ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၁၄ စာ. ၁၄-၁၅
  • ဘာသာရေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာရေး
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာတရားတွေ ဘာကြောင့် ဒီလောက် များနေရတာလဲ
  • ဘာသာတရားတစ်ခုရဲ့ ဘာသာဝင်ဖြစ်ဖို့လိုသလား
  • စစ်မှန်တဲ့ဘာသာကို ခွဲခြားသိမှတ်နိုင်သလား
  • စစ်မှန်တဲ့ဘာသာကို ဘယ်လို ရှာတွေ့နိုင်မလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သမ္မာကျမ်းစာ ​သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၇/၁၄ စာ. ၁၄-၁၅
ဘာသာပေါင်းစုံရဲ့ အဆောက်အဦတွေရှေ့ မတ်တတ်ရပ်နေတဲ့လူတစ်ယောက်ပုံ

သမ္မာကျမ်းစာရှုထောင့်

ဘာသာရေး

ဘာသာတရားတွေ ဘာကြောင့် ဒီလောက် များနေရတာလဲ

“သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကိုပယ်၍ လူတို့၏ထုံးတမ်းစဉ်လာကို စွဲကိုင်ထားကြသည်။” —မာကု ၇:၈။

သမ္မာကျမ်းစာပြောဆိုရာ–

လူတိုင်းမှာ မွေးကတည်းက ‘မှီခို’ အားကိုးလိုစိတ် ရှိကြတယ်။ (မဿဲ ၅:၃) ဒီမှီခိုအားကိုးလိုစိတ်ကြောင့် ဘုရားသခင်ရဲ့ ပညတ်တွေထက် လူတွေရဲ့ အယူအဆတွေအပေါ်အခြေခံတဲ့ ဘာသာတရားတွေကို ဖွဲ့စည်းခဲ့ကြတာဖြစ်တယ်။

ဥပမာ၊ ခရစ်နှစ် ပထမရာစုတုန်းက ရှိခဲ့တဲ့ ဘာသာတရားတစ်ခုရဲ့ ဘာသာဝင်တွေနဲ့ ပတ်သက်ပြီး သမ္မာကျမ်းစာမှာ အခုလိုပြောထားတယ်– “ထိုသူတို့သည် ဘုရားသခင်ဘက်၌ စိတ်အားထက်သန်ကြသည်။ . . . သို့သော် တိကျမှန်ကန်သော အသိပညာအတိုင်း မဟုတ်။ ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ ကိုယ့်ဖြောင့်မတ်ခြင်းကို တည်စေရန် ရှာကြံသောကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မလိုက်နာကြ။” (ရောမ ၁၀:၂၊ ၃) အဲဒီလိုပဲ၊ လက်ရှိ ဘာသာတရားအများစုက “လူတို့၏အယူဝါဒများကိုသွန်သင်” ပေးနေကြတယ်။—မာကု ၇:၇။

ဘာသာတရားတစ်ခုရဲ့ ဘာသာဝင်ဖြစ်ဖို့လိုသလား

“မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများ ကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထား စာနာကြစို့။ . . . အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။” —ဟေဗြဲ ၁၀:၂၄၊ ၂၅။

သမ္မာကျမ်းစာပြောဆိုရာ–

ဟေဗြဲ ၁၀:၂၅ မှာ “စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်” လို့ ဖော်ပြထားတယ်။ ဒီစကားအရ ဘုရားသခင်က လူတွေကို အုပ်စုတစ်စုအနေနဲ့ စုပေါင်းဝတ်ပြုစေချင်တယ်ဆိုတာ သိရတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ ဘယ်သူလဲ၊ ဘုရားသခင် ကြိုက်နှစ်သက်တာက ဘာတွေလဲ ဆိုပြီး ဘုရားရှိခိုးသူတိုင်းက တစ်ယောက်တစ်ပေါက် အဓိပ္ပာယ်ဖွင့်လို့ရမလား။ မရပါဘူး။ ဘုရားသခင်နှစ်သက်တဲ့နည်းလမ်းအတိုင်း ဝတ်ပြုကိုးကွယ်တဲ့သူတွေဟာ “တစ်စိတ်တစ်သဘောတည်း ပြောဆို၍ အချင်းချင်းစိတ်ဝမ်းကွဲပြားခြင်းမရှိဘဲ စိတ်သဘောထားတစ်မျိုးတည်းဖြင့် စည်းလုံးမှုရှိကြ” ရမယ်လို့ ကျမ်းစာက ဆိုတယ်။ (၁ ကောရိန္သု ၁:၁၀) ဒါကြောင့် ဘုရားရှိခိုးသူတွေဟာ အသင်းတော်တွေ ဖွဲ့ပြီး ကမ္ဘာချီ “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကို ချစ်” ခင်ကြတယ်။ (၁ ပေတရု ၂:၁၇; ၁ ကောရိန္သု ၁၁:၁၆) ဘုရားသခင် နှစ်သက်လက်ခံနိုင်ဖို့ဆိုရင် အဖွဲ့အစည်းအလိုက် ဒီလိုစည်းစည်းလုံးလုံးနဲ့ ဝတ်ပြုကိုးကွယ်ရမှာ ဖြစ်တယ်။

စစ်မှန်တဲ့ဘာသာကို ခွဲခြားသိမှတ်နိုင်သလား

“သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။” —ယောဟန် ၁၃:၃၅။

သမ္မာကျမ်းစာပြောဆိုရာ–

စစ်မှန်တဲ့ ဘာသာဝင်တွေကို ဘယ်လို ခွဲခြားသိမြင်နိုင်မလဲဆိုတာကို သုံးသပ်ကြည့်ရအောင်။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “သူတို့၏အသီးများအားဖြင့် သူတို့ကို သိလိမ့်မည်။ ဆူးပင်တွင် စပျစ်သီးကို ဆွတ်ဖူးသလော။ ဆူးလေပင်တွင် သဖန်းသီးကို ဆွတ်ဖူးသလော။” (မဿဲ ၇:၁၆) သဖန်းပင်နဲ့ ဆူးပင်ကို ခွဲခြားသိနိုင်ဖို့ ရုက္ခဗေဒပညာရှင်ဖြစ်ဖို့ မလိုပါဘူး။ အဲဒီလိုပဲ၊ စစ်မှန်တဲ့ဘာသာနဲ့ မှားယွင်းတဲ့ဘာသာကို ခွဲခြားသိမြင်ဖို့ဘာသာရေးကိုလေ့လာတဲ့ ကျွမ်းကျင်ပညာရှင်ဖြစ်ဖို့လည်း မလိုပါဘူး။ စစ်မှန်တဲ့ဘာသာရဲ့ အသွင်အပြင်တွေက ဘာတွေလဲ။

  • စစ်မှန်တဲ့ဘာသာက ဘုရားသခင့်စကားတော်ဖြစ်တဲ့ သမ္မာကျမ်းစာထဲက အမှန်တရားတွေကိုပဲ သွန်သင်ပေးတယ်။ (ယောဟန် ၄:၂၄; ၁၇:၁၇) စစ်မှန်တဲ့ဘာသာက လူ့အတွေးအခေါ်တွေအပေါ် အခြေမခံဘူး။

  • စစ်မှန်တဲ့ဘာသာက လူတွေ ဘုရားသခင်ကို သိလာစေဖို့၊ ကိုယ်တော်ရဲ့နာမဟာ ယေဟောဝါ ဖြစ်တယ်ဆိုတာ သိလာစေဖို့ ကူညီပေးတယ်။—ယောဟန် ၁၇:၃၊ ၆။

  • လူတွေအတွက် တစ်ခုတည်းသော မျှော်လင့်ချက်က လူ့အစိုးရမဟုတ်ဘဲ ဘုရားသခင့် နိုင်ငံတော်ဖြစ်တယ်ဆိုတာ စစ်မှန်တဲ့ဘာသာက လူတွေကို အာရုံစိုက်စေတယ်။ —မဿဲ ၁၀:၇; ၂၄:၁၄။

  • စစ်မှန်တဲ့ဘာသာက ကိုယ်ကျိုးမရှာတဲ့ မေတ္တာပြဖို့ အားပေးတယ်။ (ယောဟန် ၁၃:၃၅) လူမျိုးစုအားလုံးကို လေးစားဖို့၊ မိမိတို့ရဲ့ အချိန်နဲ့ ငွေကိုသုံးပြီး တခြားသူတွေကို ကူညီပေးဖို့၊ စစ်ပွဲတွေမှာ မပါဝင်ဖို့ သွန်သင်ပေးတယ်။—မိက္ခာ ၄:၁-၄။

  • စစ်မှန်တဲ့ဘာသာဆိုတာ ဘဝလမ်းစဉ်တစ်ခုဖြစ်ပြီး မိရိုးဖလာ၊ ထုံးတမ်းစဉ်လာအပေါ် အခြေမခံဘူး။ စစ်မှန်တဲ့ဘာသာဝင်တွေက အပြောနဲ့အလုပ် ညီတယ်။—ရောမ ၂:၂၁; ၁ ယောဟန် ၃:၁၈။

ဒီမဂ္ဂဇင်းကို ထုတ်ဝေတဲ့ ယေဟောဝါသက်သေတွေက ဘုရားသခင်ကို အပြောရောအလုပ်နဲ့ပါ ဂုဏ်တင်ဖို့ ကြိုးစားကြတယ်။ အဲဒါ ဟုတ်မဟုတ်သိဖို့ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမကိုလာပြီး စည်းဝေးတက်ကြည့်ပါလား။

သင့် ဒေသအနီးမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမနဲ့ စည်းဝေးတဲ့အချိန်ကို သိချင်တယ်ဆိုရင် www.pr2711.com/mya ဝက်ဘ်ဆိုက်၊ ကျွန်ုပ်တို့အကြောင်း > အစည်းဝေးများ ခေါင်းစဉ်အောက်မှာ ဝင်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ