ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၁၂/၈ စာ. ၂၄
  • ‘အားလုံးကို သင်တို့မေတ္တာပြနေ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အားလုံးကို သင်တို့မေတ္တာပြနေ’
  • နိုးလော့!—၂၀၀၁
နိုးလော့!—၂၀၀၁
န၀၁ ၁၂/၈ စာ. ၂၄

‘အားလုံးကို သင်တို့မေတ္တာပြနေ’

ထိုချီးမွမ်းစကားကို ရာစုနှစ်နှင့်ချီ၍ အချင်းချင်းတိုက်ခိုက်နေကြသည့် ခြားနားသည့်လူမျိုးစုများနေထိုင်ရာ ယူဂိုစလားဗီးယားနိုင်ငံရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသို့ ရေးသားခဲ့သည်။ ထိုစာက ဤသို့ဆိုသည်–

“လူကြီးမင်းများခင်ဗျား၊

ကျွန်တော့်မွေးရပ်ဇာတိ ဆာရာယေဗိုမြို့မှာရှိတဲ့ ယေဟောဝါသက်သေများအကြောင်း အတော်များများကြားဖူးပါတယ်၊ ဒါပေမဲ့ ဂျာမနီမှာကျင်းပတဲ့ သင်တို့ရဲ့စည်းဝေးကြီးကို တက်ရောက်ဖို့ အခွင့်အရေးရခဲ့တဲ့ မနှစ်ကနွေရာသီအထိ သင်တို့ယုံကြည်ရာကို ကျွန်တော်စိတ်မဝင်စားခဲ့ဘူး။ ခရိုအေးရှား၊ ယူဂိုစလားဗီးယားနဲ့ ဘော့စနီးယားကလူတွေဟာ အေးအေးချမ်းချမ်း အတူတကွထိုင်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုညီအစ်မလို့တောင် ခေါ်နေကြတာကို တွေ့လိုက်ရတော့ ကျွန်တော်အလွန်ပဲစွဲမှတ်သွားခဲ့တယ်။ အဲသလိုမျိုး တစ်ခါမှ ကျွန်တော်မတွေ့ခဲ့ဖူးဘူး! နိုင်ငံရေးဟာ သင်တို့ကိုမကွဲပြားစေနိုင်ဘူးဆိုတာ သင်တို့အပြန်အလှန်ပြတဲ့မေတ္တာက အခိုင်အမာသက်သေထူနေပါတယ်။ အားလုံးကိုပြသနေတဲ့ သင်တို့ရဲ့မေတ္တာအတွက် သင်တို့ကို ဘုရားသခင်ကောင်းချီးပေးပါစေ!”

ကာလကြာမြင့်စွာ မုန်းတီးနေကြသည့်လူများ နေထိုင်ရာဒေသများမှ ဤကဲ့သို့သောမှတ်တမ်းများက စစ်မဲ့ကမ္ဘာတစ်ခု တစ်နေ့နေ့ဖြစ်လာမည်လော ဟူသည့်မေးခွန်းကို ပေါ်ပေါက်စေသည်။ ၎င်းသည် ထိုသို့သောကမ္ဘာ အထမြောက်လာမည်ဖြစ်ကြောင်း အထောက်အထားခိုင်လုံစေသည့် ၃၂ မျက်နှာပါ ဘရိုရှာတစ်စောင်၏ ခေါင်းစဉ်ဖြစ်သည်။ သို့သော် မည်သို့နည်း။ မည်သည့်အချိန်နည်း။

ကူပွန်တွင်ဖော်ပြထားသော လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ ပါ သင့်လျော်ရာလိပ်စာတစ်ခုသို့ ပူးတွဲပါကူပွန်ကိုဖြည့်စွက်ပြီး စာတိုက်မှပေးပို့ခြင်းဖြင့် ဤဘရိုရှာကို မှာယူနိုင်ပါသည်။

□ စစ်မဲ့ကမ္ဘာတစ်ခု တစ်နေ့နေ့ဖြစ်လာမည်လော [လိပ်]ဘရိုရှာတစ်စောင်ကို ကျွန်ုပ်ထံပို့ပေးပါ။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ