ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၁၂/၈ စာ. ၂၄
  • “မေ့လျော့ခံရသောယေရှုကို ကျွန်မ ပြန်ရှာတွေ့ခဲ့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မေ့လျော့ခံရသောယေရှုကို ကျွန်မ ပြန်ရှာတွေ့ခဲ့”
  • နိုးလော့!—၂၀၀၃
နိုးလော့!—၂၀၀၃
န၀၃ ၁၂/၈ စာ. ၂၄

“မေ့လျော့ခံရသောယေရှုကို ကျွန်မ ပြန်ရှာတွေ့ခဲ့”

ကနေဒါနိုင်ငံ၊ ကွိဘက်ပြည်နယ်၊ စိန့်ဂျရုမ်းမြို့မှ အမျိုးသမီးတစ်ဦးသည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်ကို ဖတ်ရှုပြီးနောက် ဤသို့ရေးသားခဲ့သည်– “ပန်းချီဆရာတွေ သဘာဝမကျစွာ ရေးဆွဲလေ့ရှိတဲ့၊ မေ့လျော့ခံရတဲ့ယေရှုကို အလွန်စိတ်ဝင်စားဖွယ်ကောင်းစွာ ကျွန်မပြန်ရှာတွေ့ခဲ့ပြီ။”

ထိုစာအုပ်၏ အနုပညာလက်ရာနှင့်ပတ်သက်၍ အမျိုးသမီးက ဤသို့မှတ်ချက်ချခဲ့သည်– “ရှင်တို့ရဲ့စာအုပ်ထဲမှာ ရေးဆွဲထားတဲ့ရုပ်ပုံတွေကို ကျွန်မအရမ်းသဘောကျမိတယ်။ ဇာတ်ကောင်တွေက ယေရှုအသက်ရှင်ချိန်နဲ့ ဟောပြောချိန်မှာ အသက်ရှင်ခဲ့တဲ့သူတွေလိုပဲ အသက်ဝင်လှပါတယ်။” သူဤသို့နိဂုံးချုပ်ခဲ့သည်– “ဒီစာအုပ်ကိုပြင်ဆင်ပေးတဲ့အတွက် ဝမ်းသာပါတယ်။ ဒီစာအုပ်ဟာ ယေရှုရဲ့အမှန်တရားအကြောင်း ပိုသိလိုစိတ်ရှိသူတွေကို လမ်းညွှန်ပေးတဲ့ အိမ်မြှောင်တစ်ခုဖြစ်တယ်။”

အကြီးမြတ်ဆုံးလူသားစာအုပ်သည် ယေရှု၏မိန့်မြွက်ချက်များ၊ ပုံဥပမာများနှင့် အံ့ဖွယ်အမှုများအပါအဝင် ခရစ်ဝင်ကျမ်းလေးကျမ်းပါ ကိုယ်တော်၏မြေကြီးအသက်တာဆိုင်ရာ အဖြစ်အပျက်အားလုံးကို ကြိုးစားတင်ပြထားသည်။ ဖြစ်နိုင်သ၍ အဖြစ်အပျက်အားလုံးကို ဖြစ်စဉ်အတိုင်း ပြန်လည်ဖော်ပြထားသည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ယေရှုနှင့် ကိုယ်တော်၏တစ်ခေတ်တည်းသားများ၏ စိတ်ခံစားမှုများကို သိရှိစေရန်ရည်ရွယ်သော လှပ၊ သက်ဝင်သည့်ရောင်စုံခြယ်ရုပ်ပုံများ ပါရှိပါသည်။

သင်သည် စာမျက်နှာ ၄၄၈ မျက်နှာရှိ ဤစာအုပ်တစ်အုပ်ကို ရယူဖို့စိတ်ဝင်စားမည်ဆိုလျှင် ကျေးဇူးပြု၍ ပူးတွဲပါကူပွန်ကိုဖြည့်စွက်ပြီး ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ ပါသင့်လျော်သောလိပ်စာတစ်ခုခုသို့ စာတိုက်မှတစ်ဆင့်ပေးပို့ပါ။

□ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်ကို ကျွန်ုပ်ထံပို့ပေးပါ။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုနှင့်ပတ်သက်ပြီး ကျေးဇူးပြု၍ ကျွန်ုပ်နှင့် ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ