ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၆/၁၄ စာ. ၈-၉
  • သေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေခြင်း
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူသေတွေ ဘယ်မှာရှိသလဲ
  • လူသေတွေရဲ့အခြေအနေ ဘယ်လိုရှိသလဲ
  • လူသေအတွက် မျှော်လင့်ချက်များ ရှိသလား
  • ငရဲသည် အမှန်စင်စစ် အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • နာမ်ဝိညာဉ်များဟာ ကမ္ဘာပေါ် အသက်ရှင်ခဲ့ပြီး သေဆုံးသွားတဲ့ ပုဂ္ဂိုလ်များ မဟုတ်
    လူသေတွေရဲ့ဝိညာဉ်—ကောင်းကျိုးပြုနိုင်သလား၊ အန္တရာယ်ပေးနိုင်သလား။ တကယ်ကော တည်ရှိရဲ့လား။
  • သေလွန်သူကို သင် ကူညီနိုင်သလော
    နိုးလော့!—၂၀၀၆
  • သေလွန်သူတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၆/၁၄ စာ. ၈-၉
ညှိုးနွမ်းနေတဲ့ ပန်း

သမ္မာကျမ်းစာရှုထောင့်

သေခြင်း

လူသေတွေ ဘယ်မှာရှိသလဲ

“သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်။” —ကမ္ဘာဦး ၃:၁၉။

လူတွေပြောဆိုရာ–

လူသေပြီးနောက် ကောင်းကင်၊ ငရဲ၊ ငရဲလေးစတဲ့ တမလွန် ဘဝမှာ အသက်ရှင်နေတယ်လို့ တချို့မြင်ယောင်တယ်။ တခြားသူတွေကျတော့ ပြန်ဝင်စားတယ်လို့ ယုံကြည်တယ်။ ဘာသာရေးအယုံအကြည်မရှိတဲ့သူတွေကျပြန်တော့ သေသွားရင် ဘာမှ ထပ်မဖြစ်တော့ဘူးလို့ ယူဆတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

“သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား” ဆိုပြီး ဒေသနာ ၉:၁၀ မှာ ပြောတယ်။ လူရော တိရစ္ဆာန်ပါ သေတဲ့အခါ ဘာဖြစ်သွားတယ်ဆိုတာကိုလည်း ကျမ်းစာက ရှင်းပြတယ်။ “အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ မြေမှုန့်ထဲသို့ပြန်သွားတတ်ကြ၏။”—ဒေသနာ ၃:၂၀။

လူသေတွေရဲ့အခြေအနေ ဘယ်လိုရှိသလဲ

“သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” —ဆာ. ၁၄၆:၄။

လူတွေပြောဆိုရာ–

အခုဘဝမှာလုပ်တဲ့အတိုင်း နောင်ဘဝကျရင် ပြန်ခံစားရမယ်လို့ လူတွေသွန်သင်ခံရတယ်။ အခုကောင်းတာလုပ်ရင် နောင်ဘဝမှာ ကောင်းတာဖြစ်မယ်၊ အခုမကောင်းတာလုပ်ရင်တော့ နောင်ဘဝမှာ ငရဲရောက်မယ်။ သေပြီးနောက် ဘုရားသခင်ဆီရောက်ချင်ရင် အပြစ်ကင်းစင်ရမယ်၊ အပြစ်ရှိတဲ့သူက ဘယ်တော့မှ ဘုရားသခင်ဆီ ရောက်မှာမဟုတ်ဘူးလို့ ဆိုတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

လူသေတွေက ဘာမှမသိတော့လို့ ဘာမှလည်းမခံစားရဘူး။ လူသေတွေက အသက်ရှင်နေတဲ့သူတွေကို အကူအညီလည်းမပေးနိုင်သလို အန္တရာယ်လည်း မပေးနိုင်ဘူး။ ဒေသနာ ၉:၅၊ ၆ အရ “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . သူ၏ ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတစ်ပါးနှင့်ရောနှော၍ မဆိုင်ရ။”

လူသေအတွက် မျှော်လင့်ချက်များ ရှိသလား

“လူသည်သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောက်မီ ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံး သည်းခံလျက် နေပါမည်။”—ယောဘ ၁၄:၁၄။

လူတွေပြောဆိုရာ–

လူက ငရဲကိုရောက်သွားပြီဆိုရင် သူ့အတွက် ဘာမျှော်လင့် ချက်မှ မရှိတော့ဘူးလို့ လူအများစုက ယုံကြည်ကြတယ်။ ငရဲမှာ ထာဝစဉ်ညှဉ်းဆဲခံရမယ်လို့လည်း ဆိုကြသေးတယ်။ သူတို့ရဲ့အပြစ်တွေကို မီးငရဲလေးမှာ သန့်စင်ပြီးမှသာ ကောင်းကင်ရောက်မယ်လို့ ဆိုတဲ့သူလည်းရှိတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

ဘုရားသခင့်သားတော်က လူသေတွေကို တစ်နေ့ကျရင် ကမ္ဘာမြေပေါ်မှာ အသက်ပြန်ရှင်လာစေမယ်။ သမ္မာကျမ်းစာက “ဤအမှုအရာကို မအံ့သြကြနှင့်။ အကြောင်းမူကား သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်” လို့ ဆိုထားတယ်။ (ယောဟန် ၅: ၂၆၊ ၂၈၊ ၂၉) အသက်ပြန်ရှင်လာပြီးနောက် သူ့အကျင့်ပေါ်မူတည်ပြီး သူ့ကို ထာဝရအသက်ပေးဖို့ ဘုရားသခင် ဆုံးဖြတ်ပါလိမ့်မယ်။a

a လူသေတွေ အသက်ပြန်ရှင်လာတာနဲ့ပတ်သက်ပြီး ထပ်သိချင်သေးရင် ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၇ ကိုဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ