ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၃ စာ. ၁၂-၁၃
  • အင်ဒိုနီးရှားသို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အင်ဒိုနီးရှားသို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၃
နိုးလော့!—၂၀၁၃
န ၄/၁၃ စာ. ၁၂-၁၃
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

သူတို့မြေ၊ သူတို့ဓလေ့

အင်ဒိုနီးရှားသို့ အလည်တစ်ခေါက်

အင်ဒိုနီးရှားနိုင်ငံကို ကျွန်းပေါင်း ၁၇,၀၀၀ လောက်နဲ့ ဖွဲ့စည်းထားပါတယ်။ နိုင်ငံသားတွေဟာ ထူးထူးခြားခြားရင်းနှီးဖော်ရွေ၊ စိတ်ရှည်ပြီး ဧည့်ဝတ်ပျူငှာကြတယ်။

[စာမျက်နှာ ၁၂ ပါ မြေပုံ]

အင်ဒိုနီးရှားတွေဟာ ထမင်းကို ဟင်းခတ်အမွှေးအကြိုင်ကဲလေ့ရှိတဲ့ဟင်းနဲ့စားပြီးနောက် အသီးအနှံတွေ စားလေ့ရှိတယ်။ တချို့ဒေသတွေမှာ မိသားစုလိုက် ဖျာပေါ်ထိုင်ပြီး စားတဲ့ထုံးစံရှိတယ်။ ထမင်းထဲ ဟင်းထည့်ပြီး လက်နဲ့စားကြတယ်။ အင်ဒိုနီးရှားတွေက ဒီလိုလက်နဲ့စားရတာ ပိုအရသာရှိတယ်လို့ ပြောကြတယ်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဒူးရင်းသီးက မလိုင်လို အနှစ်များပြီး အနံ့ပြင်းပေမဲ့ လူကြိုက်များ

အင်ဒိုနီးရှားတွေက အနုပညာ၊ အကနဲ့ တေးဂီတကို နှစ်သက်ကြတယ်။ အင်ဒိုနီးရှားရဲ့ ရိုးရာတူရိယာတစ်ခုကတော့ အန်းကလန် လို့ခေါ်တယ်၊ ဘောင်တစ်ခုအတွင်းမှာ ဝါးလုံးတွေကို ချောင်ချောင်လေးတွဲထားပြီး အဲဒီဝါးလုံးတွေက လှုပ်ရှားလို့ရတယ်။ အတွဲတစ်တွဲကို လှုပ်လိုက်တဲ့အခါ သက်ဆိုင်ရာဂီတသံတစ်သံထွက်လာတယ်။ တေးသွားတစ်ခု ဖြစ်ပေါ်ဖို့ဆိုရင် အန်းကလန်တီးသူတွေက တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှဖို့၊ အန်းကလန်ကို ချိန်ကိုက်လှုပ်ခတ်ဖို့ လိုတယ်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

သစ်ပင်ပေါ်နေတဲ့ တိရစ္ဆာန်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ အော်ရန်အူတန်လူဝံကို ဆူမားတြာ:နဲ့ ဘိုနီယိုကျွန်းရဲ့ မိုးသစ်တောတွေမှာ တွေ့နိုင်တယ်။ အရွယ်ရောက်ပြီးအထီးတစ်ကောင်ရဲ့အလေးချိန်က ပေါင် ၂၀၀ လောက်ရှိပြီး သူ့ရဲ့လက်နှစ်ဖက်ဆန့်အကွာအဝေးက ရှစ်ပေ ရှိနိုင်တယ်

အင်ဒိုနီးရှားကို ဟိန္ဒူဘာသာ၊ ပြီးတဲ့နောက် ဗုဒ္ဓဘာသာက အေဒီ ၁၅ ရာစုရောက်တဲ့အထိ လွှမ်းမိုးခဲ့တယ်။ ဒါပေမဲ့ ၁၆ ရာစုရောက်လာတဲ့အခါ အစ္စလာမ်ဘာသာက အင်ဒိုနီးရှားယဉ်ကျေးမှုကို လွှမ်းမိုးသွားတယ်။ ၁၆ ရာစုမှာ ဥရောပသားတွေဟာ ဟင်းခတ်အမွေးအကြိုင်ရှာဖွေရင်းရောက်လာကြပြီး သူတို့နဲ့အတူ ခရစ်ယာန်ဘာသာ ဝင်ရောက်လာခဲ့တယ်။

သမ္မာကျမ်းစာပညာပေးလုပ်ငန်းကြောင့် လူသိများတဲ့ ယေဟောဝါသက်သေတွေလည်း ၁၉၃၁ ခုနှစ်ကတည်းက အင်ဒိုနီးရှားမှာ အမှုဆောင်နေကြတယ်။ အင်ဒိုနီးရှားမှာ အခုဆိုရင် ယေဟောဝါသက်သေ ၂၂,၀၀၀ ကျော်ရှိတယ်။ သူတို့ဟာ နားမကြားသူတွေကို တွေ့ဆုံဖို့လည်း ကြိုးစားနေကြတယ်။ မကြာသေးခင်နှစ်က ယေဟောဝါသက်သေတွေဟာ ယေရှုခရစ်ရဲ့သေခြင်း အောက်မေ့ရာပွဲကို လက်သင်္ကေတပြဘာသာစကားနဲ့ အထူးကျင်းပပေးခဲ့ပြီး တက်ရောက်သူ ၅၀၀ ကျော်ရှိခဲ့တယ်။

အင်ဒိုနီးရှားအကြောင်း သင် ဘယ်လောက်သိသလဲ

အင်ဒိုနီးရှားမှာ အောက်ဖော်ပြရာတွေထဲက ဘယ်အရာရှိမယ်လို့ ထင်ပါသလဲ

  1. (က) အပင်မျိုးစိတ်ပေါင်း ၂၀,၀၀၀

  2. (ခ) နို့တိုက်သတ္တဝါအမျိုးအစား အများဆုံး

  3. (ဂ) ကမ္ဘာ့အကြီးဆုံးပန်းပွင့်

  4. (ဃ) ကမ္ဘာ့အရှည်ဆုံးပန်းပွင့်

အဖြေ– အားလုံးရှိပါတယ်။ အကြီးဆုံးပန်းပွင့်က အချင်းသုံးပေ ရှိပြီး အရှည်ဆုံးပန်းပွင့်က အမြင့်ဆယ်ပေရှိတယ်။

အချက်အလက်အကျဉ်း

  • လူဦးရေ– ၂၃၇,၆၀၀,၀၀၀

  • မြို့တော်– ဂျာကာတာ

  • ရာသီဥတု– ပူပြင်းစွတ်စို

  • ပို့ကုန်– စားအုန်းဆီ၊ ရော်ဘာ၊ ရေနံ၊ ကျောက်မီးသွေး

  • ဘာသာစကား– ဘဟာစာ အင်ဒိုနီးရှားဘာသာစကားနဲ့ ဒေသသုံး၊ နယ်မြေသုံးဘာသာစကားပေါင်း တစ်ရာလောက်ရှိ

  • ကိုးကွယ်တဲ့ဘာသာ– အများစု အစ္စလာမ် (၈၈ ရာခိုင်နှုန်း)

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

နိုးလော့! စာစောင်ကို (ဘဟာစာ အင်ဒိုနီးရှားလို့လည်း သိကြတဲ့) အင်ဒိုနီးရှားဘာသာစကား အပါအဝင် ဘာသာစကား ၉၈ ဘာသာနဲ့ထုတ်ဝေတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ