ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၀ စာ. ၆
  • ရုပ်မြင်သံကြား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရုပ်မြင်သံကြား
  • နိုးလော့!—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • တီဗွီ အချိန်သူခိုးလော
    နိုးလော့!—၂၀၀၆
  • တီဗွီ “ပါးနပ်သောနည်းပြ”
    နိုးလော့!—၂၀၀၆
  • ထိန်းချုပ်နိုင်သည့် နည်းလမ်းများ
    နိုးလော့!—၂၀၀၆
နိုးလော့!—၂၀၁၀
န ၃/၁၀ စာ. ၆

ရုပ်မြင်သံကြား

အသံထုတ်လွှင့်ခြင်းကို လူတို့လေ့လာသိရှိခဲ့ပြီးနောက် မကြာမီတွင် တီထွင်သူတို့သည် ရုပ်ပုံများကို တိုက်ရိုက်ထုတ်လွှင့်၍ရမရကိုလည်း စဉ်းစားလာခဲ့ကြသည်။ ယင်းအခက်အခဲကို နားလည်ရန် ယနေ့ ရုပ်မြင်သံကြား မည်သို့အလုပ်လုပ်သည်ကို သုံးသပ်ကြည့်ကြစို့။

ဦးစွာ၊ တီဗွီကင်မရာတစ်လုံးသည် ကိရိယာတစ်ခုပေါ်သို့ ပုံတူရိပ်တစ်ခုဆုံချက်ချိန်လိုက်ရာ ပုံနှိပ်စာလုံးကို သင်ဖတ်သည့်နည်းအတိုင်းပင် ယင်းကိရိယာက ရုပ်ပုံကို “ဖတ်” လိုက်သည်။ သို့သော် စာမျက်နှာပေါ်ရှိ စာကြောင်းများကို ဖတ်မည့်အစား ယင်းက ရုပ်ပုံတွင်ပါသော အစက်အပြောက်စင်းကြောင်းကို ဖတ်သည်။ ယင်းက မြင်သည့်အရာကို နောက်တစ်နေရာသို့ တစ်ဆင့်ပေးပို့နိုင်သည့် အီလက်ထရွန်နစ်ရုပ်မြင်အချက်ပြလှိုင်းအဖြစ် ကူးပြောင်းစေသည်။ ထို့နောက် ဖမ်းစက် (receiver) က အချက်ပြလှိုင်းကို တိုက်ရိုက်ရုပ်ပုံအဖြစ်သို့ ပြန်၍ကူးပြောင်းပေးလိုက်သည်။

ဂျွန်လိုးဂျီဘာ့ထ်အမည်ရှိ စကော့တလန်လူမျိုးတစ်ဦးသည် ရုပ်မြင်သံကြား ဦးဆုံးတင်ဆက်ပြသသူတစ်ဦးအဖြစ် ဂုဏ်တင်ခံခဲ့ရသည်။ ကျန်းမာရေးချို့တဲ့မှုကြောင့် လျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာတစ်ဦးအဖြစ် သူ၏လုပ်ငန်းကို စွန့်လွှတ်ခဲ့သောအခါ ဆယ်ကျော်သက်အရွယ်ကတည်းက သူစိတ်ဝင်စားခဲ့သောဘာသာရပ်ဘက် လှည့်လိုက်သည်၊ ယင်းဘာသာရပ်မှာ တိုက်ရိုက်ပုံရိပ်များအဖြစ်သို့ ကူးပြောင်းစေနိုင်သည့်စက်တစ်လုံး တည်ဆောက်နည်းဖြစ်သည်။

ဘာ့ထ်၏တီဗွီကင်မရာသည် ကြောင်လိမ်ပုံဖြင့်အစီစဉ်တကျဖောက်ထားသော အပေါက် ၃၀ ခန့်ပါသော ချပ်ဝိုင်း (ပထမတွင် ဒုလုံးပုံရှိသောပုံး) ကိုသုံးခဲ့သည်။ ယင်းချပ်ဝိုင်းလည်သည့်အခါ အပေါက်များသည် အရုပ်၏အစင်းအကြောင်းများကို ဆက်တိုက်ဖတ်သွားကာ အလင်းလျှပ်စစ်ဆဲလ် (photoelectric cell) တစ်ခုပေါ်တွင် အလင်းရောင်ကျရောက်စေခဲ့သည်။ ယင်းဆဲလ်က ရုပ်မြင်လွှင့်လှိုင်းတစ်ခု ထွက်ပေါ်စေပြီး ဖမ်းစက်သို့ပေးပို့သည်။ ဖမ်းစက်တွင် အရုပ်ကို ပြန်ထွက်ပေါ်စေရန် အလားတူလည်နေသည့် ချပ်ဝိုင်းတစ်ခုနောက်တွင် မကြာခဏပြောင်းလဲသော အလင်းပေးဖို့ အချက်ပြလှိုင်းကို အားမြှင့်ပေးသည်။ စိန်ခေါ်ချက်မှာ ချပ်ဝိုင်းများကို တစ်ပြိုင်တည်းလည်နေစေရန် ဖြစ်သည်။ ဘာ့ထ်သည် သူ၏စီမံကိန်းတွင် အားသွန်ခွန်စိုက်လုပ်ခဲ့စဉ် ရှူးဖိနပ်တိုက်သည့်အလုပ်ဖြင့် မိမိဝမ်းကိုကျောင်းခဲ့သည်။

ဘာ့ထ်သည် ၁၉၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ဦးဆုံး ရုပ်မြင်သံကြားရုပ်ပုံများကို သူ၏ထပ်ခိုးအစွန်းတစ်ဖက်မှ အခြားတစ်ဖက်စွန်းသို့ ထုတ်လွှင့်ခဲ့သည်။ တီဗွီဖန်သားပြင်ပေါ် ပေါ်ဖူးသမျှတွင် ဦးဆုံးပေါ်လာသူမှာ အောက်ထပ်ရုံးခန်းတွင်အလုပ်လုပ်သော ဘာဖြစ်လာမည်ကို စိုးရိမ်နေသည့်လူငယ်လေးတစ်ဦးဖြစ်သည်၊ သူသည် ပြောထားသည့်ပုံစံအတိုင်းနေပေးရခြင်းအတွက် နှစ်သျှီလင်နှင့် ခြောက်ပဲနိရရှိခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ဘာ့ထ်သည် အတ္တလန္တိတ်ကိုဖြတ်ကျော်ပြီး ဦးဆုံးရုပ်မြင်သံကြားရုပ်ပုံများကို ထုတ်လွှင့်ခဲ့သည်။ နယူးယောက်မြို့သို့ ဂျွန်ဘာ့ထ်ကိုယ်တိုင်ရောက်ရှိခဲ့သောအခါ ရှက်တတ်သော ဤစကော့တလန်သားသည် ဘင်ခရာတီးမှုတ်သည့်အဖွဲ့၏ကြိုဆိုမှုကြောင့် အလွန်ရှက်ကိုးရှက်ကန်းဖြစ်ခဲ့သည်။ သူသည် ထင်ပေါ်ကျော်ကြားခဲ့သည်။ သို့သော် သူသည် ရုပ်ပုံများကို ဦးဆုံးတိုက်ရိုက်ထုတ်လွှင့်သူလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ