ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၆/၁၄ စာ. ၁၀-၁၁
  • ဂျိုးဇက် ပရီးဆလီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂျိုးဇက် ပရီးဆလီ
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိပ္ပံဆိုင်ရာ အမှန်တရားတွေ့ရှိချက်
  • ဘာသာတရားနဲ့ဆိုင်တဲ့ အမှန်တရားတွေ့ရှိချက်
  • မာတိကာ
    နိုးလော့!—၂၀၁၄
  • သိပ္ပံနှင့် ဘာသာတရားတို့ကို ရင်ကြားစေ့ပေးခြင်း
    နိုးလော့!—၂၀၀၃
  • သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ လက်မလျှော့ဘဲ ဆက်လုပ်ဆောင်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၆/၁၄ စာ. ၁၀-၁၁
ဂျိုးဇက် ပရီးဆလီ ကျောက်ရုပ်

အတိတ်မှ ပုံရိပ်များ

ဂျိုးဇက် ပရီးဆလီ

“အဘက်ဘက်မှာနှံ့စပ်တဲ့ သူ့ရဲ့အရည်အချင်း၊ သူ့ရဲ့စိတ်ထက်သန်မှု၊ လုပ်ဆောင်မှု၊ ကိုယ်ချင်းစာနာမှုရှိတာတွေ၊ ရုပ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရား၊ လူမှုရေးပိုင်းတွေမှာ စူးစမ်းလေ့လာလိုစိတ်ရှိတာတွေ၊ သိပ္ပံနယ်ပယ်၊ ဘာသာရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်နဲ့ အတွေးအခေါ် ပိုင်းမှာ သူ လူဝင်ဆံ့တာ၊ ပြင်သစ်တော်လှန်ရေးမှာ ပါဝင်ခဲ့တာ၊ မခံသင့်ဘဲခံလိုက်ရတဲ့ သနားစရာကောင်းတဲ့အဖြစ်အပျက်တွေက သူ့ကို ၁၈ ရာစုရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်စေခဲ့တယ်။”—အတွေးအခေါ်ပညာရှင် ဖရက်ဒရစ် ဟယ်ရစ်ဆင်။

ဂျိုးဇက် ပရီးဆလီ ဒီလောက်ထိ နာမည်ကျော်ကြားရတာ သူဘာတွေ လုပ်ခဲ့လို့လဲ။ သူ့ရဲ့ရှာဖွေတွေ့ရှိချက်တွေ၊ သူ့ရဲ့စာပေအရေးအသားတွေက အုပ်ချုပ်ရေးပိုင်း၊ ဘုရားသခင်ရဲ့ သဘောသဘာဝ၊ ကျွန်ုပ်တို့ရှူရှိုက်နေတဲ့လေနဲ့ ပတ်သက်တဲ့ လူတွေရဲ့အမြင်ကို အကျိုးသက်ရောက်စေခဲ့လို့ ဖြစ်တယ်။

သိပ္ပံပညာအကြောင်းရေးရေး၊ ဘာသာရေးအကြောင်းရေးရေး ပရီးဆလီက သီအိုရီတွေနဲ့ မိရိုးဖလာယုံကြည်ချက်တွေကို ငြင်းပယ်ပြီး အမှန်တရားအတိုင်း ဖော်ပြခဲ့တယ်။ ဒါကို လေ့လာကြည့်ရအောင်။

သိပ္ပံဆိုင်ရာ အမှန်တရားတွေ့ရှိချက်

ဝါသနာပါလို့ သိပ္ပံစမ်းသပ်မှုတွေလုပ်ခဲ့တဲ့ ဂျိုးဇက် ပရီးဆလီဟာ ၁၇၆၅ ခုနှစ်မှာ အမေရိကန်သိပ္ပံပညာရှင် ဘင်ဂျမင် ဖရန့်ကလင်နဲ့ တွေ့ဆုံပြီးနောက်မှ လျှပ်စစ်နဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေ စတင်လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့တွေ့ရှိချက်တွေကို အထင်ကြီးသွားတဲ့ လုပ်ဖော်ကိုင်ဖက် သိပ္ပံပညာရှင်တွေက နောက်တစ်နှစ်မှာ သူ့ကို လန်ဒန်တော်ဝင်အသင်းရဲ့ အသင်းဝင်တစ်ယောက်အဖြစ် ရွေးကောက်လိုက်တယ်။

နောက်ပိုင်းမှာတော့ ပရီးဆလီက ဓာတုဗေဒပညာရပ်ကို အာရုံစိုက်ပြန်တယ်။ အချိန်တိုအတွင်းမှာပဲ အမိုးနီးယား၊ နိုက်ထရပ်အောက်ဆိုဒ် (ရယ်မောစေတဲ့ ဓာတ်ငွေ့) စတဲ့ ဓာတ်ငွေ့အသစ်တွေကို သူ တွေ့ရှိခဲ့တယ်။ ရေထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ရောထည့်လိုက်တဲ့အခါ ဓာတ်ငွေ့ပါတဲ့ရေကိုလည်း တွေ့ရှိခဲ့တယ်။

၁၇၇၄ ခုနှစ်၊ အင်္ဂလန်နိုင်ငံတောင်ပိုင်းမှာ စမ်းသပ်မှုတွေလုပ်နေတုန်း ဖယောင်းတိုင်မီးကို ပိုတောက်စေတဲ့ဓာတ်ငွေ့ကို သူ တွေ့ရှိခဲ့တယ်။ အဲဒီနောက် ကြွက်တစ်ကောင်ထည့်ထားတဲ့ ဖန်ပြွန်ထဲ အဲဒီဓာတ်ငွေ့နှစ်အောင်စကို ထည့်လိုက်တော့ ဒီကြွက်ဟာ ရိုးရိုးလေရှိတဲ့ဖန်ပြွန်ထဲမှာထက် ပိုကြာကြာအသက်ရှင်တာကို တွေ့ရှိခဲ့တယ်။ ပရီးဆလီကိုယ်တိုင် အဲဒီဓာတ်ငွေ့ကို ရှူကြည့်လိုက်တော့ “ကျွန်တော် တော်တော်လေးအသက်ရှူချောင်သွားတယ်” လို့ ပြောတယ်။

အဲဒီအချိန်မှာ ဂျိုးဇက် ပရီးဆလီ ရှာဖွေတွေ့ရှိလိုက်တာက အောက်ဆီဂျင်ဓာတ်ငွေ့ ဖြစ်နေတယ်။a လောင်ကျွမ်းစေနိုင်တဲ့ သတ္တိမရှိတဲ့ ရိုးရိုးလေကိုတွေ့ရှိတယ်လို့ သူထင်ခဲ့ပေမဲ့ သူ ထင်တာ မှားနေတယ်။ လူတော်တော်များများကလည်း သူ့ရဲ့ရှာဖွေတွေ့ရှိချက်တွေထဲမှာ “အဲဒါက အကောင်းဆုံးပဲ” လို့ အခုထိ သတ်မှတ်နေဆဲပဲ။

ဘာသာတရားနဲ့ဆိုင်တဲ့ အမှန်တရားတွေ့ရှိချက်

မှန်းဆထားတဲ့သီအိုရီတွေက သိပ္ပံဆိုင်ရာအမှန်တရားကို အတားအဆီးဖြစ်စေသလို ဓလေ့ထုံးစံနဲ့ တရားသေဆုပ်ကိုင်ထားတဲ့ ယုံကြည်ချက်တွေက ဘာသာတရားနဲ့ဆိုင်တဲ့အမှန်တရားကို အတားအဆီးဖြစ်စေတယ်လို့ ပရီးဆလီ ကောက်ချက်ချခဲ့တယ်။ ဖြစ်ချင်တော့ သမ္မာကျမ်းစာအသိပညာရဖို့ ပရီးဆလီ တစ်သက်လုံးရှာဖွေဆည်းပူးချိန်မှာ သူကိုယ်တိုင်က ကျမ်းစာထဲမပါတဲ့ အယူအဆတချို့ကို ခံယူထားတယ်။ ဥပမာ၊ သမ္မာကျမ်းစာကို ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရေးသားထားတယ်ဆိုတာကို တစ်ချိန်တုန်းက သူ လက်မခံခဲ့ဘူး။ ယေရှုက လူသားဘဝမတိုင်ခင် ကောင်းကင်မှာအသက်ရှင်ခဲ့တယ်ဆိုတဲ့ ကျမ်းစာအဆိုကိုလည်း လက်မခံခဲ့ဘူး။

“သိပ္ပံပညာဆိုတာ အမှန်တရားကို လေ့လာခြင်း ဖြစ်တယ်ဆိုရင် ပရီးဆလီက တကယ့်သိပ္ပံပညာရှင်ပဲ။” —ဇီဝဗေဒပညာရှင် ကက်သရင်း ကယ်လင်။

တစ်ဖက်ကကြည့်ပြန်ရင်လည်း ဒီနေ့ခေတ် အဓိကဘာသာတရားကြီးတွေ လက်ခံယုံကြည်ထားတဲ့ မှားယွင်းတဲ့သွန်သင်ချက်တွေကို သူ ဖော်ထုတ်ခဲ့တယ်။ ယေရှုနဲ့ သူ့တပည့်တွေသွန်သင်ခဲ့တဲ့ အမှန်တရားက မှားယွင်းတဲ့သွန်သင်ချက် တွေနဲ့ ရောထွေးကုန်တယ်လို့ သူ ရေးသားခဲ့တယ်။ အဲဒီအထဲမှာ သမ္မာကျမ်းစာကပြစ်တင်ရှုတ်ချထားတဲ့ သုံးပါးပေါင်းတစ်ဆူနဲ့ ဝိညာဉ်မသေဘူးဆိုတဲ့အယူအဆ၊ ဝတ်ပြုရေးမှာ ရုပ်ပုံသုံးတာတွေ ပါဝင်တယ်။

သူ့ရဲ့ဘာသာရေးအယူအဆတွေနဲ့ အမေရိကန်၊ ပြင်သစ်တော်လှန်ရေးကို အားပေးထောက်ခံမှုတွေကြောင့် သူ့ကို အင်္ဂလိပ်တွေက ဒေါသထွက်ခဲ့ကြတယ်။ ဒါနဲ့ ၁၇၉၁ ခုနှစ်မှာ သူ့အိမ်နဲ့ ဓာတ်ခွဲခန်းကို လူအုပ်က မီးရှို့ဖျက်ဆီးပစ်လိုက်တော့ အမေရိကန်ကို ပရီးဆလီ ထွက်ပြေးသွားရရှာတယ်။ လူတွေက သူ့ကို သိပ္ပံတွေ့ရှိချက်တွေကြောင့် သတိရကြပေမဲ့ ဂျိုးဇက် ပရီးဆလီကိုယ်တိုင်ကတော့ ဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်အကြောင်းကို လေ့လာတာက “ပိုအရေးပါပြီး ပိုမြင့်မြတ်တယ်” လို့ ပြောတယ်။

a အစောပိုင်းမှာ၊ ဆွီဒင်ဓာတုဗေဒပညာရှင် ကားလ် ရှေလာက အောက်ဆီဂျင်ဓာတ်ငွေ့ကို တွေ့ရှိခဲ့ပေမဲ့ အဲဒါကို လူသိရှင်ကြား မကြေညာခဲ့ဘူး။ နောက်ပိုင်းမှာ၊ ပြင်သစ်ဓာတုဗေဒပညာရှင် အဲန်တွိုင်း လော်ရန် လာဗွိုင်စီယာက အဲဒီဓာတ်ငွေ့ကို အောက်ဆီဂျင်လို့ နာမည်တပ်လိုက်တယ်။

အချက်အလက်အကျဉ်း

  • ဂျိုးဇက် ပရီးဆလီဟာ အင်္ဂလန်နိုင်ငံ လိဒ်စ်မြို့နားမှာ ၁၇၃၃ ခုနှစ်တုန်းက မွေးဖွားခဲ့တယ်။

  • သူက ဓာတ်ငွေ့တွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင် ဖြစ်တယ်။

  • သူက လွတ်လပ်စွာ ပညာဆည်းပူးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုနိုင်ခွင့်ရဖို့ အားပေးကူညီခဲ့တဲ့ နိုင်ငံရေးသမား ဖြစ်တယ်။

  • တရားဟောဆရာလည်းဖြစ်တဲ့ သူက မိရိုးဖလာအယူအဆတော်တော်များများကို ငြင်းပယ်ခဲ့တယ်။ အဲဒီအထဲမှာ သုံးပါးပေါင်းတစ်ဆူနဲ့ ဝိညာဉ်မသေဘူးဆိုတဲ့ အယူအဆတွေ ပါတယ်။

  • ၁၇၉၄ ခုနှစ်မှာ ပရီးဆလီက အမေရိကန်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်။ ၁၀ နှစ်လောက်ကြာတော့ အဲဒီမှာပဲ သူ သေသွားတယ်။

မိရိုးဖလာယုံကြည်ချက်လား၊ အမှန်တရားလား

ဂျိုးဇက် ပရီးဆလီရဲ့အိမ်နဲ့ သူ့ရဲ့ဓာတ်ခွဲခန်းကို လူရမ်းကားတွေက မီးရှို့ဖျက်ဆီးပစ်

၁၇၉၁ ခုနှစ်မှာ ပရီးဆလီရဲ့အိမ်နဲ့ သူ့ရဲ့ဓာတ်ခွဲခန်းကို လူရမ်းကားတွေက မီးရှို့ဖျက်ဆီးပစ်

မိရိုးဖလာဘာသာရေးယုံကြည်ချက်တွေက သမ္မာကျမ်းစာကို ဆန့်ကျင်တယ်လို့ ပရီးဆလီ ဖော်ထုတ်ခဲ့တယ်။ ဥပမာတချို့–

  • မိရိုးဖလာယုံကြည်ချက်– ယေရှုဟာ ဘုရားသခင်နဲ့ တန်းတူဖြစ်တယ်။

    ကျမ်းစာအမှန်တရား– “ခမည်းတော်သည် ငါ့ထက် သာ၍ ကြီးမြတ်တော်မူ၏” လို့ ခရစ်တော် ယေရှု ပြောခဲ့တယ်။ —ယောဟန် ၁၄:၂၈။

  • မိရိုးဖလာယုံကြည်ချက်– ဝိညာဉ်မသေဘူး။

    ကျမ်းစာအမှန်တရား– “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။”—ယေဇကျေလ ၁၈:၄။

  • မိရိုးဖလာယုံကြည်ချက်– ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ ရုပ်ပုံတွေကို အသုံးပြုလို့ ရတယ်။

    ကျမ်းစာအမှန်တရား– ‘ငါသည် ယေဟောဝါဖြစ်၏။ ထိုနာမသည် ငါ့နာမ ဖြစ်၏။ ငါ့ဘုန်းကို အခြားသောသူအား လည်းကောင်း၊ ငါ့အသရေကို ရုပ်ပုံတို့အားလည်းကောင်း ငါမပေး။’— ဟေရှာယ ၄၂:၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ