ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၁၂/၈ စာ. ၂၂
  • လင်းယုန်၏ မျက်လုံး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လင်းယုန်၏ မျက်လုံး
  • နိုးလော့!—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • လင်းယုန်ကဲ့သို့သော အတောင်များဖြင့် ပျံတက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဘုရားသည် မောသောသူတို့အား ခွန်အားကိုပေး
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • ငှက်တွေဆီက သင်ယူစရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဖန်ဆင်းရာသတ္တဝါများ ယေဟောဝါအား ဂုဏ်တင်ချီးမြှောက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နိုးလော့!—၂၀၀၃
န၀၃ ၁၂/၈ စာ. ၂၂

လင်းယုန်၏ မျက်လုံး

စပိန်မှ နိုးလော့! စာရေးသူ ပေးပို့သည်

စပိန်လူမျိုးများက အမြင်အာရုံအထူးကောင်းသူကို လင်းယုန်မျက်လုံးပိုင်ရှင် (ဗီးစတေး ဒီ အာဂီးလာ) ဟု ပြောကြသည်။ ဂျာမန်လူမျိုးတွင်လည်း အလားတူဝေါဟာရ (အာ့ဒ်လာအောဂ) ရှိသည်။ လင်းယုန်၏ စူးရှသောအမြင်အာရုံသည် ရာစုနှစ်များစွာတိုင်အောင် ပြောစမှတ်ပြုလာခြင်းသည် အကြောင်းမဲ့မဟုတ်ချေ။ လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ကျော်က ရေးသားခဲ့သော ယောဘကျမ်းတွင် လင်းယုန်နှင့်ပတ်သက်၍ “မျက်စိသည် အဝေးကပင် မြင်တတ်၏” ဟု ဆိုထားသည်။—ယောဘ ၃၉:၂၇၊ ၂၉၊ သမ္မာ။

လင်းယုန်သည် မည်မျှအကွာအဝေးကို အမှန်မြင်နိုင်သနည်း။ အကောင်းဆုံးအခြေအနေများအောက်တွင် ရွှေလင်းယုန် (အာ့ကွီလာ ခရစ်စေတော) တစ်ကောင်သည် [၁၁/၄မိုင်] ကျော်ဝေးသောနေရာမှ ယုန်တစ်ကောင်၏ မသိမသာလှုပ်ရှားမှုကို မြင်နိုင်သည်” ဟု ဂျင်းနစ်စ် တိရစ္ဆာန်မှတ်တမ်းများစာအုပ် ကရှင်းပြသည်။ အခြားသူများ ခန့်မှန်းသည်မှာ လင်းယုန်သည် ထိုထက်ဝေးဝေးကိုပင် မြင်နိုင်သည်ဟူ၏!

ထိုသို့သောစူးရှသည့်အမြင်ကို လင်းယုန်အား အဘယ်အရာက ရရှိစေသနည်း။ ဦးဆုံးအနေနှင့်၊ ရွှေလင်းယုန်၌ ဦးခေါင်း၏နေရာအများစုကိုယူထားသော ကြီးမားသည့်မျက်လုံးတစ်စုံရှိသည်။ ရွှေလင်းယုန်၏မျက်လုံးနှင့်ပတ်သက်၍ ၎င်းတို့၏မျက်လုံးသည် “ပြူးကျယ်သလောက် အမှန်ဆိုသော် ပျံသန်းမှုကိုထိခိုက်သည့်အထိ အလွန်လေးလံခြင်းမရှိ” ကြောင်း ဗြိတိသျှငှက်များစာအုပ် က ရေးသားဖော်ပြသည်။

ထို့ပြင် လင်းယုန်တစ်ကောင်၏မျက်စိတွင်ရှိသော အလင်းလက်ခံဆဲလ်အရေအတွက်သည် ကျွန်ုပ်တို့၏ ငါးဆခန့်ရှိသည်—၁ စတုရန်း မီလီမီတာတွင် ဆဲလ်ကတော့ (cones) ၁,၀၀၀,၀၀၀ ခန့်ကို ကျွန်ုပ်တို့ ရှိ ၂၀၀,၀၀၀ နှင့်နှိုင်းယှဉ်နိုင်သည်။ လက်ခံဆဲလ်တစ်ခုစီအားလုံးနီးပါးသည် အာရုံကြောဆဲလ်တစ်ခုနှင့် ဆက်စပ်လျက်ရှိသည်။ ထို့ကြောင့် လင်းယုန်တွင် မျက်စိမှ ဦးနှောက်သို့သတင်းပေးပို့သည့် အမြင်အာရုံကြော၌တွေ့ရသော အမျှင်အရေအတွက်သည် လူတို့ထက် နှစ်ဆပိုများသည်။ ထို့ကြောင့်ပင် ဤသတ္တဝါများ၌ စူးရှသောအရောင်မြင်နိုင်စွမ်းရှိခြင်းကို မအံ့သြသင့်ပေ! နောက်ဆုံးအနေနှင့် အခြားငှက်များကဲ့သို့ ငှက်ရဲများ၌ အလွန်အားများသော မှန်ဘီလူးရှိသည်၊ ယင်းသည် တစ်လက်မအကွာမှသည် အလွန်ကွာဝေးသောနေရာရှိ အရာဝတ္ထုသို့ ၎င်း၏ဆုံချက်ကို လျင်မြန်စွာပြောင်းလဲနိုင်သည်။ ဤအပိုင်းတွင်လည်း ၎င်းတို့၏မျက်လုံးသည် ကျွန်ုပ်တို့ထက် များစွာသာလွန်၏။

လင်းယုန်၏မျက်လုံးသည် နေ့အချိန်တွင် ထူးကဲမြင်နိုင်စွမ်းရှိသော်လည်း ညဘက်တွင်မူ ဇီးကွက်များက တစ်ပန်းသာသွားသည်။ ညအချိန်ကျက်စားသော ငှက်ရဲများတွင် အလင်းခံအာရုံသိ ဆဲလ်ချောင်း (rod) အမြောက်အမြားနှင့် ကြီးမားသော မှန်ဘီလူးများပါရှိသော မျက်လုံးကိုပိုင်ဆိုင်ကြသည်။ ထို့ကြောင့် ညအချိန်တွင် ကျွန်ုပ်တို့ မြင်နိုင်သည်ထက် ၎င်းတို့က အဆ ၁၀၀ ပို၍မြင်နိုင်သည်။ သို့သော် ဖြစ်တောင့်ဖြစ်ခဲအခြေအနေဖြစ်သော လုံးဝမှောင်ပိတ်နေသည့်အခါမျိုးတို့တွင်သာ ဇီးကွက်များသည် သားကောင်ရှိရာကိုသိရန် သူတို့၏ထက်မြက်သောအကြားအာရုံအပေါ် လုံးလုံးမှီခိုကြရသည်။

ထိုသို့သောအရည်အသွေးကို ဤငှက်များအား မည်သူပေးထားသနည်း။ ယောဘအား ဘုရားသခင်မေး၏– “သင်၏အမိန့်ကြောင့် လင်းယုန်သည်အထက်သို့ပျံတက် . . . တတ်သလော။” ရှင်းနေသည်မှာ ဖန်ဆင်းရှင်၏အံ့ဖွယ်အမှုအတွက် မည်သည့်လူသားကိုမျှ ဂုဏ်မပြုထိုက်ပေ။ ယောဘသည် နှိမ့်ချစွာဝန်ခံခဲ့သည်– “ကိုယ်တော် [ယေဟောဝါ] သည်အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကို . . . အကျွန်ုပ်သိပါ၏။” (ယောဘ ၃၉:၂၇; ၄၂:၁၊ ၂၊ သမ္မာ) လင်းယုန်၏မျက်လုံးသည် ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ဉာဏ်ပညာကိုဖော်ပြသော နောက်ထပ်သာဓကတစ်ခုသာဖြစ်သည်။

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ရွှေလင်းယုန်

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

နှင်းဖြူဇီးကွက်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ