ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၃ စာ. ၁၄-၁၅
  • ကျန်းမာရေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျန်းမာရေး
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မစိုက်ဆိုတာ ဘုရားသခင် စိတ်ဝင်စားပါသလား
  • ကျွန်ုပ်တို့ ဖျားနာရတဲ့အကြောင်းရင်းကို သမ္မာကျမ်းစာက ဘယ်လိုရှင်းပြသလဲ
  • ကျန်းမာရေးကုသမှုကို သမ္မာကျမ်းစာက ရှုတ်ချထားသလား
  • လူခပ်သိမ်းအတွက် ပြည့်ဝစုံလင်သောကျန်းမာရေး
    နိုးလော့!—၁၉၉၇
  • ဖျားနာမှု မရှိတော့ချိန်ဝယ်!
    နိုးလော့!—၂၀၀၇
  • ကျန်းမာရေးကို ဂရုစိုက်ရာတွင် ကျမ်းစာအမြင်ကို ထိန်းသိမ်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သင့်ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၄/၁၃ စာ. ၁၄-၁၅
[စာမျက်နှာ  ၁၄ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာရှုထောင့်

ကျန်းမာရေး

ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မစိုက်ဆိုတာ ဘုရားသခင် စိတ်ဝင်စားပါသလား

“စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစားကြူးသောသူတို့ကို အပေါင်းအဖော်မလုပ်နှင့်။”—သုတ္တံ ၂၃:၂၀။

ဒီအကြောင်းသိဖို့ ဘာကြောင့်အရေးကြီးသလဲ။

သမ္မာကျမ်းစာက ဆေးပြဋ္ဌာန်းစာအုပ်မဟုတ်သလို ပြုမူကျင့်ကြံပုံတိုင်းအတွက်လည်း စည်းမျဉ်းစည်းကမ်းသတ်မှတ်မထားပါဘူး။ ဒါပေမဲ့ ကျန်းမာရေးအပေါ် ဘုရားသခင့်ရှုမြင်ပုံကို သမ္မာကျမ်းစာမှာဖော်ပြထားတယ်။ အဲဒါကိုသိထားမယ်ဆိုရင် သင် အကျိုးအများကြီးရနိုင်ပါတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းနဲ့ပတ်သက်တဲ့ ဘုရားသခင့်သဘောထားကို သမ္မာကျမ်းစာရဲ့ကျမ်းပိုဒ်တော်တော်များများမှာ ဖော်ပြထားတယ်။ ဥပမာ၊ အရက်သောက်ကြူးတာနဲ့ စားကြူးတာအပါအဝင် အန္တရာယ်ရှိလောက်တဲ့ လွန်ကျူးမှုတွေကို သမ္မာကျမ်းစာက ရှုတ်ချထားတယ်။ (သုတ္တံ ၂၃:၂၀) ရှေးခေတ်အစ္စရေးလူမျိုးကိုပေးတဲ့ ဘုရားသခင့်ပညတ်တွေက ရောဂါမပြန့်ပွားအောင်၊ တချို့အခြေအနေတွေမှာ ရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်။ အဲဒီပညတ်တွေထဲမှာ မတော်တဆထိခိုက်မှုမရှိအောင် ကာကွယ်ပေးတဲ့ သတ်သတ်မှတ်မှတ် ပညတ်ချက်တွေလည်းပါတယ်။ (တရားဟောရာ ၂၂:၈) သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုယ်ခန္ဓာကို ဂရုစိုက်ဖို့နဲ့ တတ်နိုင်သမျှစောင့်ရှောက်ဖို့ အားပေးထားတယ်ဆိုတာ ထင်ရှားပါတယ်။

ကျွန်ုပ်တို့ ဖျားနာရတဲ့အကြောင်းရင်းကို သမ္မာကျမ်းစာက ဘယ်လိုရှင်းပြသလဲ

“အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။”—ရောမ ၅:၁၂။

လူတွေပြောဆိုရာ–

ဖျားနာမှုဆိုတာ ဆင့်ကဲဖြစ်စဉ်ရဲ့ ဘေးထွက်ဆိုးကျိုးလို့ ယုံကြည်တဲ့သူ အများကြီးရှိတယ်။ တချို့ကျတော့ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးပြဿနာတွေက နတ်ဆိုးတွေလုပ်တာစသဖြင့် လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားတွေကြောင့်လို့ ယူဆကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

သမ္မာကျမ်းစာအရ ကျွန်ုပ်တို့ဖျားနာရတာက ပထမဆုံးလူသားအာဒံ ဘုရားသခင်ကို ပုန်ကန်ခဲ့တဲ့အတွက်ဖြစ်တယ်။ (ရောမ ၅:၁၂) မပုန်ကန်ခင်မှာ လူသားတွေရဲ့ ကနဦးမိဘ အာဒံနဲ့ဧဝဟာ စုံလင်တဲ့ကျန်းမာရေးရှိခဲ့ကြတယ်။ ဘုရားသခင်ရဲ့ မေတ္တာပါစွာ ဂရုစိုက်မှုနဲ့ကင်းကွာသွားရင် သေရမယ်ဆိုတာ သူတို့ သိကြတယ်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဒါပေမဲ့ သူတို့ဟာ ဘုရားသခင်နဲ့မိတ်ဆွေဖြစ်ခွင့်ကို တမင်တကာ ဖြတ်တောက်ခဲ့ကြတဲ့အတွက် သူတို့ရရှိထားတဲ့စုံလင်မှုလည်း ဆုံးရှုံးခဲ့တယ်။a

စုံလင်မှုဆုံးရှုံးသွားခဲ့တဲ့အတွက် အာဒံနဲ့ဧဝဟာ မစုံလင်မှုကိုပဲ ကျွန်ုပ်တို့ကို လက်ဆင့်ကမ်းပေးခဲ့တယ်။ ဒါကြောင့် လူသားတွေဟာ ရောဂါဝေဒနာတွေကင်းစင်ဖို့ ဘယ်လောက်ပဲကြိုးစားကြိုးစား ဖျားနာနေဆဲပါ။

သင်လုပ်ဆောင်နိုင်ရာ–

ဘုရားသခင့်ပညတ်တွေကို နာခံမယ်ဆိုရင် ဘုရားနဲ့ပြန်လည်သင့်မြတ်လာပြီး ပရဒိသုမှာ စုံလင်တဲ့ကျန်းမာရေးနဲ့ ပျော်မွေ့ခွင့်ရလိမ့်မယ်လို့ သမ္မာကျမ်းစာက ဖော်ပြထားတယ်။ (ဟေရှာယ ၃၃:၂၄) ဘုရားသခင်က နာကျင်မှု၊ ဖျားနာမှုနဲ့ သေခြင်းကိုပပျောက်စေမယ်လို့ ကတိပြုထားတယ်။—ဗျာဒိတ် ၂၁:၃၊ ၄။

ကျန်းမာရေးကုသမှုကို သမ္မာကျမ်းစာက ရှုတ်ချထားသလား

“ကျန်းမာသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏။”—မဿဲ ၉:၁၂။

လူတွေပြောဆိုရာ–

တချို့တွေက (ယုံကြည်ခြင်းကုထုံးလို့လည်းသိကြတဲ့) သဘာဝလွန်စွမ်းအားတွေနဲ့ကုသတာကို အားပေးတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

သမ္မာကျမ်းစာခေတ်က ဘုရားသခင့်လူမျိုးမှာ ကျန်းမာရေး စောင့်ရှောက်ပေးသူတွေ ရှိကြပြီး သူတို့တွေရဲ့လုပ်ဆောင်မှုကို ကိုယ်တော် ခွင့်ပြုခဲ့တယ်။ (ကမ္ဘာဦး ၃၈:၂၈; ကောလောသဲ ၄:၁၄) သမ္မာကျမ်းစာမှာ ဆေးဖက်ဝင်အပင်တွေ၊ လိမ်းဆေးတွေ၊ သတ်သတ်မှတ်မှတ် အစားအသောက်တွေ၊ တခြားကျန်းမာရေးကုသမှုတွေကို ဘုရားသခင်မကြိုက်ဘူးဆိုပြီး ဖော်ပြထားတာမရှိဘူး။ ဒါ့အပြင် “ကျန်းမာသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏” ဆိုတဲ့စကားကိုကြည့်ရင် ဆေးဝါးကုသဖို့လိုကြောင်း ယေရှုလည်း အသိအမှတ်ပြုခဲ့တယ်။—မဿဲ ၉:၁၂။

ဒါပေမဲ့ ကုသမှုတိုင်းကိုတော့ သမ္မာကျမ်းစာက မထောက်ခံဘူး။ ဥပမာ၊ ဒီနေ့ခေတ်မှာပြုလုပ်နေတဲ့ ယုံကြည်ခြင်းကုထုံးကိုတော့ ကျမ်းစာက မထောက်ခံဘူး။ နတ်ဝိဇ္ဇာအတတ်နဲ့ကုသတာတွေကို ဘုရားသခင် မနှစ်သက်ဘူး။ (ဂလာတိ ၅:၁၉-၂၁) ဖျားနာပြီဆိုရင် သမ္မာကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားတဲ့နည်းတွေကလွဲလို့ ရရှိနိုင်တဲ့တခြားသင့်တော်တဲ့ကုသမှုကို ချက်ချင်းရှာယူသင့်ပါတယ်။

a ဒီဆောင်းပါးမှာ “စုံလင်” ဆိုတဲ့စကားလုံးက ပထမဆုံးလူသားမောင်နှံကို ဘုရားသခင်ပေးခဲ့တဲ့ ပြီးပြည့်စုံတဲ့ကျန်းမာရေးအခြေအနေ၊ ရောဂါဘယနဲ့ သေခြင်းမရှိတဲ့အခြေအနေကို ပြောတာဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ