှာ သူတို့ဟာ ယေရှုရဲ့မိတ်ဆွေရင်းတွေ ဖြစ်လာပြီး တမန်တော်တွေတောင် ဖြစ်လာကြတယ်။

ယောသပ်ဟာ သူ့မိသားစုကြီးကို ကျွေးမွေးဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတယ်။ သူက လက်သမားဆရာတစ်ယောက်ဖြစ်ပြီး ယေရှုကို သူ့သားအရင်းလို ပြုစုစောင့်ရှောက်ခဲ့တယ်။ ဒါကြောင့် ယေရှုကို “လက်သမားရဲ့သား” လို့ခေါ်ကြတယ်။ (မဿဲ ၁၃:၅၅) ယောသပ်က ယေရှုကို လက်သမားပညာ သင်ပေးတယ်။ ယေရှုကလည်း ကောင်းကောင်းသင်ယူခဲ့တယ်။ ဒါကြောင့် လူတွေက နောက်ပိုင်းမှာ ယေရှုကို “သူဟာ လက်သမား မဟုတ်လား” လို့ ပြောကြတာပေါ့။—မာကု ၆:၃။

ယောသပ်နဲ့မာရိ သားသမီးတွေကို ဘုရားတရားအကြောင်း သွန်သင်ပေး

ယောသပ်တို့မိသားစုမှာ ယေဟောဝါဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းက အဓိကပဲ။ ယောသပ်နဲ့ မာရိဟာ ဘုရားပညတ်ကို လိုက်နာတဲ့အနေနဲ့ “အိမ်မှာ ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ အိပ်တဲ့အခါ၊ ထတဲ့အခါ” ကလေးတွေကို ဘုရားတရားအကြောင်း သင်ပေးတယ်။ (တရားဟောရာ ၆:၆-၉) နာဇရက်မြို့မှာ တရားဇရပ်တစ်ခု ရှိတဲ့အတွက် အဲဒီမှာဝတ်ပြုကိုးကွယ်ဖို့ မိသားစုကို ယောသပ် မှန်မှန်ခေါ်သွားမှာပဲ။ ဒါကြောင့်လည်း နောက်ပိုင်းမှာ ယေရှုဟာ “ထုံးစံအတိုင်း ဥပုသ်နေ့မှာ တရားဇရပ်” ကိုသွားတာဖြစ်တယ်။ (လုကာ ၄:၁၆) ဂျေရုဆလင်မြို့မှာရှိတဲ့ ယေဟောဝါရဲ့ ဗိမာန်တော်ကို ပုံမှန်သွားတဲ့ ခရီးစဉ်တွေမှာလည်း သူတို့မိသားစု သိပ်ပျော်ခဲ့ကြမှာ။

  • ယေရှုမှာ အနည်းဆုံး မောင်နှမ ဘယ်နှစ်ယောက်ရှိသလဲ။

  • ယေရှု ဘယ်ပညာ သင်ယူခဲ့သလဲ။ ဘယ်လို သင်ယူခဲ့သလဲ။

  • ယောသပ်က မိသားစုကို အရေးကြီးတဲ့ ဘာအကြောင်း သင်ပေးသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ