ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၂ စာ. ၇
  • ပန်းတိုင်ထားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပန်းတိုင်ထားပါ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားရေးရာ ပန်းတိုင်တွေဆီ သင် အရောက်လှမ်းနိုင်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ငါ့အသက်တာကို ဘယ်လို အသုံးပြုသင့်သလဲ
    နိုးလော့!—၂၀၀၆
  • ကျောင်းထွက်လိုက်ရင် ကောင်းမလား
    လူငယ်များအမေး
  • မိဘတွေ ကူညီပေးနိုင်ရာ
    နိုးလော့!—၂၀၁၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၁၀/၁၂ စာ. ၇

ပန်းတိုင်ထားပါ

ကျောင်းသားတစ်ဦး လျှောက်မယ့်လမ်းကို ရွေးနေစဉ်

ပညာရေးက သင့်ကို ဘယ်ရောက်စေမလဲဆိုတာ သိထားရင် ကျောင်းတက်ရတာ ပိုအဓိပ္ပာယ်ရှိလာမယ်၊ ပိုပျော်လာမယ်။

ပန်းတိုင်မရှိဘဲ ကျောင်းတက်နေခြင်းက ပန်းဝင်မျဉ်းမရှိတဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ ဝင်ပြေးနေတာနဲ့ တူပါတယ်။ “သင်သွားရာလမ်းကို စူးစမ်း” ပါလို့ ကျမ်းစာကပြောတယ်။ (သု. ၄:၂၆) ပန်းတိုင်ရှိခြင်းက သင့်ကို အာရုံ မထွေပြားအောင် ကူညီပေးနိုင်ပြီး လုပ်ငန်းခွင်ကို ကောင်းစွာ ကူးပြောင်းသွားစေနိုင်တယ်။ ပန်းတိုင်တစ်ခု ဘယ်လိုထားနိုင်သလဲ။

‘အသက်မွေးဝမ်းကျောင်းအတွက် ငါ ဘာအလုပ်လုပ်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ ဒီမေးခွန်းကိုဖြေဖို့ အချိန်မဆွဲပါနဲ့။ ခပ်စောစောကတည်းက စီစဉ်ထားပါ။ ဘာကြောင့်လဲ။ ဒီလို စဉ်းစားကြည့်ပါ– သင်က ခရီးတစ်ခုသွားချင်တယ်ဆိုရင် ဦးဆုံး ဘယ်ကိုသွားမလဲဆိုတာကို ဆုံးဖြတ်ဖို့လိုတယ်။ ပြီးတဲ့နောက် အဲဒီနေရာကိုသွားဖို့ အသင့်တော်ဆုံးလမ်းကို သင် သတ်မှတ်မှာ ဖြစ်တယ်။ ကျောင်းတက်တာကိုလည်း အလားတူ လုပ်ဆောင်နိုင်ပါတယ်။ သင် ဘာအလုပ်လုပ်ချင်သလဲဆိုတာ စဉ်းစားပါ၊ ပြီးနောက် အဲဒီအလုပ်ရဖို့ အထောက်အကူပြုနိုင်တဲ့ လမ်းကြောင်းတွေကို ရွေးချယ်ပါ။

သတိပြုပါ– လူငယ်အတော်များများက သူတို့အကြိုက်ဆုံးလို့ ထင်တဲ့အရာကိုပဲ လုပ်မယ်လို့ တရားသေ ဆုံးဖြတ်ထားကြတယ်။ ဥပမာ၊ တေးဂီတပညာရှင်ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထားကြပြီး တခြားအရာတွေကို လုံးဝ မလုပ်ချင်ကြဘူး။ ဘယ်လို ရွေးချယ်တာက ပိုကောင်းပါသလဲ။

  1. ၁။ သင့် အရည်အချင်းကို ဆန်းစစ်ကြည့်ပါ။ ဥပမာ၊ သင်က တခြားသူတွေကို ကူညီပေးရတာ နှစ်သက်ပါသလား။ စက်ပိုင်းဆိုင်ရာဘက်မှာ စိတ်ဝင်စားပါသလား။ စာရင်းဇယားတွေကို ဝါသနာပါသလား။ ပစ္စည်းတွေကို ပြုပြင်ရတာ ကြိုက်သလား။

  2. ၂။ သင်လုပ်ချင်တဲ့အလုပ်တွေကို ဆန်းစစ်ကြည့်ပါ။ ဘယ်အလုပ်တွေက သင့်မှာရှိတဲ့ အရည်အချင်းနဲ့ သင့်တော်သလဲ။ သင့်စိတ်ကူးထဲက အလုပ်ကိုသာ အာရုံမစိုက်ဘဲ တခြားသူတွေနဲ့လည်း ဆွေးနွေးကြည့်ပါ။ လက်တွေ့ကျကျ စဉ်းစားပါ။ ဥပမာ၊ တခြားတစ်နေရာကို သင် ပြောင်းရွှေ့ရမယ်ဆိုရင် သင်ရွေးချယ်တဲ့အလုပ်က အဲဒီမှာကော ရှိနိုင်မလား။ အဲဒီအလုပ်ရဖို့ တက်ရမယ့် သင်တန်းတွေက အရမ်း အကုန်အကျများမလား။

  3. ၃။ အလုပ်ရနိုင်ခြေကို ဆန်းစစ်ပါ။ ဘယ်အလုပ်ကို လုပ်မလဲဆိုတာ သိပြီးနောက် သင်နေထိုင်တဲ့ ဒေသမှာ အဲဒီအလုပ်မျိုး ရနိုင်မရနိုင်ဆိုတာ ဆန်းစစ်ကြည့်ပါ။ သင် အလုပ်ဝင်နိုင်မယ့် တစ်နေရာရာကို သိသလား။ အဲဒီမှာ အလုပ်သင်အဖြစ် အလုပ်ဝင်လို့ရသလား။ အဲဒီအလုပ်အတွက် သင်တန်းရှိသလား။

အကြံပြုချက်– သင့်မိဘ၊ ဆရာဆရာမတွေနဲ့ အရွယ်ရောက်ပြီးဖြစ်တဲ့ မိတ်ဆွေတွေနဲ့ တိုင်ပင်ပါ။ အလုပ်အကိုင် ကြော်ငြာတွေနဲ့ အင်တာနက်မှာလည်း ရှာကြည့်ပါ။

အဓိကအချက်– ပန်းတိုင်ရှိမယ်ဆိုရင် သင် ကျောင်းတက်တဲ့အခါ ဦးတည်ချက်၊ ရည်ရွယ်ချက်ရှိမှာ ဖြစ်တယ်။

အခုပဲ လုပ်ဆောင်ကြည့်ပါ။ သင် ကျောင်းတက်နေဆဲဖြစ်ရင် ဖော်ပြထားတဲ့ အချက်သုံးချက်ကို အခုပဲ ဆန်းစစ်ကြည့်ပါ။ သင့်ရဲ့ ပန်းတိုင်တွေကို ချရေးပါ၊ သင့်မိဘနဲ့ တိုင်ပင်ဆွေးနွေးပါ။

ဒီဆောင်းပါးတွဲတွေမှာ ကျောင်းကနေ အကျိုးအပြည့်အဝရစေတဲ့ အဓိကအချက်တွေကို ဖော်ပြတဲ့အခါ သမ္မာကျမ်းစာကို မကြာခဏကိုးကားတာ သင် သတိထားမိပါလိမ့်မယ်။ ကျမ်းစာက “လျောက်ပတ်စွာ အသက်ရှင်နေထိုင်တတ်ရန် လမ်းညွှန်” ပေးနိုင်တယ်လို့ ဒီမဂ္ဂဇင်းကို ထုတ်ဝေတဲ့ ယေဟောဝါသက်သေတွေ ယုံကြည်ကြတယ်။ (၂ တိမောသေ ၃:၁၆၊ ခမ) ကျမ်းစာလမ်းညွှန်ချက်တွေက ကျောင်းကိစ္စမှာပဲ မဟုတ်ဘူး၊ အလုပ်မှာ၊ မိသားစုမှာနဲ့ တခြားနေရာမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အရေးကိစ္စတွေ အားလုံးအတွက် လက်တွေ့ကျတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ