ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၀၇ စာ. ၂၄
  • “ကျွန်မတို့ တကယ်လိုအပ်နေတာ ဒါပဲ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျွန်မတို့ တကယ်လိုအပ်နေတာ ဒါပဲ”
  • နိုးလော့!—၂၀၀၇
နိုးလော့!—၂၀၀၇
န ၇/၀၇ စာ. ၂၄

“ကျွန်မတို့ တကယ်လိုအပ်နေတာ ဒါပဲ”

ယင်းသည် ကြီးမြတ်သောဆရာထံမှ သင်ယူလော့ စာအုပ်ကိုရရှိချိန်တွင် အီတလီနိုင်ငံမှ မိခင်တစ်ဦး ပြောခဲ့သောစကားဖြစ်သည်။ “ကျွန်မမျက်ရည် မဆည်နိုင်ခဲ့ဘူး” ဟုသူပြောခဲ့သည်။ သူ၏သမီးငယ်လေးအကြောင်း ဤသို့ ထပ်ပြောခဲ့သည်– “သူစာမဖတ်တတ်သေးပေမဲ့ ရုပ်ပုံတွေရဲ့အကူအညီနဲ့ အဓိကအချက်တွေကို မှတ်မိတယ်။ စာအုပ်ရဲ့အရေးအသားက စာဖတ်သူနဲ့ စကားလက်ဆုံပြောနေတဲ့ပုံစံဖြစ်လို့ သူကောင်းကောင်း အာရုံစိုက်ပြီး ပါဝင်ပြောဆိုလေ့ရှိတယ်။ ရဖူးသမျှလက်ဆောင်တွေထဲမှာ ဒါဟာအကောင်းဆုံးပဲ။”

အီတလီနိုင်ငံမှ ဖခင်တစ်ဦးက သူနှင့် သူ၏ဇနီးတို့သည် သူတို့၏သားငယ်လေးအား လိင်အကြောင်း မည်သို့ရှင်းပြရမည်နှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို မေးခွန်းထုတ်ခဲ့ကြကြောင်း ပြောပြသည်။ “ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုကို ဘုရားသခင်သိလို့ ဒီစာအုပ်အသစ်ကို ထုတ်ဝေလိုက်တာဖြစ်မယ်လို့ ခံစားမိတယ်။ စာအုပ်ကို သေချာဖတ်ပြီးတဲ့နောက် ဒီစာအုပ်သစ်က ကျွန်တော်တို့ရဲ့သားကို ဘယ်အတိုင်းအတာအထိ စဉ်းစားဆင်ခြင်ဖို့ အားပေးမယ်ဆိုတာကို ကျွန်တော်တို့လင်မယား ဝေဖန်သုံးသပ်ခဲ့တယ်” ဟုသူတို့ပြောပြခဲ့ကြသည်။

ကလေးဘဝက ဗလက္ကာရပြုခံခဲ့ရသော ဂျပန်နိုင်ငံမှ မိန်းကလေးတစ်ဦးသည် ဤစာအုပ်နှင့်ပတ်သက်၍ ကျေးဇူးတင်လေးမြတ်ကြောင်း ဤသို့ရေးသားခဲ့သည်– “ကျွန်မရှိုက်ကြီးတငင်ငိုချလိုက်ပြီး ယေဟောဝါကို ကျေးဇူးတင်မဆုံးဖြစ်ခဲ့တယ်။ ဒီဆိုးယုတ်တဲ့ခေတ်ကြီးမှာ ကလေးတွေ တွေ့ ကြုံရနိုင်တဲ့အရာတွေကို ဒီစာအုပ်ထဲမှာ ပွင့်ပွင့်လင်းလင်း၊ တိတိကျကျရေးထားတယ်။ မေးခွန်းတွေက သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုရဲလာအောင် ကလေးကို ကြင်ကြင်နာနာနဲ့အားပေးတယ်။ အခန်း ၃၂ မှာဆိုရင် ကလေးတွေကို ဆိုးညစ်တဲ့လူကြီးတွေရဲ့ လက်ချက်ကနေ ကာကွယ်ပေးဖို့ အထူးပြင်ဆင်ထားတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ ကသာ ဒီလိုရိုးရှင်းထိရောက်တဲ့ ပညာပေးကိရိယာရှိခဲ့မယ်ဆိုရင် ကျွန်မဘဝဟာ အရမ်းကိုထူးခြားသွားနိုင်တယ်။”

ဤမဂ္ဂဇင်းနှင့်အရွယ်အစားတူသော ၂၅၆ မျက်နှာရှိ လှပသည့်ရောင်စုံရုပ်ပုံများပါသော အဆိုပါစာအုပ်ကို အင်္ဂလိပ်၊ တရုတ်ဘာသာစကားတို့ဖြင့် သင် မှာယူနိုင်ပါသည်။ ပူးတွဲပါကူပွန်ကိုဖြည့်၍ အောက်တွင်ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာသို့ စာတိုက်မှတစ်ဆင့် ပေးပို့ပါ။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ