ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၅/၈ စာ. ၁၃
  • ဖခင်မဲ့များ ကြီးထွားလာသော ပြဿနာတစ်ရပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖခင်မဲ့များ ကြီးထွားလာသော ပြဿနာတစ်ရပ်
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှိနေသော်လည်း တာဝန်မကျေ
  • ပြန်လည်ဆန်းစစ်ကြည့်ရန် လိုအပ်နေ
  •  ဦးစားပေးရာများကို လျောက်ပတ်စွာ ချမှတ်ပေးခြင်း
  • ဖခင်ကောင်းတစ်ဦးဖြစ်နိုင်ပုံ
    နိုးလော့!—၂၀၁၃
  • ကလေးတွေကို ဘုရားသခင်အကြောင်း ဘယ်သူ သင်ပေးသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သားသမီးများလိုအပ်သည့် ဖခင်မျိုး
    နိုးလော့!—၂၀၀၅
  • ဖခင်များ၊ သားတွေနဲ့ ဘယ်လို ရင်းရင်းနှီးနှီး နေနိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၅/၈ စာ. ၁၃

ဖခင်မဲ့များ ကြီးထွားလာသော ပြဿနာတစ်ရပ်

ဖခင်များ၏ ပစ်ထားခြင်းကိုခံရသော မိသားစုများ များသည်ထက်များလာနေပြီ။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အမေရိကန်ပြည်ထောင်စုသည် “ဖခင်မရှိသည့် မိသားစုအရေအတွက် အများဆုံးနိုင်ငံ” ဖြစ်သည်ဟု ယူအက်စ်အေ တူဒေး သတင်းစာကဆို၏။ သို့သော် ဖခင်မဲ့ရခြင်းအဖြစ်သည် ကမ္ဘာချီပြဿနာတစ်ရပ်ဖြစ်နေသည်။

ဘရာဇီးလ်နိုင်ငံတွင် မိသားစု စုစုပေါင်း ၄၄.၇ သန်းအနက် အမျိုးသမီးများ ဦးစီးသည့် မိသားစုအရေအတွက်မှာ ၁၁.၂ သန်းဖြစ်ကြောင်း ၂၀၀၀ ပြည့်နှစ် သန်းခေါင်စာရင်းမှတ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။ နီကာရာဂွာနိုင်ငံတွင် ကလေးသူငယ် ၂၅ ရာခိုင်နှုန်းသည် မိခင်နှင့်သာ နေထိုင်ကြရ၏။ ကော့စတာရီကာနိုင်ငံတွင် ဖခင်၏အသိအမှတ်ပြုမှုကို မခံရရှာသော ကလေးသူငယ်အရေအတွက်မှာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ၂၁.၁ ရာခိုင်နှုန်းမှ ၃၀.၄ ရာခိုင်နှုန်းသို့ ထိုးတက်သွားခဲ့သည်။

အဆိုပါနိုင်ငံသုံးနိုင်ငံ၏ ကိန်းဂဏန်းများသည် ကမ္ဘာချီခေတ်ရေစီးကြောင်း၏ နမူနာအချို့သာဖြစ်ပေသည်။ ဖခင်မဲ့များပြဿနာ၏ အခြားအသွင်တစ်ခုကို သုံးသပ်ကြည့်ပါ။

ရှိနေသော်လည်း တာဝန်မကျေ

“ဒယ်ဒီ၊ ဘယ်တော့ပြန်လာဦးမှာလဲ” လေးထောင့်ကွက်ကို ကျေးဇူးပြု၍ကြည့်ပါ။ ယခု အသက် ၂၃ နှစ်ရှိပြီဖြစ်သော နာအိုက ဤသို့ဝန်ခံသည်– “ကျွန်မ မူလတန်းကျောင်း မတက်ခင်တုန်းက အဖေ့ကို တွေ့ရခဲတယ်။ တစ်ခါက သူထွက်သွားခါနီးမှာ ‘အဖေ ပြန်လာနော်’ လို့ ကျွန်မတောင်းပန်ခဲ့ဖူးတယ်။”

နာအိုနှင့်သူ၏ဖခင်ကဲ့သို့သော မိသားစုဆက်ဆံမှုများကြောင့် ပိုလန်စာရေးဆရာ ပျော်တာ စကာခဗစ်ချ်က “မိသားစုတွင် ဖခင်သည် အရေးတကြီး ပျောက်ဆုံးနေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ပုံရသည်” ဟု ပြောဆိုခဲ့ရ၏။ ဖခင်များစွာသည် မိသားစုနှင့်အတူနေထိုင်ကြပြီး ငွေရေးကြေးရေး ထောက်ပံ့ပေးကြသည်မှာ မှန်ပါသည်။ သို့ရာတွင် ပြင်သစ်မဂ္ဂဇင်း ကာပီတာ ဆိုသည့်အတိုင်း “ဖခင်အများအပြားသည် သွန်သင်ဆုံးမပေးသူများမဖြစ်လိုကြဘဲ အစာရှာပေးသူများဖြစ်ရုံနှင့် ကျေနပ်နေကြသည်။”

ဖြစ်လေ့ဖြစ်ထရှိသည်မှာ ဖခင်သည် မိသားစုတွင်ရှိနေ သော်လည်း သားသမီးတို့၏ဘဝထဲတွင် ပါဝင်ပတ်သက်မှုမရှိခြင်းဖြစ်သည်။ အခြားတစ်နေရာကို သူအာရုံလွှဲထား၏။ “[ဖခင်] သည် လူသာရှိပြီး စိတ်မရှိ ဖြစ်နေသည်” ဟု ဖာမီယေး ကရေတေယင် ပြင်သစ်မဂ္ဂဇင်းကဆိုသည်။ ယနေ့ ဖခင်အတော်များများသည် စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းအရ မိသားစုများနှင့် အဘယ်ကြောင့်ကင်းကွာနေကြရသနည်း။

အထက်ပါဂျာနယ် ရှင်းပြသည့်အတိုင်း အဓိကအကြောင်းမှာ “ဖခင်ကဏ္ဍ၊ လင်ယောက်ျားကဏ္ဍကို သူနားမလည်၍ဖြစ်သည်။” ဖခင်များစွာ၏ ရှုမြင်ချက်အရ ဖခင်ကောင်းတစ်ဦး၏အခန်းကဏ္ဍမှာ အိမ်သို့ လစာအလုံအလောက် ယူဆောင်လာခြင်းဖြစ်သည်။ “ဖခင်အများက မိသားစုကို ငွေကြေးထောက်ပံ့ပေးသည့်အတွက် မိမိတို့သည် မိဘကောင်းများဖြစ်ကြသည်ဟူ၍ ထင်မှတ်ကြ၏” ဟု ပိုလန် လူမျိုး စာရေးဆရာ ယူဇက်ဖ် ဩဂတ်စတင်းက ဆိုသည်။ သို့သော် ငွေရေးကြေးရေးထောက်ပံ့ပေးခြင်းသည် ဖခင်ဝတ္တရား၏ တစ်ကဏ္ဍမျှဖြစ်သည်။

အမှန်မှာ သားသမီးများသည် ဖခင်၏ဝင်ငွေ၊ သူပေးမည့် လက်ဆောင်များဖြင့် သူ့ကိုတန်ဖိုးဖြတ်ကြသည်မဟုတ်ပါ။ ၎င်းအစား သားသမီးများ အမှန်တကယ်လိုချင်ကြသည်မှာ လက်ဆောင်ပစ္စည်းများထက် သူတို့ဖခင်၏မေတ္တာ၊ အချိန်နှင့် ဂရုစိုက်မှုတို့ဖြစ်ပေသည်။ ယင်းတို့သည် သူတို့လေးများအတွက် အမှန်တကယ်အရေးပါသည့်အရာများ ဖြစ်၏။

ပြန်လည်ဆန်းစစ်ကြည့်ရန် လိုအပ်နေ

ဂျပန်ဗဟိုပညာရေးကောင်စီ၏ အစီရင်ခံစာအရ “ဖခင်တို့သည် အလုပ်တွင် အာရုံစုံးစုံးနှစ်မြှုပ်ထားသည့် သူတို့၏ဘဝပုံစံကို ပြန်လည်ဆန်းစစ်ကြည့်သင့်ပေသည်။” မေးစရာမှာ ဖခင်တစ်ဦးသည် မိမိသားသမီးများ၏အကျိုးအတွက် ပြုပြင်ပြောင်းလဲနိုင်ပါမည်လောဖြစ်၏။ လေ့လာမှုတစ်ရပ်တွင် ဖခင်များကို တွေ့ဆုံမေးမြန်းကြည့်ခဲ့ကြရာ အများစုက မိမိတို့၏အလုပ်အကိုင်ထက် သားသမီးများကို ဦးစားပေးဖို့ ငြင်းဆန်ခဲ့ကြကြောင်း ဂျာမန်သတင်းစာ ဂီစနာ အော်လ်ဂီမိုင်နာက ဖော်ပြသည်။

ကလေးသူငယ်များသည် မိမိတို့ကို ဖခင် စိတ်ဝင်စားမှုရှိပုံမပေါ်သည့်အတွက် အကြီးအကျယ် စိတ်ထိခိုက်နိုင်ကြပါသည်။ ယခု အသက် ၂၁ နှစ်ရှိ လီဒ်ယာသည် မိမိငယ်ရွယ်စဉ်က ပိုလန်နိုင်ငံတွင်ရှိ ဖခင်၏ပုံပန်းသဏ္ဌာန်ကို ကွင်းကွင်းကွက်ကွက် အမှတ်ရနေဆဲဖြစ်သည်။ သူဤသို့ရှင်းပြ၏– “ကျွန်မတို့နဲ့ အဖေ ဘယ်တော့မှ စကားစမြည်မပြောဘူး။ သီးခြားကမ္ဘာမှာ ကျွန်မတို့နေခဲ့ကြတာ။ ဒစ္စကိုကပွဲရုံတွေမှာ ကျွန်မအချိန်ဖြုန်းတာကိုလည်း သူမသိဘူး။” အလားတူ၊ စပိန်နိုင်ငံမှ အသက် ၂၁ နှစ်အရွယ်ရှိ မာကာရေနာ ကလေးဘဝက သူ၏ဖခင်သည် “သူ့ရဲ့မိတ်ဆွေတွေနဲ့ စနေတနင်္ဂနွေနေ့တွေမှာ ပျော်ဖို့ပါးဖို့ ထွက်သွားတတ်တယ်၊ တစ်ခါတလေ တော်တော်နဲ့ ပြန်မလာဘူး” ဟု ပြောပြသည်။

 ဦးစားပေးရာများကို လျောက်ပတ်စွာ ချမှတ်ပေးခြင်း

ဖခင်အတော်များများသည် မိမိတို့သားသမီးများကို အချိန်မပေး၊ ဂရုမစိုက်ကြကြောင်း သိကြပေမည်။ ဆယ်ကျော်သက်အရွယ် သားတစ်ဦးရှိ ဖခင်ဖြစ်သူက ဤသို့ဆိုသည်– “ကျွန်တော့်အခြေအနေကို သား နားလည်ပေးမယ်လို့ မျှော်လင့်တယ်။ ကျွန်တော်အလုပ်များနေတာတောင် သူ့အကြောင်းပဲ အမြဲစဉ်းစားနေတယ်။” သို့တိုင်၊ ဖခင်၏ပျက်ကွက်မှုကို ကလေးက နားလည်ပေးမှာပါဟု မျှော်လင့်နေရုံနှင့် ပြဿနာပြေလည်သွားမည်လော။

ကလေးတစ်ဦး၏ လိုအပ်ရာများကို ဖြည့်ဆည်းပေးရန် စစ်မှန်သောအားထုတ်မှုမက ကိုယ်ကျိုးစွန့်မှု မရှိမဖြစ်လိုအပ်သည်မှာ သံသယမရှိချေ။ ကလေးများ အလိုအပ်ဆုံးအရာဖြစ်သည့် မေတ္တာ၊ အချိန်နှင့် ဂရုစိုက်မှုတို့ကိုပေးရန် လွယ်ကူမည်မဟုတ်ကြောင်း ရှင်းနေပါသည်။ ယေရှုခရစ်က “လူသည် မုန့် [သို့မဟုတ်၊ အစားအစာ] အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်” ဟု မိန့်တော်မူခဲ့၏။ (မဿဲ ၄:၄) ထို့အပြင် ကလေးများသည် ပစ္စည်းဥစ္စာရှိရုံနှင့် အောင်မြင်စွာ ကြီးထွားလာနိုင်မည်မဟုတ်သည်ကား အမှန်ပင်။ ထို့ကြောင့် ဖခင်များအနေနှင့် သားသမီးများအကျိုးအတွက် သင်အလွန်တန်ဖိုးထားသည့် အချိန် သို့မဟုတ် သင့်အလုပ်အကိုင် တိုးတက်ကြီးပွားရေးကိုပင် အရှုံးခံလိုစိတ်ရှိပါသလော။

၁၉၈၆၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မိုင်နီချီ နေ့စဉ်သတင်း သတင်းစာက အမှန်တကယ်တွင် မိမိ၏သားသမီးများ မည်မျှအရေးပါသည်ကို သိမြင်လာသည့် ဖခင်တစ်ဦးအကြောင်း ဖော်ပြသည်။ “ဂျပန်အမျိုးသားမီးရထားဌာန (ဂျေအဲန်အာရ်) ၏ အုပ်ချုပ်ရေးအရာရှိတစ်ဦးသည် မိသားစုနှင့် ဆက်ခွဲနေထိုင်မည့်အစား အလုပ်မှနုတ်ထွက်ဖို့ ရွေးချယ်လိုက်သည်” ဟု ၎င်းသတင်းစာက ဖော်ပြ၏။ သည့်အပြင် အဆိုပါအုပ်ချုပ်ရေးအရာရှိ ပြောခဲ့သည့်စကားကို ဤသို့ကိုးကားဖော်ပြခဲ့သည်– “ညွှန်ကြားရေးမှူးတာဝန်ကို မည်သူမဆို ထမ်းဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်သားသမီးတွေရဲ့ ဖခင်ဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲရှိတယ်။”

ဖခင်ကောင်းတစ်ဦးဖြစ်လာရန် ဦးဆုံးခြေလှမ်းမှာ အဘယ်ဖခင်မျိုးကို သားသမီးများလိုအပ်ကြောင်း သိရှိထားရန်ဖြစ်သည်။ ထိုသို့သောဖခင်မျိုးဖြစ်ရန် အဘယ်အရာပါဝင်ကြောင်း ဆန်းစစ်ကြည့်ကြပါစို့။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

“ဒယ်ဒီ၊ ဘယ်တော့ပြန်လာဦးမှာလဲ”

ငါးနှစ်သမီး နာအိုသည် သူ၏ဖခင် အလုပ်သွားခါနီး တစ်ရက်တွင် ဖခင်အား ထိုသို့မေးခဲ့သည်။ နာအို၏ဖခင်သည် အိမ်တွင်နေထိုင်သော်လည်း သူ့ကို တွေ့ရခဲ၏။ အများအားဖြင့် နာအို အိပ်ရာဝင်ပြီးနောက် အလုပ်မှပြန်ရောက်လာတတ်ပြီး နံနက်အိပ်ရာမထခင် အလုပ်သို့သွားလေ့ရှိသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ