ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၂ ၁၁/၈ စာ. ၂၄
  • အဘယ်နေရာတွင် အဖြေရှာတွေ့နိုင်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဘယ်နေရာတွင် အဖြေရှာတွေ့နိုင်သနည်း
  • နိုးလော့!—၂၀၀၂
နိုးလော့!—၂၀၀၂
န၀၂ ၁၁/၈ စာ. ၂၄

အဘယ်နေရာတွင် အဖြေရှာတွေ့နိုင်သနည်း

ယင်းမေးခွန်းကို ယနေ့လူများစွာတို့ မေးတတ်ကြသည်။ ဘုရားသခင်၊ ဘာသာတရားတို့နှင့်ပတ်သက်၍ ကျောင်းသူ/သားများ၏ မေးခွန်းများအတွက် အဖြေများကို ရှာဖွေရန် မလွယ်ကူလှကြောင်း ရုရှားနိုင်ငံ၊ နိုဗိုစီဘာ့စ်ခ်မြို့ရှိ ကျောင်းဆရာမတစ်ဦးက မှတ်ချက်ချခဲ့သည်။ စာတစ်စောင်ဖြင့် သူ ဤသို့ ရှင်းပြခဲ့သည်–

“တစ်နေ့ ကျွန်မအိမ်ပြန်ရောက်တော့ ‘သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့် အကြောင်းရင်း’ အမည်ရှိ ဝေစာလေးတစ်စောင်ကို တွေ့ရတယ်။ ကျွန်မက ကျောင်းမှာ သမိုင်းဘာသာ သင်ပေးရပြီး ချာ့ချ်၊ ကျမ်းစာနဲ့ ဘုရားသခင်စတဲ့ အကြောင်းအရာတွေကို ကျောင်းသူ/သားတွေနဲ့ မကြာခဏဆွေးနွေးရတယ်။ တစ်ခါတလေ ကလေးတွေရဲ့မေးခွန်းတွေအတွက် အဖြေရှာတွေ့ဖို့ အတော့်ကို ခက်ခဲတယ်။

“လူတွေဟာ အခက်အခဲတွေရှိမှ ဘုရားသခင်ထံ ချဉ်းကပ်ကြတယ်လို့ နဂိုတုန်းက ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါက လုံးလုံးမမှန်ဘူးဆိုတာ ကျွန်မအသေအချာသိလိုက်ပြီ။ လူတစ်ယောက်ကလည်း ဒီလိုမေးတယ်– “ငါကျမှ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ငါဘယ်သူလဲ၊ ငါဘယ်ကနေ လာသလဲ၊ ငါသေသွားတဲ့အခါ ဘာဖြစ်သွားမလဲ။” အဲဒီမေးခွန်းတွေအတွက် အဖြေရှာဖွေဖို့ အရေးကြီးတယ်။ သမ္မာကျမ်းစာထဲမှာ လက်ခံနိုင်လောက်အောင် ကျိုးကြောင်းဖော်ပြချက်တွေပါတယ်။”

ဆရာမက ဤသို့ နိဂုံးချုပ်ခဲ့သည်– “ကျွန်မ သမ္မာကျမ်းစာနဲ့ ဘုရားသခင်အကြောင်းကို ပိုမိုသိချင်တဲ့အတွက် ဒီစာကို ရေးရတာပါ။”

ယေဟောဝါသက်သေများသည် လူတို့၏မေးခွန်းများအတွက် အဖြေများကို သမ္မာကျမ်းစာတွင် ရှာရန် လမ်းညွှန်ပေးကြသည်။ ထာဝရအသက်ရစေသောအသိပညာစာအုပ်ကို သုံးသပ်ကြည့်ပါ။ ယင်း၏အခန်း ၁၉ ခန်းတွင် “စစ်မှန်သောဘုရားသခင်ကား မည်သူနည်း၊” “ကျွန်ုပ်တို့အဘယ်ကြောင့် အိုရသေရသနည်း” နှင့် “ဒုက္ခဆင်းရဲကို ဘုရားသခင်အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း” အကြောင်းအရာများ ပါဝင်သည်။ ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ ပါသင့်လျော်သော လိပ်စာတစ်ခုခုသို့ ပူးတွဲပါကူပွန်ကိုဖြည့်စွက်ပြီး စာတိုက်မှတစ်ဆင့်ပေးပို့ခြင်းဖြင့် ၁၉၂-မျက်နှာရှိ ဤစာအုပ်ကို သင်မှာယူနိုင်ပါသည်။

□ ထာဝရအသက်ရစေသော အသိပညာစာအုပ်တစ်စောင်ပို့ပေးပါ။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ