ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၁၄ စာ. ၁၀-၁၁
  • အိုင်ယာလန်နိုင်ငံသို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိုင်ယာလန်နိုင်ငံသို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၄
နိုးလော့!—၂၀၁၄
န ၇/၁၄ စာ. ၁၀-၁၁
အိုင်ယာလန်ကမ်းရိုးတန်း

သူတို့မြေ သူတို့ဓလေ့

အိုင်ယာလန်နိုင်ငံသို့ အလည်တစ်ခေါက်

အိုင်ယာလန်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြောက်ပိုင်းအိုင်ယာလန်နိုင်ငံတို့ရဲ့ မြေပုံ

အိုင်ယာလန်နိုင်ငံ (မြစိမ်းရောင်ကျွန်း) ကို နယ်မြေကျယ်ဝန်းတဲ့ အိုင်ယာလန်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဗြိတိသျှလက်အောက်ခံ မြောက်ပိုင်းအိုင်ယာလန်နိုင်ငံတို့နဲ့ ဖွဲ့စည်းထားတယ်။

ကျောက်တန်း

ကျောက်တန်း (Giant’s Causeway)

မိုးများလို့ အမြဲတမ်း စိမ်းလန်းစိုပြေနေတဲ့အတွက် အိုင်ယာလန်နိုင်ငံကို မြစိမ်းရောင်ကျွန်းလို့ ခေါ်ဆိုကြတယ်။ ကမ်းရိုးတန်းကုန်းပြင်မြင့် တစ်လျှောက် သာယာလှပတဲ့ မြစ်ချောင်းအင်းအိုင်တွေ၊ တောင်ကုန်း တောင်တန်းတွေက ဒီနိုင်ငံရဲ့ သဘာဝအလှကို ပိုတင့်တယ်စေတယ်။

သက်ငယ်မိုး အိမ်

သက်ငယ်မိုး အိမ်

အိုင်းရစ်ရှ်တွေဟာ အခက်အခဲတွေကို ကြံ့ကြံ့ခံခဲ့ရတယ်။ ဥပမာ၊ ၁၈၄၅ ကနေ ၁၈၅၁ ခုနှစ်အတွင်း အာလူးခင်းတွေ ပျက်စီးသွားလို့ အငတ်ဘေးနဲ့ ရောဂါတွေကြောင့် လူပေါင်း တစ်သန်းနီးပါး သေဆုံးခဲ့ရတယ်။ ဒါကြောင့် လူအတော်များများက ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ကြတယ်။ ဒီနေ့ခေတ်၊ အမေရိကန်လူမျိုး ၃၅ သန်းလောက်ဟာ အိုင်းရစ်ရှ်လူမျိုးကနေ ဆင်းသက်လာတာဖြစ်တယ်။

အိုင်းရစ်ရှ်လူမျိုးတွေဟာ နွေးထွေးကြင်နာတတ်ပြီး ဧည့်ဝတ်ကျေပွန်ကြတယ်။ သူတို့ဝါသနာပါတဲ့ ကစားနည်းတွေက မြင်းစီးတာ၊ အသင်းဖွဲ့ပြီး ကစားရတဲ့ ခရစ်ကက်၊ လက်ပစ်ဘော၊ ဘောလုံးကန်တာတို့အပြင် အိုင်ယာလန် ဘောလုံးကစားနည်း စတာတွေ ဖြစ်တယ်။ ဟော်ကီကစားနည်းနဲ့တူတဲ့ ခမိုဂီ (Camogie) ကစားနည်းကို အမျိုးသမီးတွေကစား ကြတယ်။

အိုင်းရစ်ရှ်လူမျိုးဟာ စကားစမြည်ပြောတာနဲ့ တေးဂီတကို ခုံမင်ကြတယ်။ ကမ္ဘာကျော်တဲ့ အိုင်းရစ်ရှ်လူမျိုးတွေရဲ့ အက (Step dance) ကို ကတဲ့သူတွေက ကိုယ်ကို မတ်မတ်ထားပြီး ခြေထောက်ကိုသုံးကာ စည်းချက်ညီညီ၊ ခပ်သွက်သွက်လေး ကကြတယ်။

အိုင်းရစ်ရှ် တီးဝိုင်း

အိုင်းရစ်ရှ် တီးဝိုင်း

အိုင်ယာလန်နိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ်တစ်ရာကျော်ကတည်းက ယေဟောဝါသက်သေတွေ ရှိနေတယ်။ အဲဒီနိုင်ငံမှာ ယေဟောဝါသက်သေ ၆,၀၀၀ ကျော်က သမ္မာကျမ်းစာလေ့လာလိုသူတွေကို ကူညီပေးနေကြတယ်။

၁။ အိုင်ယာလန်စောင်း၊ ၂။ အိုင်းရစ်ရှ် အိတ်ပလွေ၊ ၃။ တယော၊ ၄။ အကော်ဒီယံ၊ ၅။ သံဖြူပလွေ၊ ၆။ ဗုံ

အိုင်းရစ်ရှ် ရိုးရာတူရိယာတွေကတော့ အိုင်ယာလန်စောင်း၊ အိုင်းရစ်ရှ် အိတ်ပလွေ၊ တယော၊ အကော်ဒီယံ၊ သံဖြူပလွေနဲ့ ဗုံ တို့ဖြစ်ပါတယ်။ ဒီတူရိယာတွေကို အထက်မှာ ဖော်ပြထားတယ်။

ဒီအချက်ကို သိပါသလား–

အိုင်ယာလန်နိုင်ငံရဲ့ မြောက်ဘက် ကမ်းရိုးတန်းက ကျောက်တန်း (Giant’s Causeway) ဟာ ချော်ကျောက်တိုင်လုံး ထောင်ချီနဲ့ ဖွဲ့စည်းထားတယ်။ ဒီတိုင်တွေက ပင်လယ်ထဲကို စီးဆင်းလာတဲ့ချော်ရည်တွေ အေးခဲသွားလို့ ဖြစ်ပေါ်လာတာပါ။

အချက်အလက်အကျဉ်း

  • လူဦးရေ– ပြည်သူ့သမ္မတနိုင်ငံမှာ လူဦးရေ ၄.၅ သန်းခန့်ရှိပြီး မြောက်ပိုင်းအိုင်ယာလန်နိုင်ငံမှာ ၁.၈ သန်းလောက်ရှိ

  • မြို့တော်– ဒပ်ဘလင်မြို့ဟာ ပြည်သူ့သမ္မတနိုင်ငံရဲ့မြို့တော်ဖြစ်၊ ဘဲလ်ဖတ်မြို့ဟာ မြောက်ပိုင်းအိုင်ယာလန်နိုင်ငံရဲ့မြို့တော်ဖြစ်

  • ဘာသာစကား– အိုင်းရစ်ရှ်၊ အင်္ဂလိပ်

  • ရာသီဥတု– အပူချိန်မျှတပြီး မိုးများ

  • ကိုးကွယ်တဲ့ဘာသာ– ပြည်သူ့သမ္မတနိုင်ငံမှာ အများစုက ကက်သလစ်ဘာသာဝင်၊ မြောက်ပိုင်းအိုင်ယာလန်နိုင်ငံမှာ ပရိုတက်စတင့်နဲ့ ကက်သလစ်ဘာသာဝင်တွေ ဖြစ်ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ