ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၂ စာ. ၂-၄
  • ကမ္ဘာပျက်မယ့်နေ့ကို လူအများ စိတ်ဝင်စားကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာပျက်မယ့်နေ့ကို လူအများ စိတ်ဝင်စားကြ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာပျက်မယ့်နေ့—လူအများထင်ထားသလို ဖြစ်လာမှာလား
    နိုးလော့!—၂၀၁၂
  • ကမ္ဘာပျက်မယ့်အချိန်ကို ညွှန်ပြတဲ့ နာရီကို သိပ္ပံပညာရှင်တွေ ရွှေ့လိုက်ကြ—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာ အမှန်ပဲလား
    နိုးလော့!—၂၀၁၇
  • ဒီကမ္ဘာလောက ကွယ်ပျောက်သွားတော့မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၉/၁၂ စာ. ၂-၄
ကမ္ဘာပျက်မယ့်နေ့အကြောင်း စိတ်ကူးပုံဖော်ကြပုံ

ကမ္ဘာပျက်မယ့်နေ့ကို လူအများ စိတ်ဝင်စားကြ

အနာဂတ်ကို တွေးကြည့်လိုက်တဲ့အခါ သင် စိုးရိမ်ကြောက်ရွံ့လာပါသလား။ ဒီလိုခံစားရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ရှေးအချိန်ကတည်းက၊ လူတွေဟာ အနာဂတ်မှာ ဖြစ်လာမယ့် အဖြစ်အပျက်တွေကို ခန့်မှန်းခဲ့ကြပြီး သူတို့ခန့်မှန်းချက်က အကောင်းချည်းပဲ မဟုတ်ဘူး။ ကမ္ဘာပျက်မယ့်နေ့ဟာ လူတွေကို ခြိမ်းခြောက်လာခဲ့တာ နှစ်ထောင်နဲ့ချီ ကြာပါပြီ။

ဥပမာ၊ မကြာသေးခင်က စိတ်ကူးယဉ် ဇာတ်လမ်းတွေကို သုံးသပ်ကြည့်ပါ။ ကာတွန်းရုပ်ပြ၊ တီဗွီ၊ ရာနဲ့ချီတဲ့ရုပ်ရှင်တွေနဲ့ ထောင်နဲ့ချီတဲ့ စာအုပ်တွေဟာ ကမ္ဘာပျက်မယ့်နေ့အကြောင်း ဇာတ်လမ်းအမျိုးမျိုး တင်ဆက်ခဲ့ကြတယ်။ အဲဒီဇာတ်လမ်းတွေထဲမှာ လူသားအားလုံးကို တိုက်ခိုက်ဖျက်ဆီးမယ့် ရန်သူတွေက စက်ရုပ်လူသတ်သမားတွေ၊ ကြောက်စရာ ဧရာမသတ္တဝါအမျိုးမျိုး၊ ဂြိုဟ်သားတွေ၊ သရဲတစ္ဆေ၊ နဂါး၊ မျောက်ဝံတွေ၊ ငှက်တွေ၊ မျိုးရိုးဗီဇပြောင်းကြွက်တွေနဲ့ ဧရာမနကျယ်ကောင်တွေ စသဖြင့် အမျိုးမျိုးပါပဲ။ ဒီပုံစံမျိုးနဲ့ ကမ္ဘာပျက်မှာကိုတော့ ဘယ်သူမှ မယုံလောက်ပါဘူး။

ဒါပေမဲ့ လူတွေကို ပိုကြောက်လန့်စေတဲ့ တခြားဇာတ်လမ်းတွေနဲ့ သီအိုရီတွေ ရှိနေပါတယ်။ တချို့ဆိုရင် သိပ္ပံပညာပေါ် အခြေခံတယ်လို့တောင် ပြောကြတယ်။ ကမ္ဘာ့မြေမျက်နှာပြင်တစ်ခုလုံး တစ်ပြိုင်နက် အကြီးအကျယ် လှုပ်ရှားသွားတဲ့အခါ ဧရာမဆူနာမီလှိုင်းလုံးတွေ၊ မြေငလျင်တွေနဲ့ မီးတောင်တွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ တချို့ပြောကြတယ်။ ဂြိုဟ်တွေက တစ်တန်းတည်းဖြစ်သွားပြီး နေ,ကနေထွက်လာတဲ့ အမှုန်အမွှားတွေက အရှိန်ပြင်းပြင်း ကျလာမှာဖြစ်တဲ့အတွက် ကမ္ဘာကို အကြီးအကျယ် ထိခိုက်ပျက်စီးစေမယ်လို့ တချို့က ဆိုပြန်တယ်။ ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းတွေ ရုတ်တရက် ပြောင်းပြန်ဖြစ်သွားပြီး အန္တရာယ်ရှိတဲ့ နေရောင်ခြည်တွေ ဖြာထွက်လာမှာ ဖြစ်တဲ့အတွက် လူအားလုံး သေဆုံးသွားလိမ့်မယ်လို့လည်း ပြောကြပြန်တယ်။ မစိုးရိမ်ပါနဲ့။ ဒီလိုအရာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒီလိုဇာတ်လမ်းတွေကို လူတွေ စိတ်ဝင်စားနေကြတယ်။

ဒီနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ ကမ္ဘာကုန်မယ်ဆိုပြီး ကြိုခန့်မှန်းကြတဲ့ မရေမတွက်နိုင်တဲ့ စာအုပ်တွေ၊ ဝက်ဘ်ဆိုက်တွေကော ဘယ်လိုလဲ။ နီဘီရူဆိုတဲ့ဂြိုဟ် (ဒါမှမဟုတ် ဂြိုဟ် X) က ကမ္ဘာကို ဝင်တိုက်မယ့် လမ်းကြောင်းမှာ ရှိနေပြီး ၂၀၁၂ ဒီဇင်ဘာမှာ ကမ္ဘာကို ဝင်တိုက်လိမ့်မယ်လို့ တချို့က ပြောကြတယ်။ ဒီအဆိုနဲ့ သက်သေအထောက်အထား မရှိတဲ့ တခြားသီအိုရီတွေကို ရှေးမာရာလူမျိုးရဲ့ ပြက္ခဒိန်ကို အနက်ဖွင့်ဆိုချက်နဲ့ ချိတ်ဆက်ကြတယ်။ တချို့တွေရဲ့ ပြောစကားအရဆိုရင် အဲဒီပြက္ခဒိန်က ၂၀၁၂ ဒီဇင်ဘာမှာ ကုန်ဆုံးမှာဖြစ်တယ်။

အဲဒီလိုမျိုး ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတဲ့ ကြိုဟောချက်တွေကြောင့် တချို့တွေက သူတို့ရဲ့ နောက်ဖေးကွက်လပ်မှာ ခိုလှုံစရာခိုင်ခံ့တဲ့ အဆောက်အဦတွေ ဆောက်လုပ်ကြတယ်။ တချို့တွေကျတော့ မြေအောက်ခိုလှုံရာတွေမှာ နေရာရဖို့ ငွေအများကြီး အကုန်ခံကြတယ်။ တချို့တွေက တောင်ပေါ်မှာသွားနေကြပြီး အဲဒီမှာ ရေ၊ မီး၊ လျှပ်စစ် စတဲ့ လူအများအတွက် မရှိမဖြစ်လိုအပ်ရာတွေ မရှိဘဲနဲ့ နေထိုင်ကြတယ်။

တချို့သူတွေကတော့ ဘယ်သီအိုရီ၊ ဘယ်ဇာတ်လမ်းကိုမှ မယုံကြဘူး။ မကြာခင် ကမ္ဘာပျက်တော့မယ်ဆိုတဲ့ ယူဆချက်ကို လက်မခံကြဘူး။ ဥပမာ၊ နာဆာအဖွဲ့မှာရှိတဲ့ သိပ္ပံပညာရှင်တွေက ခုလို အခိုင်အမာဆိုကြတယ်– “၂၀၁၂ ခုနှစ်မှာ ကမ္ဘာမြေကြီးဟာ ဘာမှ ဆိုးဆိုးဝါးဝါးဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ ကမ္ဘာဂြိုဟ်က ဘာမှမဖြစ်ဘဲ တည်ရှိလာခဲ့တာ နှစ်သန်းပေါင်း လေးထောင်ကျော်ပြီ။ ၂၀၁၂ မှာ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ကမ္ဘာတစ်ဝန်းက ယုံကြည်စိတ်ချထိုက်တဲ့ သိပ္ပံပညာရှင်တွေလည်း သိကြတယ်။”

လူသားတွေဟာ ဘာအန္တရာယ်မှ ကြုံမှာမဟုတ်ပါဘူး ဒါမှမဟုတ် ကမ္ဘာပျက်မယ့်နေ့ကို ယုံလွယ်လွန်းသူတွေပဲ ယုံကြတာပါဆိုပြီး ယူမှတ်မယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ ဒီလိုဆိုရင် ကမ္ဘာပျက်မယ့်နေ့ တကယ်ပဲလာမှာလား။ လာမယ်ဆိုရင် ဘယ်လိုနည်းနဲ့ ဘယ်အချိန်မှာ လာမှာလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ