ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၂ စာ. ၁၁
  • ယင်ကောင်ရဲ့ တောင်ပံငုတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယင်ကောင်ရဲ့ တောင်ပံငုတ်
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်ပေမဲ့ အောင်မြင်နိုင်
    နိုးလော့!—၂၀၁၂
  • သီးလုံးဖောက် ယင်ကောင်ရဲ့ ပျံသန်းနိုင်စွမ်း
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • သဘာဝပျံသန်းသတ္တဝါများ၏ အတောင်ပံ
    နိုးလော့!—၂၀၀၉
  • စွမ်းအားသုံးလေယာဉ်
    နိုးလော့!—၂၀၁၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၁၁/၁၂ စာ. ၁၁

ဒါက သူ့အလိုလိုဖြစ်လာနိုင်ပါ့မလား

ယင်ကောင်ရဲ့ တောင်ပံငုတ်

ယင်ကောင်တွေက ပျံသန်းတဲ့အခါ အံ့ဩစရာကောင်းလောက်အောင် လျင်မြန်ဖျတ်လတ်တာ ဘာကြောင့်လဲ။ လေတစ်ချက်အဝှေ့မှာ ဟန်ချက်ပျက်သွားပေမဲ့ ချက်ချင်းဟန်ချက်ထိန်းပြီး ဆက်ပျံနိုင်တာ ဘာကြောင့်လဲ။ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းကတော့ ယင်ကောင်ရဲ့ တောင်ပံတွေ အနောက်နားမှာရှိတဲ့ တောင်ပံငုတ် လို့ ခေါ်တဲ့ သေးငယ်တဲ့အင်္ဂါ နှစ်ခုကြောင့်ဖြစ်တယ်။a

သုံးသပ်ကြည့်ပါ– တောင်ပံငုတ်က အစွန်းတစ်ဖက်မှာ လက်ကိုင်ဖုလို အဖုပါတဲ့ တုတ်ချောင်းနဲ့တူတယ်။ ယင်ကောင် ပျံသန်းနေတဲ့အချိန်မှာ အဲဒီတောင်ပံငုတ်ဟာ တောင်ပံခတ်နှုန်းနဲ့အပြိုင်၊ တောင်ပံခတ်တဲ့ ဦးတည်ချက်နဲ့ ဆန့်ကျင်ဘက် အပေါ်အောက် လွှဲနေတယ်။ ဒီတောင်ပံငုတ်တွေက ယင်ကောင်ကို ပုံမှန်ဆက်ပျံသန်းနေဖို့အတွက် အထောက်အကူပြုကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတယ်။

တောင်ပံငုတ်သာ မရှိဘူးဆိုရင် ယင်ကောင် (ဘယ်ဘက်) နဲ့ ခရိန်းပျံကောင်က အလွယ်တကူပဲ မြေပေါ်ကျသွားနိုင်

တင်းပုတ်ပုံ တောင်ပံငုတ်တွေဟာ “နာရီချိန်သီးလို ရိုက်ခတ်နေတယ်” လို့ စွယ်စုံကျမ်းတစ်ခု (Encyclopedia of Adaptations in the Natural World) မှာဖော်ပြထားတယ်။ ယင်ကောင်ဟာ ပျံသန်းနေရင်း မိမိဘာသာဖြစ်စေ၊ လေတစ်ချက်အဝှေ့ကြောင့်ဖြစ်စေ ရုတ်တရက် လှည့်လိုက်တဲ့အခါ “တောင်ပံငုတ်တွေ လိမ်သွားတယ်” လို့ စွယ်စုံကျမ်းက ဆက်ဖော်ပြတယ်။ “အဲဒီလိုလိမ်သွားတာကို တောင်ပံငုတ် အဖျားမှာရှိတဲ့ အာရုံခံအင်္ဂါအစုအဝေးက သိရှိပြီး ဦးနှောက်ကို အဲဒီအချက်အလက် ပို့ပေးတဲ့အတွက် ယင်ကောင်ဟာ ဆက်ပျံသန်းနိုင်အောင် လိုအပ်သလို လုပ်ဆောင်သွားတယ်။” ဒါကြောင့် ယင်ကောင်တွေဟာ လှုပ်ရှားမှု အရမ်းမြန်ပြီး ဖမ်းရခက်တာဖြစ်တယ်။

အင်ဂျင်နီယာတွေက ယင်ကောင်ရဲ့ တောင်ပံငုတ်ကနေ အချက်အလက်များစွာ ရရှိကြတယ်၊ အဲဒီအချက်အလက်တွေကို စက်ရုပ်တွေ၊ သေးငယ်ပြီး ပျံနိုင်တဲ့ စက်ရုပ်ပိုးကောင်တွေ၊ အာကာသယာဉ်တွေမှာ အသုံးပြုကြတယ်။ “သေးငယ်ပြီး ရွံစရာကောင်းတဲ့ ယင်ကောင်လို သတ္တဝါကနေ ဒီလောက်အထိ သင်ယူနိုင်မယ်လို့ ဘယ်သူထင်မလဲ” ဆိုပြီး အာကာသယာဉ် တည်ဆောက်မှုနည်းပညာ သုတေသီ ရာဖယ် ဇဘီကိုစကီ ရေးသားခဲ့တယ်။

သင်ဘယ်လိုထင်ပါသလဲ။ ယင်ကောင်ရဲ့ တောင်ပံငုတ်ဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲ ခံထားရတာလား။

a ယင်ကောင်၊ ခြင်နဲ့ မှက်တွေလို တောင်ပံနှစ်ခုရှိတဲ့ အင်းဆက်ပိုးတွေမှာ တောင်ပံငုတ်ကို တွေ့ရတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ