ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၃ စာ. ၄-၅
  • နာကျင်စေတဲ့ အပြောအဆိုကို ရှောင်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နာကျင်စေတဲ့ အပြောအဆိုကို ရှောင်နိုင်ပုံ
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • လျှို့ဝှက်ချက် ၄– လေးစားမှု
    နိုးလော့!—၂၀၀၉
  • ‘ကောင်းတဲ့စကားကို အပြုသဘောပါပါ ပြောကြပါ’
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • “ကောင်းတဲ့စကားကို အပြုသဘောပါပါ ပြောကြပါ”
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • သင်၏လျှာကို ထိန်းခြင်းဖြင့် မေတ္တာနှင့် လေးစားမှုပြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၄/၁၃ စာ. ၄-၅
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

မိသားစုတွေအတွက်အကူအညီ | အိမ်ထောင်ရေး

နာကျင်စေတဲ့ အပြောအဆိုကို ရှောင်နိုင်ပုံ

အခက်အခဲ

သင်နဲ့သင့်အိမ်ထောင်ဖက်က သဘောထားကွဲလွဲတဲ့အခါတိုင်း တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်တဲ့စကားတွေ ကရားရေလွတ် ထွက်လာတတ်သလား။ သင်တို့အိမ်ထောင်မှာ စိတ်နာကျင်စေတဲ့စကားတွေ ပြောနေကျဖြစ်လာပြီလား။

အဲဒီလိုဖြစ်နေတယ်ဆိုရင် အခြေအနေကို ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုစကားတွေ ဘာကြောင့်ထွက်လာရတာလဲ၊ လင်မယားစပ်ကြား ဒီလိုစကားတွေကို ဘာကြောင့်မပြောသင့်သလဲဆိုတာ အရင်ဆုံး သိဖို့လိုအပ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်း

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

မိသားစုနောက်ခံ။ ခင်ပွန်းသည်၊ ဇနီးသည်များစွာက နာကျင်စေတဲ့စကားတွေ ပြောဆိုတတ်ကြတဲ့ မိသားစုမှာ ကြီးပြင်းလာကြသူတွေ ဖြစ်တယ်။ အိမ်ထောင်ဖက်တစ်ဦး ဒါမှမဟုတ် နှစ်ဦးစလုံးက မိဘတွေပြောနေကျပုံစံအတိုင်း ပြန်ပြောတာဖြစ်နိုင်တယ်။

ဖျော်ဖြေရေးရဲ့သြဇာ။ ရုပ်ရှင်နဲ့ရုပ်မြင်သံကြား ဟာသဇာတ်လမ်းတွေမှာ ရိုင်းစိုင်းတဲ့အပြောအဆိုတွေကို ရယ်စရာအဖြစ်တင်ဆက်တဲ့အတွက် ကြည့်ရှုသူတွေက အဲဒီအပြောအဆိုတွေကို ဘာမှမဟုတ်တဲ့အရာ၊ ဟာသအနေနဲ့တောင် ရှုမြင်လာကြတယ်။

ယဉ်ကျေးမှု။ လူမှုအသိုင်းအဝိုင်းတချို့မှာ နိုင်ထက်စီးနင်းဆက်ဆံတတ်မှ “ယောက်ျားပီသ” တယ်၊ မိန်းမဆိုရင်လည်း ခပ်စွာစွာပြန်ပြောမှ ပျော့ညံ့တယ်လို့ အထင်မခံရမှာဆိုပြီး သွန်သင်ပေးတတ်ကြတယ်။ အဲဒီသဘောထားရှိတဲ့ အိမ်ထောင်ဖက်တွေဟာ သဘောထားကွဲလွဲတဲ့အခါ တစ်ယောက်ကိုတစ်ယောက် မိတ်ဆွေလို့ မမြင်တော့ဘဲ ရန်သူလို့မြင်ပြီး ပြေလည်စေမယ့်စကားတွေအစား နာကျင်စေတဲ့စကားတွေ ပြောကြတော့တယ်။

ဘာအကြောင်းကြောင့်ပဲပြောပြော၊ ထိခိုက်နာကျင်စေတဲ့စကားတွေဟာ အိမ်ထောင်ပြိုကွဲတဲ့အထိဖြစ်စေနိုင်သလို ကျန်းမာရေးပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်တယ်။ တချို့သူတွေက အရိုက်ခံရတာထက် အပြောခံရတာ ပိုနာတယ်လို့ ပြောတတ်ကြတယ်။ ဥပမာ၊ နှုတ်နဲ့ပြောတာရော ကိုယ်ထိလက်ရောက်ရိုက်တာပါခံရတဲ့ ဇနီးသည်တစ်ဦး ဒီလိုပြောတယ်– “ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခံရတာထက် ချိုးချိုးဖဲ့ဖဲ့ပြောဆိုခံရတာက ပိုနာတယ်။ အဲဒီလိုအပြောခံရမယ့်အစား အရိုက်ပဲခံလိုက်ချင်တယ်။”

စိတ်နာကျင်စေတဲ့စကားတွေကြောင့် သင်နဲ့သင့်အိမ်ထောင်ဖက်ရဲ့ဆက်ဆံရေး လုံးပါးပါးနေပြီဆိုရင် ဘာလုပ်နိုင်ပါသလဲ။

သင်လုပ်ဆောင်နိုင်ရာ

ထောက်ထားစာနာပါ။ အိမ်ထောင်ဖက်ရဲ့နေရာမှာ ဝင်နေကြည့်ပါ။ သင့်စကားတွေက သူ့ကို ဘယ်လောက်ထိခံစားသွားစေသလဲဆိုတာ စဉ်းစားကြည့်ပါ။ ဖြစ်နိုင်မယ်ဆိုရင် သင့်ရဲ့စကားကြောင့် သင့်အိမ်ထောင်ဖက် စိတ်ထိခိုက်သွားတဲ့ အဖြစ်အပျက်တစ်ခုကို စဉ်းစားကြည့်ပါ။ ဘာပြောလိုက်တယ်ဆိုတာကို မဟုတ်ဘဲ သင်ပြောလိုက်တဲ့ စကားကြောင့် သင့်အိမ်ထောင်ဖက် ဘယ်လို ခံစားရသလဲဆိုတာ သိအောင်လုပ်ပါ။ အဲဒီလိုပြောမယ့်အစား စိတ်မနာစေဘဲ ပြောနိုင်မယ့်နည်းကို သင် စဉ်းစားမိသလား။ သမ္မာကျမ်းစာက ဒီလိုဆိုတယ်– “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုနှိုးဆော်တတ်၏။”—သုတ္တံ ၁၅:၁။

လေးစားခံရတဲ့မောင်နှံတွေကို တုပပါ။ နာကျင်စေတဲ့စကား ပြောဆိုတတ်တဲ့ဝန်းကျင်မှာကြီးပြင်းလာလို့ အခုလိုပြောဆိုမိတာဆိုရင် ပုံသက်သေကောင်းသူတွေကို ရှာကြည့်ပါ။ စကားအပြောအဆိုမှာ တုပထိုက်တဲ့ ဇနီးမောင်နှံတွေ ဘယ်လိုပြောဆိုကြသလဲဆိုတာ ဂရုပြုကြည့်ပါ။—ကျမ်းစာမူ– ဖိလိပ္ပိ ၃:၁၇။

အတူပျော်ခဲ့တဲ့ အချိန်လေးတွေကို ပြန်စဉ်းစားပါ။ စိတ်ထိခိုက်စေတဲ့စကားတွေက ခံစားချက်ကြောင့် ပြောထွက်လာတတ်တယ်။ ဒါကြောင့် သင့်အိမ်ထောင်ဖက်အကြောင်း အပြုသဘောဆန်တဲ့ အတွေးတွေ၊ ခံစားချက်တွေ မွေးမြူပါ။ အတူတူပျော်ခဲ့တဲ့ အချိန်လေးတွေအကြောင်း စားမြုံ့ပြန်ပါ။ အရင်တုန်းက ဓာတ်ပုံတွေပြန်ကြည့်ပါ။ ဘာတွေကြောင့် ပျော်ရွှင်ရယ်မောခဲ့ရသလဲ။ ဘယ်အရည်အသွေးတွေကြောင့် သူ့အပေါ်တွယ်တာသွားတာလဲ။ —ကျမ်းစာမူ– လုကာ ၆:၄၅။

ကိုယ်နဲ့ဆိုင်တာကိုပဲပြောပါ။ သင့်အိမ်ထောင်ဖက်ကို စကားနဲ့တိုက်ခိုက်မယ့်အစား သင်ပြောချင်တဲ့အကြောင်းအရာကို သင်ဘယ်လိုခံစားရသလဲဆိုတဲ့ဘက်ကနေ ပြောပါ။ ဥပမာ၊ “မင်းအမြဲတမ်းဒီလိုပဲ၊ ဘာလုပ်လုပ် ငါ့ကိုမတိုင်ပင်ဘူး”လို့ ပြောမယ့်အစား “ဒီလိုအစီအစဉ်ရှိတယ်ဆိုတာ ကိုယ်နဲ့မတိုင်ပင်တဲ့အတွက် ကိုယ့်ကိုအရေးမစိုက်ဘူးလို့ ခံစားရတယ်” လို့ ပြောတာက အပြုသဘောတုံ့ပြန်နိုင်ခြေပိုများပါတယ်။—ကျမ်းစာမူ– ကောလောသဲ ၄:၆။

ရပ်လိုက်သင့်တဲ့ အချိန်ကိုသိပါ။ ဒေါသအထွတ်အထိပ်ရောက်လာပြီး စကားပြောတာကိုလည်း မထိန်းနိုင်တော့ဘူးဆိုရင် ဆွေးနွေးနေတာကို ရပ်လိုက်တာ အကောင်းဆုံးဖြစ်တယ်။ စကားများ ရန်ဖြစ်တဲ့အခြေအနေကို ရှောင်ပြီး စိတ်တည်တည်ငြိမ်ငြိမ်ရှိမှ ပြန်ဆွေးနွေးတာက ပိုကောင်းပါတယ်။ —ကျမ်းစာမူ– သုတ္တံ ၁၇:၁၄။

စိတ်ထိခိုက်စေတဲ့စကားတွေက ခံစားချက်ကြောင့် ပြောထွက်လာတတ်တယ်

အဓိကကျမ်းချက်များ

  • “ခင်ပွန်းသည်လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ဇနီးကို ချစ်သင့်၏။”—ဧဖက် ၅:၂၈။

  • “ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်၏။”—ဧဖက် ၅:၃၃။

  • “အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။”—ဧဖက် ၄:၃၁။

“ဆဲဆိုခြင်း” ဆိုတာ ဘာကိုပြောတာလဲ

ကျမ်းစာမှာ “အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို . . . ဖယ်ရှားကြလော့” လို့ပြောထားတယ်။ (ဧဖက် ၄:၃၁) ပေါလုက “အော်ဟစ်ငေါက်ငမ်းခြင်း” နဲ့ “ဆဲဆိုခြင်း” ကို ဘာကြောင့် ခွဲခြားပြောခဲ့တာလဲ။ “အော်ဟစ်ငေါက်ငမ်းခြင်း” လို့ပြန်ဆိုတဲ့ မူရင်းစကားလုံး (ဂရိ၊ ခရောက်ဗီး) က အသံကိုမြှင့်ပြီးပြောတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ အဲဒါနဲ့မတူဘဲ “ဆဲဆိုခြင်း” (ဂရိ၊ ဘလက်ဖီမီးယာ) က ပြောတဲ့အကြောင်းအရာကို ဖော်ပြတယ်။ ဘာအဓိပ္ပာယ်လဲ။ ဆဲဆိုတဲ့အခါ အမြဲတမ်းတော့ အော်ကြီးဟစ်ကျယ် မပြောဘူး။ အသံနိမ့်ပြီးပြောရင်တောင် မလိုတမာစိတ်နဲ့ပြောတာ၊ ချိုးနှိမ်ပြောတာ၊ စော်ကားပြောဆိုတာတွေဟာ ဆဲဆိုတာဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ