ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၀၇ စာ. ၉
  • ၅။ ပရောဖက်ပြုချက်ကို ပြည့်စုံစေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၅။ ပရောဖက်ပြုချက်ကို ပြည့်စုံစေ
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပရောဖက်ပြုချက်စာအုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • သမ္မာကျမ်းစာ—ဘုရားသခင်ထံက စာအုပ်တစ်အုပ်
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ယေဟောဝါဟာ စစ်မှန်တဲ့ ပရောဖက် ပြုချက်တွေကို ဟောနိုင်တဲ့ဘုရားဖြစ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • အမှန်ဖြစ်ပျက်လာသည့် ပရောဖက်ပြုချက်များ
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၁၁/၀၇ စာ. ၉

သမ္မာကျမ်းစာကို ယုံကြည်စိတ်ချရသည့် အကြောင်းရင်းများ

၅။ ပရောဖက်ပြုချက်ကိုပြည့်စုံစေ

မိုးလေဝသနှင့်ပတ်သက်၍ အမြဲလိုလို မှန်ကန်စွာ ခန့်မှန်းနိုင်သူတစ်ဦးကို စဉ်းစားကြည့်လိုက်ပါ။ မိုးရွာမည်ဟု သူ ကြိုပြောသည့်အခါ သင် ထီးဆောင်ထားမည်လော။

သမ္မာကျမ်းစာသည် တင်ကူးဟောကြားချက်များ သို့မဟုတ် ပရောဖက်ပြုချက်များဖြင့် ပြည့်နေပါသည်။a ယင်းတို့ကို သမိုင်းဆိုင်ရာမှတ်တမ်းများအတိုင်း တိကျရှင်းလင်းစွာ မှတ်တမ်းတင်ထား၏။ သမ္မာကျမ်းစာပရောပြုချက်သည် အမြဲပင် တိကျမှန်ကန်ပါသည်။

ထူးခြားချက်များကို ပိုင်းခြားသိမြင်ခြင်း။

သမ္မာကျမ်းစာပရောဖက်ပြုချက်များသည် အတိအကျဖြစ်လေ့ရှိပြီး အသေးငယ်ဆုံးသော အချက်အလက်မှစ၍ ပြည့်စုံလာခဲ့ပြီ။ ယင်းတို့တွင် အများအားဖြင့် အလွန်အရေးကြီးသောကိစ္စရပ်များပါဝင်ပြီး ကျမ်းစာရေးသားချိန်တွင် အသက်ရှင်ခဲ့ကြသူတို့ မျှော်လင့်ထားရာနှင့် ဆန့်ကျင်စွာ ကြိုဟောထားသည်။

ထူးခြားသောနမူနာတစ်ခု။

ယူဖရေးတီးမြစ်အပေါ် မဟာဗျူဟာမြောက်စွာ ခွ၍တည်ဆောက်ထားသော ရှေးဗာဗုလုန်မြို့ကို “ရှေးခေတ်အရှေ့တိုင်းဒေသ၏ နိုင်ငံရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့ဆုံစည်းရာဗဟိုဌာန” ဟူ၍ခေါ်ဆိုခဲ့ကြသည်။ ဘီစီ ၇၃၂ ခန့်တွင် ပရောဖက်ဟေရှာယက ဗာဗုလုန်ပြိုလဲမည်ဟူသော ကြောက်မက်ဖွယ်ပရောဖက်ပြုချက်ကို ရေးသားခဲ့၏။ “ကုရု” အမည်ရှိသော ခေါင်းဆောင်တစ်ဦးက အောင်နိုင်သူဖြစ်မည်၊ အကာအကွယ်ပေးသော ယူဖရေးတီးမြစ်ရေသည် “ခန်းခြောက်” မည်၊ မြို့တံခါးများကို “မပိတ်” ဘဲနေမည်ဟူ၍ ဟေရှာယက အတိအကျဖော်ပြခဲ့၏။ (ဟေရှာယ ၄၄:၂၇–၄၅:၃) အနှစ် ၂၀၀ နီးပါးကြာသည့်နောက် ဘီစီ ၅၃၉၊ အောက်တိုဘာ ၅ ရက်နေ့တွင် အဆိုပါပရောဖက်ပြုချက် အသေးစိတ်ပြည့်စုံခဲ့သည်။ ဂရိသမိုင်းပညာရှင် ဟီရိုဒိုးတပ်စ် (ဘီစီ ငါးရာစု) က ဗာဗုလုန်ကျဆုံးသွားပုံကို အတည်ပြုထောက်ခံခဲ့၏။b

ရဲရင့်သော ဟောကိန်းတစ်ခု။

ဟေရှာယသည် ဗာဗုလုန်နှင့်စပ်လျဉ်း၍ ‘ထိုမြို့၌ အဘယ်သူမျှမနေရ’ ဟူသော နောက်ထပ်တုန်လှုပ်ဖွယ် ပရောဖက်ပြုချက်တစ်ခုကို ကြိုဟောခဲ့၏။ (ဟေရှာယ ၁၃:၁၉၊ ၂၀) အချက်အချာကျကျ တည်ရှိနေသည့် ပြန့်ကျဲနေသောမြို့ ထာဝစဉ်ပျက်သုဉ်းသွားမည့်အကြောင်း ကြိုဟောခြင်းက အမှန်ပင် ရဲရင့်လှပေစွ။ ယင်းသို့သောမြို့တစ်မြို့သည် ပျက်စီးသွားပါက ပြန်တည်၍ရမည်ဟု သင်ယူမှတ်ပေမည်။ ဗာဗုလုန်သည် ကာလအတန်ကြာအောင် အောင်မြင်မှုသရဖူဆောင်းခဲ့သော်လည်း ဟေရှာယ၏စကားများမှာ တဖြည်းဖြည်း မှန်ကန်လာခဲ့၏။ ယနေ့ ရှေးဗာဗုလုန်၏တည်နေရာမှာ “ပြန့်ပြူး၍ ပူပြင်းခြောက်သွေ့ကာ ဖုန်ထူလျက်ရှိ၏” ဟု Smithsonian မဂ္ဂဇင်းကဆိုသည်။

ဟေရှာယပရောဖက်ပြုချက်၏ အရေးပါမှုကို စေ့စေ့ဆင်ခြင်ခြင်းက စိုးရွံ့ထိတ်လန့်ဖွယ်ကောင်းလှသည်။ ဟေရှာယကြိုပြောခဲ့ရာသည် နယူးယောက် သို့မဟုတ် လန်ဒန်ကဲ့သို့သော ခေတ်သစ်မြို့တော်ကြီးတစ်မြို့သည် ယခုမှစ၍ နောင်အနှစ် ၂၀၀ တွင် ဖျက်ဆီးခံရပြီး ဘယ်တော့မျှ လူနေထိုင်ရာအရပ် ပြန်ဖြစ်လာမည်မဟုတ်ဟု လေးလေးနက်နက် ကြိုတင်ဟောကိန်းထုတ်ခြင်းနှင့်တူ၏။ မှတ်သားဖွယ်အဖြစ်ဆုံးမှာ ဟေရှာယပရောဖက်ပြုချက်သည် အမှန်ဖြစ်ပျက်လာသည်ဟူသောအချက်ပင်။c

ကုရုအမည်ရှိသော ခေါင်းဆောင်တစ်ဦးသည် အင်အားကြီးမားသော ဗာဗုလုန်ကို အောင်နိုင်လိမ့်မည်ဟု သမ္မာကျမ်းစာက တိကျမှန်ကန်စွာ ကြိုဟောခဲ့

ဤအခန်းဆက်ဆောင်းပါးများတွင် သမ္မာကျမ်းစာသည် ယုံကြည်စိတ်ချထိုက်သည်ဟု သန်းပေါင်းများစွာသောသူတို့ ယုံကြည်လက်ခံခဲ့ကြသည့် သာဓကအချို့ကို သုံးသပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာကို ယုံကြည်စိတ်ချရသောလမ်းညွှန်အဖြစ် သူတို့လက်ခံကြ၏။ သင်သည်လည်း ယုံကြည်လက်ခံနိုင်မနိုင် ကိုယ်တိုင်ဆုံးဖြတ်နိုင်ရန် သမ္မာကျမ်းစာအကြောင်း ပိုမိုသိရှိအောင် လေ့လာပါလေ။

a မိုးလေဝသကြိုတင်ခန့်မှန်းချက်များသည် ဖြစ်လာနိုင်သည့် အခြေအနေများသာဖြစ်၏။ ဖြစ်ရပ်များကို မိမိအလိုရှိသည့်အတိုင်း စီမံကိုင်တွယ်နိုင်တော်မူသော ဘုရားသခင်သည် သမ္မာကျမ်းစာပရောဖက်ပြုချက်ကို မှုတ်သွင်းတော်မူခဲ့သည်။

b ဟေရှာယပရောဖက်ပြုချက် ပြည့်စုံမှုနှင့်စပ်လျဉ်း၍ ထပ်ဆင့်အချက်အလက်များအတွက် ယေဟောဝါသက်သေများထုတ်ဝေသော လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာ၊ စာမျက်နှာ ၂၇-၂၉ ကိုရှု။

c သမ္မာကျမ်းစာပရောဖက်ပြုချက်များနှင့် ယင်းတို့ ပြည့်စုံလာကြောင်း မှတ်တမ်းတင်ဖော်ပြထားသည့် သမိုင်းဆိုင်ရာဖြစ်ရပ်မှန်များနှင့်ပတ်သက်၍ ထပ်ဆင့်နမူနာများအတွက် ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော စာအုပ်၏ စာမျက်နှာ ၁၁၇-၃၃ ကိုရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ