ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၇/၈ စာ. ၂၃
  • အပင်များ—ဆေးဝါးများအတွက် အဖိုးတန်ရင်းမြစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပင်များ—ဆေးဝါးများအတွက် အဖိုးတန်ရင်းမြစ်
  • နိုးလော့!—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျိုးကွဲစုံစွမိုးမခ
    နိုးလော့!—၂၀၀၇
  • ဆေးဖက်ဝင် အပင်ဆိုင်ရာဆေးများ—အသုံးတည့်နိုင်မည်လော
    နိုးလော့!—၂၀၀၄
နိုးလော့!—၂၀၀၄
န၀၄ ၇/၈ စာ. ၂၃

အပင်များ—ဆေးဝါးများအတွက် အဖိုးတန်ရင်းမြစ်

လူတို့မှီခိုအားထားနေရသော မျက်မှောက်ခေတ်ဆေးဝါး လေးပုံတစ်ပုံသည် ရာနှုန်းပြည့်ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းမျှဖြစ်စေ အပင်များရှိ ဓာတုပစ္စည်းများမှ ဖော်စပ်ထုတ်လုပ်ခဲ့ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ ဘယဆေးအမျိုးမျိုးကို ထောက်ခံအားပေးသူများက ယင်းကို အထောက်အထားအဖြစ် ကိုးကားလေ့ရှိသည်။

ဆေးဖက်ဝင်အပင်များကို သုတေသနပြုရာတွင် များသောအားဖြင့် အစွမ်းရှိဒြပ်ပေါင်းများ ခွဲထုတ်ယူခြင်းဖြစ်သည်။ ယင်းသို့သော ဒြပ်ပေါင်းတစ်ခု၏ အဦးဆုံးသောဥပမာတစ်ခုမှာ မိုးမခပင်အဖြူမျိုး၏ အခေါက်တွင်ရှိ ဆယ်လီဆင်မှထုတ်လုပ်သည့် အက်စပရင်ဖြစ်သည်။

ခွဲထုတ်ယူပြီးနောက် အပင်တစ်ပင်မှ အစွမ်းရှိဒြပ်ပေါင်းများကို လိုအပ်သည့် ပိုမိုတိကျသော သောက်သုံးရမည့်ဆေးပမာဏကို စီမံနိုင်သည်။ အကိုးအကားစာအုပ်တစ်အုပ်က ဤသို့ဆို၏– “အက်စပရင်၏ အကျိုးအာနိသင်ကိုရရှိဖို့ မိုးမခပင်အခေါက်ကို အလုံအလောက်မှီဝဲခြင်း၊ သို့မဟုတ် ဒစ်ဂျီတယ်လစ်ဆေး၏ အသက်ကယ် ဆေးအာနိသင်အပြည့်အဝရရှိဖို့ ပန်းလက်စွပ်ပင်ကို အလုံအလောက်မှီဝဲရန် သဘာဝဆေးဖက်ဝင်ပစ္စည်းများကို စားသုံးခြင်းထက် ဆေးလုံးကိုသောက်သုံးခြင်းက ပို၍လွယ်ကူသည်။”

တစ်ဖက်တွင်မူ ဆေးဖက်ဝင်အပင်တစ်ပင်မှ အစွမ်းရှိဒြပ်ပေါင်းကို ခွဲထုတ်ရာ၌ မနှစ်လိုဖွယ်ရာများရှိနိုင်သည်။ မနှစ်လိုဖွယ်ရာတစ်ခုမှာ အပင်၌ပါသော အခြားဒြပ်များရှိ အာဟာရတစ်ခုခုနှင့် ဖြစ်နိုင်ခြေရှိ ဆေးအာနိသင်များကို မရဘဲဖြစ်သွားနိုင်သည်။ ထို့အပြင် ရောဂါဖြစ်ပေါ်စေသော ပိုးအချို့မှာ ၎င်းတို့ကိုပစ်မှတ်ထား ဖျက်ဆီးသည့် ဆေးဝါးများကို ခုခံနိုင်စွမ်းရှိလာလေသည်။

ဆေးဖက်ဝင်သစ်ပင်တစ်ပင်မှ အစွမ်းရှိဒြပ်ပေါင်းကို ခွဲထုတ်ယူခြင်း၏ မနှစ်လိုဖွယ်တစ်ခုကို ဖော်ပြနိုင်သည့် နမူနာတစ်ခုမှာ စင်ကိုနာပင်၏အခေါက်မှ ထုတ်လုပ်သော ကွီနိုင်ဆေးဖြစ်သည်။ ကွီနိုင်ဆေးသည် ငှက်ဖျားရောဂါပိုး ရာနှုန်းအတော်များများကို သေစေနိုင်သော်လည်း အခြားပိုးများသေသွားစဉ် မသေဘဲကျန်ရစ်သည့် ပိုးများသည် လွန်စွာပွားများလာသည်။ “ထိုသို့သောခုခံနိုင်မှုသည် ဆေးပညာတွင် အရေးကိစ္စတစ်ခုဖြစ်လာလေပြီ” ဟုအကိုးအကားစာအုပ်တစ်အုပ်က ရှင်းပြသည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံများ]

အက်စပရင်ကို ဤမိုးမခပင် အဖြူမျိုးမှ ရရှိ

[Credit Line]

USDA-NRCS PLANTS Database/Herman, D.E. et al. 1996. North Dakota tree handbook

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံများ]

ကွီနိုင်ဆေးထုတ်ယူသည့် စင်ကိုနာပင်

[Credit Line]

Courtesy of Satoru Yoshimoto

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ