ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၁၀/၈ စာ. ၂၄
  • လူငယ်များ အဖြေရှာနေကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူငယ်များ အဖြေရှာနေကြ
  • နိုးလော့!—၂၀၀၅
နိုးလော့!—၂၀၀၅
န၀၅ ၁၀/၈ စာ. ၂၄

လူငယ်များ အဖြေရှာနေကြ

ဆယ့်ခုနစ်ကြိမ်မြောက် ကက်သလစ်ကမ္ဘာ့လူငယ်များနေ့ကို ၂၀၀၂ ခုနှစ်တွင် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ ကျင်းပခဲ့ရာ ကမ္ဘာတစ်ဝန်းမှ လူထောင်ပေါင်းများစွာ ရောက်လာခဲ့ကြသည်။ ယေဟောဝါသက်သေများသည် ထိုအခမ်းအနားတွင် မပါဝင်ကြသော်လည်း လူငယ်အမြောက်အမြား စုဝေးရောက်ရှိလာကြမည်ကို စောင့်မျှော်ခဲ့ကြသည်။ ယင်းအတွက် သူတို့မည်သို့ပြင်ဆင်ခဲ့ကြသနည်း။ ပထမရာစု ခရစ်ယာန်များ၏စိတ်ဓာတ်မျိုးဖြင့် သူတို့သည် ထိုလူငယ်များအား ကျမ်းစာအကြောင်း ဟောပြောရန် အစပြုလုပ်ဆောင်ခဲ့ကြသည်။—တမန်တော် ၁၆: ၁၂၊ ၁၃။

ယေဟောဝါသက်သေများက ယင်းလူငယ်များဝိညာဉ်ရေးတွင် စိတ်ဝင်စားမှုအတွက် ချီးမွမ်းစကားပြောဆိုခဲ့ကြသည်။ ၎င်းက ရင်းရင်းနှီးနှီး ဝိညာဉ်ရေးအကြောင်းစကားစမြည်ပြောဆိုခွင့် များစွာရခဲ့သည်။ ကမ္ဘာ့လူငယ်များနေ့သည် မျှော်လင့်ထားသလိုဟုတ်မဟုတ် မေးမြန်းကြည့်သောအခါ လုံမငယ်တစ်ဦးက ဤသို့တုံ့ပြန်သည်– “အခုချိန်ထိတော့ တီးမှုတ်ကခုန်တာပဲ မြင်တွေ့ရတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ယုံကြည်ခြင်းကို သန်စွမ်းစေတဲ့အရာဆိုလို့ ဘာမှမရှိဘူး။”

ထိုအခါ သက်သေခံက ထိုအမျိုးသမီးအား လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ် ဟူသည့်ဘရိုရှာကို ပေးကာ “ယင်းသည် အမှန်ပင် ဘုရားသခင့်နှုတ်မြွက်တော်လော” နှင့် “ယင်း၏မူလအရေးအသားမှာ မပြောင်းလဲကြောင်း ကျွန်ုပ်တို့ မည်သို့သိရှိနိုင်သနည်း” စသည့်ကျမ်းစာနှင့်ပတ်သက်၍ လူတို့မေးတတ်သည့်မေးခွန်းများစွာကို ယင်းစာအုပ်က အဖြေပေးထားကြောင်း ရှင်းပြခဲ့သည်။

ထိုမိန်းကလေးက “အဲဒါတွေကြောင့်ပဲ ကျွန်မလည်း စိတ်ရှုပ်နေတာ။ ကျွန်မအဖြေသိချင်တဲ့ မေးခွန်းတွေရှိနေတယ်။ ကျွန်မ ဒါကို အခုပဲဖတ်ချင်တယ်။ ဒါဟာ ဒီခရီးစဉ်ကနေရတဲ့ အရေးကြီးဆုံးအရာ ဖြစ်ပါလိမ့်မယ်။”

ယင်းသည် ကမ္ဘာ့လူငယ်များနေ့ ကွန်ဖရင့်အစည်းအဝေးသို့ ရောက်လာကြသော ကိုယ်စားလှယ်များနှင့် သက်သေခံများ ပြောဆိုဆွေးနွေးခဲ့သည့်အရာများစွာထဲမှ တစ်ခုမျှသာဖြစ်ပါသည်။ အသင်လည်း ၃၂ မျက်နှာရှိ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ် ဘရိုရှာကို ရရှိလိုပါက ပူးတွဲပါကူပွန်ကို ဖြည့်စွက်ပြီး ကူပွန်တွင်ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ ရှိသင့်တော်ရာလိပ်စာသို့ စာရေးပေးပို့နိုင်ပါသည်။

□ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ် ဘရိုရှာကို မေတ္တာလက်ဆောင် ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု အတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့် ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ