ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၁၁/၈ စာ. ၂၄
  • သူ့ကိုယ်ပိုင်စာအုပ် သူမသိမ်းထားနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူ့ကိုယ်ပိုင်စာအုပ် သူမသိမ်းထားနိုင်
  • နိုးလော့!—၂၀၀၁
နိုးလော့!—၂၀၀၁
န၀၁ ၁၁/၈ စာ. ၂၄

သူ့ကိုယ်ပိုင်စာအုပ် သူမသိမ်းထားနိုင်

စီးပွားရေးသမားတစ်ဦးသည် စလိုဗေးနီးယားရှိ ယေဟောဝါသက်သေများ၏ဌာနခွဲရုံးသို့ ဤသို့စာရေးသားခဲ့သည်–

“နိုးလော့! နှင့် ကင်းမျှော်စင်မဂ္ဂဇင်းများကို မှန်မှန်ပို့ပေးသောကြောင့် သင်တို့ကိုကျေးဇူးတင်ပါသည်။ ခရီးသွားစဉ်နှင့် လုပ်ငန်းဆိုင်ရာစည်းဝေးများအတွက် စောင့်ဆိုင်းနေစဉ် ၎င်းတို့ကိုကျွန်တော်ဖတ်ရှုတတ်သဖြင့် ခရီးသွားတိုင်း ၎င်းတို့ကိုကျွန်တော်ယူသွားသည်။

“သင်တို့၏မဂ္ဂဇင်းများတွင် ဖော်ပြထားသော သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လော၊ ဘဝရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း နှင့် လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဟူသည့်စာအုပ်စာတမ်းများကိုလည်းပို့ပေးဖို့ ကျွန်တော်တောင်းဆိုလိုပါသည်။

“စာအုပ်တစ်မျိုးလျှင် နှစ်အုပ်စီရလိုပါသည်။ အကြောင်းမှာ သင်တို့၏စာအုပ်စာတမ်းများကို ကျွန်တော်ခရီးထွက်ရင်း ဖတ်ရှုသည့်အခါတိုင်း ကျွန်တော်ဖတ်ရှုနေသည်ကို တစ်ဦးဦးက အလွန်စိတ်ဝင်စားတတ်သောကြောင့်ဖြစ်သည်။ ယင်းကို ကျွန်တော့်ကိုယ်ပိုင်စာကြည့်တိုက်တွင် ထားလိုသော်လည်း စိတ်ဝင်စားသူကို ကျွန်တော့်စာအုပ်ပေးလိုက်ရသည်။”

အသင်လည်း ဘဝရည်ရွယ်ချက်ကားအဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်းဟူသော ၃၂ မျက်နှာရှိဘရိုရှာကိုဖတ်ရှုခြင်းမှ အကျိုးများစွာရရှိမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ ကြီးမြတ်သောရည်ရွယ်ချက်သည် မကြာမီပြည့်စုံတော့မည်ကို ဤစာစောင်ကတင်ပြသည်။ တစ်စောင်ရလိုပါလျှင် အောက်ပါကူပွန်ကိုဖြည့်စွက်ပြီး ယေဟောဝါသက်သေများ၊ ၉၄-ခ၊ အင်းယားလမ်း၊ ရန်ကုန်၊ ၁၁၀၄၁ သို့မဟုတ် စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာသို့ စာတိုက်မှပို့လိုက်ပါ။

□ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း ယင်းကိုသင်မည်သို့ ရှာတွေ့နိုင်သနည်း ဘရိုရှာတစ်စောင်ကို ပို့ပေးပါ။ ဘာသာစကားကိုဖော်ပြပါ

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုနှင့်ပတ်သက်ပြီး ကျေးဇူးပြု၍ ကျွန်ုပ်ကိုဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ