ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၄ စာ. ၁၂-၁၃
  • ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်သလား
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆီးချိုရောဂါဆိုတာ ဘာလဲ။
  • ကုသမှုဆိုင်ရာ စိန်ခေါ်ချက်
    နိုးလော့!—၂၀၀၄
  • ဆီးချိုရောဂါ “အသံတိတ် လူသတ်သမား”
    နိုးလော့!—၂၀၀၄
  • ဆီးချိုဝေဒနာသည်များအား သမ္မာကျမ်းစာက အကူအညီပေးနိုင်ပုံ
    နိုးလော့!—၂၀၀၄
  • မာတိကာ
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၉/၁၄ စာ. ၁၂-၁၃
လေ့ကျင့်ခန်းလုပ်နေတဲ့ ဇနီးမောင်နှံ

ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်သလား

ဆီးချိုရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ အဖြစ်များလာတဲ့ ရောဂါတစ်ခုဖြစ်ပြီး အဓိက အမျိုးအစားနှစ်ခု ရှိတယ်။ အမျိုးအစား ၁ က လူငယ်တွေမှာ အဖြစ်များပြီး ဒီရောဂါကို ဘယ်လိုကာကွယ်ရမလဲဆိုတာ ဆရာဝန်တွေတောင် မသိသေးပါဘူး။ ၉၀ ရာခိုင်နှုန်းလောက်ဖြစ်နေတဲ့ ဆီးချိုအမျိုးအစား ၂ အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

ဆီးချိုအမျိုးအစား ၂ က လူကြီးတွေမှာပဲ ဖြစ်တယ်လို့ အရင်တုန်းက သိခဲ့ကြပေမဲ့ အခုဆိုရင် ကလေးတွေမှာပါ ဖြစ်ပွားနေပါပြီ။ ဒါပေမဲ့ ဆီးချိုအမျိုးအစား ၂ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ သိလာကြပြီ။ ဒီရောဂါအကြောင်း ကြိုသိထားတာ ကောင်းပါတယ်။a

ဆီးချိုရောဂါဆိုတာ ဘာလဲ။

ဆီးချိုရောဂါဆိုတာ သွေးထဲမှာသကြားဓာတ် ပါဝင်နှုန်း အရမ်းများနေတာကို ဆိုလိုတယ်။ လိုအပ်တဲ့စွမ်းအင်ဖြစ်စေတဲ့ သကြားဓာတ်ကို သွေးကြောကနေတစ်ဆင့် ဆဲလ်တွေဆီပို့ပေးတဲ့ဖြစ်စဉ်ကို ဒီရောဂါက ကမောက်ကမ ဖြစ်စေတယ်။ ဒီရောဂါက အရေးကြီးတဲ့ ကိုယ်အင်္ဂါတွေကို ပျက်စီးစေပြီး သွေးလည်ပတ်မှု မကောင်းတော့လို့ ခြေထောက် ဖြတ်ပစ်ရတာ၊ မျက်စိမှုန်တာ၊ ကျောက်ကပ်ပျက်စီးတာတို့ ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါသည်အများစုက နှလုံးရပ်၊ လေဖြတ်ပြီးတော့ သေတာများတယ်။

အဝလွန်တာက ဆီးချို အမျိုးအစား ၂ ဖြစ်စေနိုင်တယ်။ ဝမ်းဗိုက်နဲ့ ခါးမှာ အဆီများနေတာကလည်း ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုများတယ်။ အထူးသဖြင့် သရက်ရွက်နဲ့ အသည်းမှာ အဆီဖုံးနေရင် သွေးထဲက သကြားဓာတ်ကို မထိန်းပေးနိုင်တော့ဘူး။ ဒီရောဂါဖြစ်နိုင်ခြေကို လျှော့ချလို့ ရသလား။

ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ့် အချက် ၃ ချက်

၁။ ရောဂါဖြစ်နိုင်ခြေအုပ်စုထဲမှာ သင် ပါမယ်ဆိုရင် သွေးထဲက သကြားပါဝင်နှုန်းကို တိုင်းပါ။ ဆီးချိုအမျိုးအစား ၂ မဖြစ်ခင် အစောပိုင်းအဆင့်မှာ သွေးထဲက သကြားပါဝင်မှုနှုန်းဟာ ပုံမှန်ထက် ပိုများလာတယ်။ ဒီအခြေအနေနှစ်မျိုးစလုံးက ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ဆီးချိုရောဂါကို ထိန်းထားနိုင်ပေမဲ့ လုံးဝပျောက်ကင်းအောင် ကုလို့တော့ မရသေးဘူး။ ဆီးချိုရောဂါရဲ့ အစောပိုင်းအဆင့်မှာပဲ သွေးထဲက သကြားပါဝင်မှုနှုန်းကို ပုံမှန်ပြန်ဖြစ်သွားအောင် လုပ်နိုင်ပါတယ်။ ဒီအဆင့်မှာ ရောဂါလက္ခဏာ သိသိသာသာ မပြတဲ့အတွက် ရောဂါရှိမှန်း မသိနိုင်ဘူး။ လေ့လာချက်တွေအရ ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၃၁၆ သန်းဟာ ဆီးချိုရောဂါရဲ့ အစောပိုင်းအဆင့် ဖြစ်နေကြပြီး အများစုက သူတို့မှာ ရောဂါရှိနေမှန်းတောင် မသိကြဘူး။ ဥပမာ၊ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းထဲမှာပဲ ဆီးချို ရောဂါရဲ့ အစောပိုင်းအဆင့် ခံစားနေရသူ ၉၀ ရာခိုင်နှုန်းကတော့ ရောဂါရှိနေမှန်းတောင် မသိကြဘူး။

ဆီးချိုအမျိုးအစား ၂ ရဲ့ ရှေပြေးဖြစ်တဲ့ အစောပိုင်းအဆင့်ကလည်း အန္တရာယ်ရှိတယ်။ ဒီအဆင့်မှာ လူတွေက သတိမေ့လျော့လာတာ တွေ့ရတယ်။ အဝလွန်နေမယ်၊ ကိုယ်လက်လှုပ်ရှားမှု နည်းမယ်၊ ဆီးချိုမျိုးရိုးလည်းရှိတယ်ဆိုရင် သင့်မှာ ဆီးချိုရောဂါရဲ့အစောပိုင်းအဆင့် ဖြစ်နေလောက်ပြီ။ သွေးစစ်လိုက်ရင် အဖြေရပါလိမ့်မယ်။

၂။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာကို ရွေးစားပါ။ ပုံမှန်စားနေတာထက် လျှော့စားပါ။ အချိုရည်၊ ဖျော်ရည်တွေ သောက်မယ့်အစား ရေ၊ လက်ဖက်ရည်ကြမ်း၊ ကော်ဖီတို့ကို သောက်ပါ။ အဆင့်ဆင့်ပြုပြင်သန့်စင်ထားတဲ့ အစာတွေ စားမယ့်အစား ဂျုံကြမ်း၊ ဆန်ကြမ်း၊ ခေါက်ဆွဲတွေကို အတော်အသင့်ပဲ စားပါ။ အဆီသိပ်မပါတဲ့ အသား၊ ငါး၊ အခွံမာသီးနဲ့ ပဲအမျိုးမျိုးကို စားပါ။

၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်တစ်ပွဲ ၊ ၂။ လူတစ်ယောက် ကိုယ်အလေးချိန် ချိန်နေပုံ

၃။ လှုပ်လှုပ်ရှားရှားနေပါ။ လေ့ကျင့်ခန်းလုပ်တာက သွေးထဲက သကြားဓာတ်ကို လျှော့ချနိုင်သလို ကိုယ်အလေးချိန်ကိုလည်း ထိန်းထားနိုင်ပါတယ်။ တီဗွီအရှေ့မှာပဲ ထိုင်နေမယ့်အစား လေ့ကျင့်ခန်းလုပ်ပါ။

မျိုးရိုးဗီဇကိုတော့ ပြောင်းလဲလို့မရပေမဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲနိုင်ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်တာက လုပ်ရကြိုးနပ်ပါတယ်။

a နိုးလော့! မဂ္ဂဇင်းက ဘယ်အစားအစာ၊ ဘယ်လေ့ကျင့်ခန်းကိုမှ အားပေးထောက်ခံခြင်း မရှိပါ။ ဘယ်ကုထုံးနဲ့ ကုမလဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ်တိုင်ဆုံးဖြတ်ပါ။

‘ကျွန်တော် အချိန်မီလုပ်ဆောင်ခဲ့’–လူတွေ့မေးမြန်းခန်း

ဆီးချိုရောဂါဖြစ်နိုင်ခြေ ရှိတယ်ဆိုတာ ဘယ်လို သိလိုက်ရသလဲ။

အလုပ်ဝင်ဖို့ ဆေးစစ်ကြည့်လိုက်တော့ ကျွန်တော့်မှာ ဆီးချိုရောဂါရနိုင်တဲ့ အလားအလာရှိတယ်လို့ ဆရာဝန်က ပြောတယ်။ ကျွန်တော့်မှာ ဆီးချိုရောဂါရနိုင်တဲ့ အကြောင်းရင်း လေးခုရှိတယ်။ ကျွန်တော်က ဝလည်းဝ၊ လေ့ကျင့်ခန်းလည်းမလုပ်၊ ဆီးချိုမျိုးရိုးလည်းရှိတဲ့အပြင် ရောဂါဖြစ်နိုင်ခြေများတဲ့အုပ်စုထဲမှာလည်း ပါနေတယ်။ ဒီအချက်လေးချက်စလုံးကို မပြောင်းလဲနိုင်ပေမဲ့ နှစ်ချက်ကိုတော့ ကျွန်တော် ပြောင်းလဲလို့ ရတယ်။

ဘာလုပ်ခဲ့သလဲ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာ၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်နဲ့ ဆီးချိုရောဂါက ဆက်စပ်နေတယ်လို့ ဆီးချိုရောဂါကုဆရာဝန်က ရှင်းပြတယ်။ ဒါကြောင့် စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တယ်။ ဟင်းသီးဟင်းရွက်များများစားပြီး အသားငါးတွေကို လျှော့စားတယ်။ အရင်ကထက် ပိုပြီး တက်တက်ကြွကြွ၊ လှုပ်လှုပ်ရှားရှားနေတယ်။

ဘယ်လောက်ထိ အောင်မြင်ခဲ့သလဲ။

တစ်နှစ်ခွဲအတွင်း ကိုယ်အလေးချိန် တော်တော်လေးကျသွားပြီး နေလို့ထိုင်လို့ ကောင်းလာတယ်။ ဆီးချိုရောဂါကို ကြောက်လွန်းလို့ အရင်တုန်းကလို ကျန်းမာရေးမလိုက်စားတဲ့ပုံစံမျိုး မနေတော့ဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ