ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၂ စာ. ၇
  • ၃ ဦးစားထားသင့်ရာကို သတ်မှတ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၃ ဦးစားထားသင့်ရာကို သတ်မှတ်ပါ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငွေသုံးချင်စိတ်ကို ငါဘယ်လို ချုပ်တည်းနိုင်မလဲ
    နိုးလော့!—၂၀၀၆
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ချမ်းသာကြွယ်ဝလိုခြင်း ယင်းက သင့်ကို ထိခိုက်စေနိုင်ပုံ
    နိုးလော့!—၂၀၀၇
  • ငွေကြေး စီမံသုံးစွဲပါ
    နိုးလော့!—၂၀၂၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၁၁/၁၂ စာ. ၇

၃ ဦးစားထားသင့်ရာကို သတ်မှတ်ပါ

အနည်းဆုံး တစ်နေ့ကိုတစ်ခါ မိသားစုလိုက် ထမင်းလက်ဆုံစားပါ

“အလုပ်သွားရ၊ ကလေးထိန်းရ၊ အိမ်ဝေယျာဝစ္စ လုပ်ရ၊ ဝတ်ပြုရေးနဲ့ အနားယူဖို့ အချိန်ပေးရတယ်။ ဒါတွေကို ဟန်ချက်ညီအောင် ကြိုးစားနေရတာ ကျွန်မ အရမ်းမောတယ်။”—ဂျပန်နိုင်ငံမှ ယိုကို။

အခက်အခဲ–

“အလုပ်လုပ်ရတဲ့ မိခင်ကလည်းဖြစ်၊ ကလေးတွေရဲ့ ကာယပိုင်း၊ စိတ်ပိုင်း၊ ဝတ်ပြုရေးပိုင်း အစစအရာရာ အားလုံးကို အိမ်ထောင်ဖက်ရဲ့ အကူအညီမပါဘဲ တာဝန်ယူထားရတာက ကျွန်မအတွက် တော်တော့်ကို ခက်တယ်” လို့ မာရန်ဒါက ပြောတယ်။

အကြံပြုချက်။

သင့်အတွက် အရေးကြီးဆုံးက ဘာလဲဆိုတာ ဆုံးဖြတ်ပါ။ ပြီးရင် အဲဒါတွေကို ဦးစားပေးလုပ်ပါ။

တခြားအရာတွေကြောင့် သင့်ရဲ့ ဦးစားထားရာ မပြောင်းသွားပါစေနဲ့။ သင့်ငွေနဲ့ အချိန်ကို စီမံခန့်ခွဲတတ်ဖို့ သင်ယူပါ။ ဥပမာ၊ သင့်ကလေးရဲ့ ကျန်းမာရေးက အရေးကြီးတယ်။ ဒါကြောင့် သင့်ချွေးနှဲစာနဲ့ အာဟာရရှိတဲ့ အစားအစာတွေ ဝယ်ပါ။ ဒါက ဆေးဖိုးဝါးခအတွက် ကုန်ကျတာထက် ပိုကောင်းပါတယ်။ စျေးမဝယ်ခင် ဘာဝယ်မလဲဆိုတဲ့စာရင်း လုပ်ပါ။ အဲဒီလို လုပ်ထားခြင်းက မလိုအပ်ဘဲ တွေ့ရာဝယ်မိတာမျိုး မဖြစ်အောင် ကူညီပေးတယ်။ အမေရိကန်မှာနေတဲ့ ကလေး လေးယောက်ဖခင် ရောဘတ်တိုက “ကျွန်တော် ချက်ပြုတ်ရတာ ဝါသနာပါတယ်” လို့ပြောတယ်။ ခုလိုလည်း ပြောတယ်– “လိုချင်ရာကိုမဟုတ်ဘဲ လိုအပ်ရာ၊ သာမန်လိုအပ်ရာမဟုတ်ဘဲ တစ်နေ့စီအတွက် တကယ်တမ်း လိုအပ်တဲ့အရာကို အာရုံစိုက်ဖို့ ကြိုးစားခဲ့ရတယ်။”

သင့်ချွေးနှဲစာနဲ့ အာဟာရရှိတဲ့ အစားအစာတွေ ဝယ်ပါ။ ဒါက ဆေးဖိုးဝါးခအတွက် ကုန်ကျတာထက် ပိုကောင်းပါတယ်

သင် အသုံးမလိုတဲ့ စာအုပ်၊ အဝတ်နဲ့ ပစ္စည်းတွေကို ရှင်းထုတ်ပစ်လိုက်ပါ။ ကြင်ဖော်မဲ့မိခင်တစ်ယောက်က ခုလိုပြောတယ်– “ပစ္စည်းများလေ စိတ်ရှုပ်လေပဲ။ ပစ္စည်းများများရှိရင် အဲဒါတွေကို သန့်ရှင်းရ၊ ပြုပြင်ရ၊ ထိန်းသိမ်းရနဲ့ ပိုအလုပ်ရှုပ်တယ်။ သင့်ဘဝကို ရိုးရှင်းစေဖို့ သော့ချက်က ပစ္စည်းနည်းနည်းပဲ ရှိစေခြင်းဖြစ်တယ်။” ညတိုင်း ပစ္စည်းတွေကို သပ်သပ်ရပ်ရပ် ပြန်သိမ်းဖို့ ကလေးကို လေ့ကျင့်ပေးပါ။ ရှုပ်ပွနေတာမျိုး မဖြစ်ပါစေနဲ့။ ဒီလိုအိမ်စည်းကမ်းတွေက သင့်ကလေးကို သူ့အခန်းကိုရော အိမ်ကိုပါ တာဝန်ယူတတ်အောင် သင်ပေးရာရောက်တယ်။ သင်ကိုယ်တိုင် ပုံသက်သေပြမယ်ဆိုရင် သင့်စကားက ပိုပြီး ထိရောက်ပါလိမ့်မယ်။

သင်အလုပ်များမှာ ဖြစ်ပေမဲ့ သင့်ကလေးကို အချိန်ပေးဖို့ လိုအပ်တယ်။ အချိန်ခဏလေး ပေးတာမျိုး မလုပ်ပါနဲ့။ အချိန်ပေးနိုင်သလောက် ပေးပါ။ သင့်ကလေးက သင့်ရဲ့အချိန်နဲ့ ဂရုစိုက်မှု လိုအပ်ပါတယ်။—တရားဟောရာ ၆:၇။

အနည်းဆုံး တစ်နေ့ကိုတစ်ခါ မိသားစုလိုက် ထမင်းလက်ဆုံစားပါ။ အဲဒီအချိန်ကို ပျော်ရွှင်စရာအချိန် ဖြစ်စေပါ။ ကလေးသုံးယောက်ရဲ့ မိခင်ဖြစ်သူ ကောလက်က ခုလိုပြောတယ်– “ဒီအချိန်ကို ပွင့်ပွင့်လင်းလင်း စကားပြောရမယ့်အချိန်၊ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကိစ္စတွေ ပြောဆိုရမယ့်အချိန်အဖြစ် ကျွန်မတို့ သတ်မှတ်ထားတယ်။ အဲဒီအချိန်ဟာ ကျွန်မတို့မိသားစုအတွက် အထူးအချိန်ဖြစ်ခဲ့သလို အခုထိလည်း ဖြစ်နေဆဲပဲ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ