ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၂ စာ. ၁၈-၃၁
  • မိသားစုအတူတကွလေ့လာရန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုအတူတကွလေ့လာရန်
  • နိုးလော့!—၂၀၁၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရုပ်ပုံနဲ့ ကျမ်းချက်ကို တွဲပါ
  • စုထားပါ၊ သင်ယူပါ
  • ညီအစ်ကိုညီအစ်မတွေနဲ့ သူတို့နေထိုင်တဲ့ဒေသတွေ
  • ကလေးတွေ ရုပ်ပုံရှာကြည့်ပါ
  • အဖြေများ
  • “သိပ်ရင်းနှီးသွားကြတယ်”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • သတ္တိရှိပြီး သစ္စာစောင့်သိတဲ့ ယောနသန်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ချစ်ခြင်းမေတ္တာအောင်လံ—အောက်တွင် စည်းစည်းလုံးလုံး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ‘ယေဟောဝါဘုရားကို ဘာကမှ မတားဆီးနိုင်ဘူး’
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၁၁/၁၂ စာ. ၁၈-၃၁

မိသားစုအတူတကွလေ့လာရန်

ရုပ်ပုံနဲ့ ကျမ်းချက်ကို တွဲပါ

ကမ္ဘာဦး ၁:၁-၃၁ ကိုဖတ်ပါ။ ရုပ်ပုံတစ်ခုစီကို ကိုက်ညီတဲ့ အခန်းငယ်တွေနဲ့ မျဉ်းကြောင်းဆွဲ ဖော်ပြပါ။ (ပုံတွေကို အစဉ်လိုက်စီထားတာ မဟုတ်ပါ။)

ဆွေးနွေးရန်–

ဖန်ဆင်းရာနေ့တွေက ၂၄ နာရီရှိတဲ့ နေ့တွေ မဟုတ်ဘူးဆိုတာ ဘယ်လိုလုပ်သိရသလဲ။

သဲလွန်စ– ကမ္ဘာဦး ၂:၄; ဆာလံ ၉၀:၄ တို့ကိုဖတ်ပါ။

ဖန်ဆင်းရာတွေကနေ ယေဟောဝါအကြောင်း ဘာသိရှိရသလဲ။

သဲလွန်စ– ဆာလံ ၁၁၅:၁၆; ရောမ ၁:၂၀; ၁ ယောဟန် ၄:၈; ဗျာ. ၄:၁၁ တို့ကိုဖတ်ပါ။

မိသားစုအတူတကွလုပ်ဆောင်ရန်–

တစ်ခုခုလေ့လာဖို့ရည်ရွယ်ချက်နဲ့ မိသားစုလိုက် တစ်နေရာရာသွားဖို့ စီစဉ်ပါ။ သင်နှစ်သက်တဲ့တိရစ္ဆာန်၊ အပင် ဒါမှမဟုတ် ဂြိုဟ်တွေကိုလေ့လာဖို့ တိရစ္ဆာန်ဥယျာဉ်၊ ပန်းခြံ၊ နက္ခတ်တာရာပြခန်းတစ်ခုခုကို လည်ပတ်ပါ။ သင်လေ့လာခဲ့တဲ့ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကနေ ယေဟောဝါအကြောင်း သင်သိရှိခဲ့ရာကို မိသားစုဝင်တွေကို ပြန်ပြောပြပါ။

စုထားပါ၊ သင်ယူပါ

ကျမ်းစာကတ်နံပါတ် ၇ ယောနသန်

မေးခွန်းများ

  1. က။ ယောနသန်ဟာ ဘယ်သူ့ရဲ့ အကြီးဆုံးသားလဲ။

  2. ခ။ မှန်သလား၊ မှားသလား။ ယောနသန်ရဲ့ဖခင်က ယောနသန်ကို လှံနဲ့ပစ်ပေါက်ခဲ့တယ်။

  3. ဂ။ ယောနသန်ဟာ ဘယ်သူ့ကို အရမ်းချစ်ခဲ့သလဲ၊ ဘာကြောင့်လဲ။

ကိုယ်ရေးအကျဉ်း

ယောနသန်ဟာ နန်းမွေဆက်ခံခွင့်ရှိသူ၊ ဒါဝိဒ်ထက် အသက် ၃၀ နီးပါးကြီးသူဖြစ်ပေမဲ့ ဘုရားသခင် ရွေးချယ်တင်မြှောက်သူ ဒါဝိဒ်ကို ထောက်မပေးခဲ့တယ်။ (၁ ရာ. ၂၃:၁၅-၁၈) မနာလိုဖြစ်ပြီး စိတ်ကြီးဝင်နေတဲ့ ဖခင်ရှောလုရန်ကနေ ဒါဝိဒ်ကို ကာကွယ်ပေးခဲ့တဲ့အတွက် အသက်ဘေးတောင် ကြုံခဲ့ရတယ်။ (၁ ရာ. ၂၀:၁-၄၂) ယောနသန်ရဲ့ နှိမ့်ချမှုပုံနမူနာက ဘုရားသခင်ထံကနေ ကောင်းတဲ့အရာတွေလက်ခံရရှိတဲ့ တခြားသူတွေအတွက် ဝမ်းသာပေးရမယ်ဆိုတာ ကျွန်ုပ်တို့ကို သင်ပေးတယ်။

အဖြေများ

  1. က။ ဘုရင်ရှောလု။—၁ ရာ. ၁၄:၄၇၊ ၄၉။

  2. ခ။ မှန်တယ်။—၁ ရာ. ၂၀:၃၃။

  3. ဂ။ ဒါဝိဒ်။ ဒါဝိဒ်က ဂေါလျတ်ကို တိုက်ခိုက်တဲ့အခါ ဒါဝိဒ်ရဲ့ ရဲစွမ်းသတ္တိနဲ့ ယေဟောဝါကိုချစ်မြတ်နိုးမှုကို သူတွေ့မြင်ခဲ့တယ်။—၁ ရာ. ၁၇:၁-၁၈:၄။

ညီအစ်ကိုညီအစ်မတွေနဲ့ သူတို့နေထိုင်တဲ့ဒေသတွေ

ကျွန်တော့်နာမည်က ပြည့်စုံအောင်ဖြစ်ပြီး အသက်က ၁၁ နှစ်ပါ။ ကျွန်မနာမည်က ဆုမြတ်ရတနာလွင်ဖြစ်ပြီး အသက် ၇ နှစ်ပါ။ ကျွန်မတို့က မြန်မာနိုင်ငံမှာ နေပါတယ်။ မြန်မာမှာ ယေဟောဝါသက်သေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ သိပါသလား။ ၃,၆၀၀ လား၊ ၆,၃၀၀ လား၊ ၁၀,၀၀၀ လား။

ကျွန်တော်တို့နေတဲ့နေရာကို ထောက်ပြနိုင်မလား။ အဲဒီနေရာကို ဝိုင်းပြပါ။ သင်နေတဲ့နေရာကို အစက်တစ်ခုချပြီး မြန်မာနဲ့ သင်တို့အကွာအဝေးကို ကြည့်ပါ။

ကလေးတွေ ရုပ်ပုံရှာကြည့်ပါ

ဒီရုပ်ပုံတွေက ဒီစာစောင်ရဲ့ ဘယ်နေရာမှာ ပါသလဲ။ ရုပ်ပုံတစ်ခုချင်းစီကို ကိုယ်ပိုင်စကားနဲ့ ရှင်းပြပါ။

အဖြေများ

  1. ၁။ ၁ နဲ့ စ။

  2. ၂။ ၂ နဲ့ ခ။

  3. ၃။ ၃ နဲ့ က။

  4. ၄။ ၄ နဲ့ င။

  5. ၅။ ၅ နဲ့ ဂ။

  6. ၆။ ၆ နဲ့ ဃ။

  7. ၇။ ၃,၆၀၀။

  8. ၈။ ဃ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ