ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၉/၈ စာ. ၂၄
  • ပျော်ရွှင်သောမိသားစုဘဝရ ရှိနိုင်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျော်ရွှင်သောမိသားစုဘဝရ ရှိနိုင်!
  • နိုးလော့!—၂၀၀၃
နိုးလော့!—၂၀၀၃
န၀၃ ၉/၈ စာ. ၂၄

ပျော်ရွှင်သောမိသားစုဘဝရ ရှိနိုင်!

ဘယ်လာရုစ်၊ မာလာဒစ်ရှ်နာမြို့မှ အမျိုးသမီးတစ်ဦးသည် ရုရှားရှိ ယေဟောဝါသက်သေတို့၏ ဌာနခွဲရုံးသို့ စာရေးခဲ့သည်။ သူ၌ ခင်ပွန်းသည်နှင့် ကလေးနှစ်ယောက်ရှိကြောင်း ပြောပြခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “ကျွန်မနဲ့ခင်ပွန်းသည်ဟာ တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးကြပါတယ်။ ဒါပေမဲ့ အတူနေထိုင်ချိန်ကြာလာတာနဲ့အမျှ အကြောင်းရင်းရှိပုံမရဘဲ ပြဿနာတွေတက်ပြီးစကားများကြတာကို သတိထားမိတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က လူစိမ်းတစ်ဦးဟာ လမ်းပေါ်မှာ ကျွန်မကိုတားပြီး မိသားစုဘဝကိုမွေ့လျော်ခြင်း အမည်ရှိတဲ့ ဝေစာတစ်စောင်ပေးခဲ့ပါတယ်။ လှပစွာပုံဖော်ထားတဲ့ ပျော်ရွှင်တဲ့ မိသားစုဓာတ်ပုံက ဦးဆုံး ကျွန်မရဲ့အာရုံကိုဖမ်းစားခဲ့တယ်။ နောက်ပိုင်းမှာတော့ စာသားတွေကိုပါဖတ်ပြီး ကျွန်မအမျိုးသားကိုလည်းပေးဖတ်ခဲ့တယ်။

“အံ့ဖွယ်တစ်ခုလိုပါပဲ။ ကျွန်မတို့ရဲ့မိသားစုဟာ တိုးတက်ကောင်းမွန်ရုံလောက်သာမကဘဲ လုံးဝပြောင်းလဲခဲ့ပါတယ်။ ပျော်ရွှင်စွာနေထိုင်သွားဖို့ အရမ်းမခက်ခဲဘူးဆိုတာ အခုတော့ ကျွန်မတို့နားလည်ပါပြီ။ အနည်းငယ်ကြိုးစားဖို့၊ လှိုက်လှိုက်လှဲလှဲနွေးထွေးဖို့နဲ့ ပေးကမ်းဖို့တို့ပဲလိုအပ်ပါတယ်။ ဘုရားသခင့်ပညတ်တွေအတိုင်းနေထိုင်ဖို့၊ မိသားစုနဲ့သူစိမ်းတွေအပါအဝင် ဘုရားသခင်နဲ့လူတွေကို ချစ်ဖို့လည်းလိုပါတယ်။”

သူဤသို့ကောက်ချက်ချခဲ့ပါသည်– “ဘဝဟာပိုသာယာလာပြီး ပိုပျော်ရွှင်လာပါတယ်။ ကျွန်မတို့ သမ္မာကျမ်းစာကို ဆက်လေ့လာလိုပြီး ကျွန်မတို့ရဲ့ကလေးတွေကို သင်ကြားပေးလိုပါတယ်။”

သင်လည်း မိသားစုဘဝကိုမွေ့လျော်ခြင်း ဝေစာမှ အကျိုးရရှိနိုင်ကြောင်း ကျွန်ုပ်တို့ယုံကြည်ပါသည်။ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်အမည်ရှိ ၁၉၂ မျက်နှာရှိစာအုပ်ကိုလည်း ကျွန်ုပ်တို့ရရှိ စေလိုပါသည်။ သင့်အတွက် ဝေစာနှင့်စာအုပ်နှစ်ခုစလုံးရရှိရန် ဖော်ပြထားသော လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာ တစ်ခုခုသို့ ပူးတွဲပါကူပွန်ကို ကျေးဇူးပြု၍ဖြည့်စွက်ပြီး စာတိုက်မှတစ်ဆင့်ပေးပို့ပါ။

□ ပျော်ရွှင်သောမိသားစုဘဝဝေစာနှင့် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ်ကို ကျွန်ုပ်ထံပို့ပေးပါ။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ