ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၈/၈ စာ. ၂၄
  • သူတို့အားလုံး ယင်းကို လက်ခံခဲ့ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့အားလုံး ယင်းကို လက်ခံခဲ့ကြ
  • နိုးလော့!—၂၀၀၃
နိုးလော့!—၂၀၀၃
န၀၃ ၈/၈ စာ. ၂၄

သူတို့အားလုံး ယင်းကို လက်ခံခဲ့ကြ

ဆွစ်ဇာလန်နိုင်ငံ၊ ဘာဇလ်မြို့ရှိ ကျောင်းတစ်ကျောင်းမှဆရာက ကျောင်းသူ ကျောင်းသားများသည် မိမိတို့ကြိုက်နှစ်သက်ရာအကြောင်းတစ်ခုကို ၁၀ မှ ၁၅ မိနစ်ကြာ ဟောပြောချက်တစ်ခုပေးရန် ပြင်ဆင်ခဲ့ဖို့ ကြေညာခဲ့သည်။ ဆယ့်ငါးနှစ်အရွယ် ရိုစီသည် “လူငယ့်ဘဝ—အနှစ်သာရ” အကြောင်းပြောဖို့ ရွေးချယ်လိုက်သည်။

“အဲဒါက ဘယ်လိုအကြောင်းအရာမျိုးလဲ” ဟုအတန်းဖော်များက မေးကြသည်။ “မူးယစ်ဆေးဝါးအကြောင်း မင်းပြောမလို့လား။”

“သိရမှာပေါ့” ဟုသူဖြေဆိုခဲ့သည်။

သူ၏ဟောပြောချက်ဆုံးသွားသောအခါ ကျောင်းသူကျောင်းသားများ လက်ခုပ်သြဘာပေးကြသည်။ ထို့နောက် ရိုစီက “လူငယ့်ဘဝအနှစ်သာရကို ဘယ်လိုရယူနိုင်ကြောင်း ပြောဖို့ဆိုရင် ဆယ့်ငါးမိနစ်နဲ့ အချိန်မလောက်ပါဘူး” ဟုပြောခဲ့သည်။ ထို့ကြောင့် သူက “အားလုံးကိုပေးဖို့ ကျွန်မမှာ လက်ဆောင်တစ်ခုရှိတယ်” ဟုဆို၏။ ကျောင်းသူကျောင်းသားယောက်တိုင်းကို လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်တစ်အုပ်စီ၊ အားလုံး အုပ် ၂၀ ကမ်းပေးခဲ့သည်။ ထိုစာအုပ်များကို စက္ကူဖြင့် သပ်သပ်ရပ်ရပ် ပတ်ရစ်ဖွဲ့ချည်ထားပြီး အတန်းဖော်တစ်ဦးစီ၏အမည်ပါရှိသည်။

အားလုံးက ကျေးဇူးတင်စွာလက်ခံခဲ့ကြပြီးနောက် ယင်း၏မာတိကာများကို ဆန်းစစ်ကြည့်ရှုခဲ့ကြသည်၊ မာတိကာ၌ပါသော အခန်းများမှာ– “မိဘတွေ ငါ့ကို လွတ်လပ်မှုပိုပေးနိုင်အောင် ဘယ်လိုလုပ်ရမလဲ၊” “မိတ်ဆွေစစ် ဘယ်လိုဖွဲ့နိုင်မလဲ၊” “ငါဘာလုပ်ငန်းကို ရွေးချယ်ရင်ကောင်းမလဲ၊” “လက်မထပ်ခင် သံဝါသပြုတာကို ဘယ်လိုပြောမလဲ” နှင့် “အချစ်စစ် အချစ်မှန်ဖြစ်မှန်း ငါဘယ်လိုလုပ်သိနိုင်မလဲ” တို့ဖြစ်သည်။

စုစုပေါင်းအခန်း ၃၉ ခန်းပါရှိသည်။ ဤစာအုပ်ကိုတောင်းဆိုရန် ပူးတွဲပါကူပွန်ကိုဖြည့်စွက်ပြီး ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ ပါသင့်လျော်သောလိပ်စာတစ်ခုသို့ စာတိုက်မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

□ လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်တစ်အုပ်ကို ကျွန်ုပ်ထံပို့ပေးပါ။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ