ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၃ စာ. ၄-၅
  • လက်မထပ်ခင်လိင်ဆက်ဆံခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လက်မထပ်ခင်လိင်ဆက်ဆံခြင်း
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လက်မထပ်ခင်လိင်ဆက်ဆံတာက မှားသလား
  • လက်မထပ်ရသေးဘဲ လိင်မှုကိစ္စပုံစံတစ်မျိုးမျိုး ကျူးလွန်တာက ကိုယ်ကျင့်တရား ပျက်ပြားတာလား
  • လိင်ဆိုင်ရာကိုယ်ကျင့်တရားပျက်ပြားတာမျိုးမဖြစ်အောင် ဘယ်လိုရှောင်နိုင်မလဲ
  • တစ်ဦးကိုတစ်ဦးချစ်ကြရုံဖြင့် လက်မထပ်မီ သံဝါသပြုနိုင်သလော
    နိုးလော့!—၂၀၀၆
  • လိင်အကြောင်း ကျမ်းစာအဆို
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • လက်မထပ်ခင် သံဝါသပြုတာကို ဘယ်လိုပြောမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ”
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၉/၁၃ စာ. ၄-၅

သမ္မာကျမ်းစာရှုထောင့် | လက်မထပ်ခင်လိင်ဆက်ဆံခြင်း

လက်မထပ်ခင်လိင်ဆက်ဆံခြင်း

လက်မထပ်ခင်လိင်ဆက်ဆံတာက မှားသလား

‘ဘုရားသခင်၏ အလိုတော်မှာ သင်တို့သည် မတရားမေထုန်ပြုခြင်းကို ကြဉ်ရှောင်ကြစေရန်ဖြစ်၏။’ —၁ သက်သာလောနိတ် ၄:၃။

လူအများပြောဆိုရာ–

လက်မထပ်ခင်လိင်ဆက်ဆံတာကို တချို့ယဉ်ကျေးမှုတွေက ခွင့်ပြုထားကြတယ်။ တချို့ဒေသမှာဆိုရင် လက်မထပ်ရသေးတဲ့သူတွေ လိင်ဆက်ဆံတဲ့အထိတော့ မဟုတ်ပေမဲ့ မဖွယ်မရာရင်းနှီးလွန်းခြင်းကို လက်သင့်ခံကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

သမ္မာကျမ်းစာမှာဖော်ပြတဲ့ “မတရားမေထုန်” ဆိုတဲ့စကားလုံးက အိမ်ထောင်ပြင်ပ မေထုန်ပြုခြင်းအပါအဝင် လိင်ဆက်ဆံတဲ့အထိတော့ မဟုတ်ပေမဲ့ မဖွယ်မရာရင်းနှီးလွန်းခြင်း ပုံစံအမျိုးမျိုးကို ဆိုလိုပါတယ်။ ဘုရားသခင်က မိမိကိုဝတ်ပြုသူတွေကို ‘မတရားမေထုန်ကို ကြဉ်ရှောင်’ ဖို့ လိုလားပါတယ်။ (၁ သက်သာလောနိတ် ၄:၃) သမ္မာကျမ်းစာမှာ မတရားမေထုန်ကို အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ နတ်ဆိုးပညာလိုက်စားခြင်း၊ သောက်ကြူးခြင်း၊ ရုပ်ပုံကိုးကွယ်ခြင်း၊ လူ့အသက်သတ်ခြင်းနဲ့ ခိုးခြင်း စတဲ့ ကြီးလေးတဲ့အပြစ်တွေနဲ့ တန်းတူဖော်ပြထားပါတယ်။—၁ ကောရိန္သု ၆:၉၊ ၁၀; ဗျာဒိတ် ၂၁:၈။

ဘာကြောင့်အရေးကြီးသလဲ–

အကြောင်းရင်းတစ်ခုကတော့ “မတရားမေထုန်ပြုသူ . . . ကို ဘုရားသခင် စီရင်တော်မူလိမ့်မည်” လို့ သမ္မာကျမ်းစာက သတိပေးထားပါတယ်။ (ဟေဗြဲ ၁၃:၄) ပိုအရေးကြီးတာက လိင်ဆိုင်ရာကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ပညတ်ကို နာခံခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ယေဟောဝါဘုရားသခင်ကို ချစ်ကြောင်း ပြသနိုင်ပါတယ်။ (၁ ယောဟန် ၅:၃) ဘုရားသခင်ဘက်ကလည်း ကိုယ်တော့်စကားနားထောင်တဲ့သူတွေကို ကောင်းချီးပေးပါလိမ့်မယ်။—ဟေရှာယ ၄၈:၁၈။

လက်မထပ်ရသေးဘဲ လိင်မှုကိစ္စပုံစံတစ်မျိုးမျိုး ကျူးလွန်တာက ကိုယ်ကျင့်တရား ပျက်ပြားတာလား

“မတရားမေထုန်ပြုခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအမှုတို့ကို အချင်းချင်း ပြောဆိုခြင်းပင် မပြုကြနှင့်။” —ဧဖက် ၅:၃။

လူအများပြောဆိုရာ-

လက်မထပ်ထားသူနဲ့ လိင်ဆက်ဆံတဲ့အထိတော့ မဟုတ်ပေမဲ့ မဖွယ်မရာပြုလုပ်တာက ဘာမှမမှားဘူးလို့ လူအများ ယူဆကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ-

သမ္မာကျမ်းစာမှာ လိင်ဆိုင်ရာကိုယ်ကျင့်တရားပျက်ပြားတဲ့ အပြုအမူတွေအကြောင်း ဖော်ပြရာမှာ မတရားမေထုန်တစ်ခုတည်းမဟုတ်ဘဲ လိင်ဆိုင်ရာ “မသန့်ရှင်းခြင်း” နဲ့ “အကျင့်ပျက်ခြင်း” တို့အကြောင်းလည်း ဖော်ပြထားတယ်။ (၂ ကောရိန္သု ၁၂:၂၁) လိင်ဆက်ဆံတဲ့အထိတော့မဟုတ်ပေမဲ့ အိမ်ထောင်ဖက်မဟုတ်တဲ့သူနဲ့ မဖွယ်မရာရင်းနှီးလွန်းခြင်းကို ဘုရားသခင် မနှစ်သက်ပါဘူး။

လိင်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာရဲ့ဖော်ပြချက်ကတော့ တစ်ဦးနဲ့တစ်ဦးသဘောတူထိမ်းမြားထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးပဲ လိင်ဆိုင်ရာတရင်းတနှီးနေခွင့်ရှိပါတယ်။ သမ္မာကျမ်းစာက “သွေးသားဆန္ဒပြင်းပြခြင်း” ကိုလည်း ပြစ်တင်ထားတယ်။ (၁ သက်သာလောနိတ် ၄:၅) ဘာကိုဆိုလိုတာလဲ။ အမျိုးသားမှာရော၊ အမျိုးသမီးမှာပါ ဖြစ်နိုင်တဲ့ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ– အမျိုးသမီးတစ်ဦးဟာ သူ့ရည်းစားနဲ့ လိင်မဆက်ဆံဖို့ စိတ်ဆုံးဖြတ်ထားကောင်းထားလိမ့်မယ်။ ဒါပေမဲ့ ရည်းစားနဲ့ မဖွယ်မရာရင်းရင်းနှီးနှီး နေလိုက်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့မပိုင်ဆိုင်တဲ့အရာကို အလွန်အမင်းရလိုစိတ်ပြင်းပြတယ်ဆိုတာ ဖော်ပြနေပါတယ်။ ဒါကြောင့် သူတို့ဟာ “သွေးသားဆန္ဒပြင်းပြခြင်း” အပြစ်ရှိပါတယ်။ အဲဒီလို လိင်ဆိုင်ရာလောဘကြီးတာကို သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချထားပါတယ်။—ဧဖက် ၅:၃-၅။

လိင်ဆိုင်ရာကိုယ်ကျင့်တရားပျက်ပြားတာမျိုးမဖြစ်အောင် ဘယ်လိုရှောင်နိုင်မလဲ

“မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေးကြလော့။” —၁ ကောရိန္သု ၆:၁၈။

ဘာကြောင့်အရေးကြီးသလဲ-

လက်မထပ်ခင် လိင်ဆက်ဆံတဲ့သူတွေဟာ ဘုရားသခင်နဲ့ သူတို့ရဲ့ဆက်ဆံရေး ဆုံးရှုံးသွားမယ်လို့ သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။—ကောလောသဲ ၃:၅၊ ၆။

သမ္မာကျမ်းစာပြောဆိုရာ-

“မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေးကြလော့” လို့သမ္မာကျမ်းစာက အကြံပြုထားပါတယ်။ (၁ ကောရိန္သု ၆:၁၈) လိင်ဆိုင်ရာ ကိုယ်ကျင့်တရား ပျက်ပြားသွားနိုင်တဲ့ အခြေအနေမှန်သမျှကနေ ဝေးနိုင်သမျှ ဝေးဝေး နေဖို့လိုတယ်လို့ ဆိုလိုနေတာဖြစ်တယ်။ (သုတ္တံ ၂၂:၃) ဥပမာ၊ လိင်နဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့တရားစကားကို မလိုက်လျှောက်တဲ့သူတွေနဲ့ ပေါင်းသင်းခြင်းကိုရှောင်ဖို့ အရေးကြီးပါတယ်။ သမ္မာကျမ်းစာက ဒီလို သတိပေးထားပါတယ်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။”—သုတ္တံ ၁၃:၂၀။

ကိုယ်ကျင့်တရားယိုယွင်းတဲ့အကြောင်းတွေကို စဉ်းစားခြင်းကလည်း လိင်ဆိုင်ရာကိုယ်ကျင့်တရား ပျက်ပြားစေပါတယ်။ (ရောမ ၈:၅၊ ၆) ဒါကြောင့် ဘုရားသခင်မနှစ်သက်တဲ့ လိင်ဆိုင်ရာကိုယ်ကျင့်တရားပျက်ပြားခြင်းကို အသားပေးတဲ့ တေးသီချင်း၊ ဗီဒီယို၊ ဓာတ်ပုံ၊ စာပေနဲ့ တခြားဘယ်အရာကိုမဆို ရှောင်တာက ပညာရှိရာကျပါတယ်။—ဆာလံ ၁၀၁:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ