ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၁၅ စာ. ၁၆
  • ဘာသာတရားနဲ့ပတ်သက်ပြီး သတိပြုမိရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာတရားနဲ့ပတ်သက်ပြီး သတိပြုမိရာ
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာ့သတင်း
  • အင်္ဂလန်
  • ဩစတြေးလျ
  • စစ်မှန်တဲ့ဘာသာကို ဘယ်လို ရှာတွေ့နိုင်မလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဘာသာတရားကို စိတ်ဝင်စားမှု လျော့နည်းလာကြပြီလား
    နိုးလော့!—၂၀၁၅
  • သမ္မာကျမ်းစာ ​သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • မှန်သောဘာသာကို သင်တွေ့ရှိပြီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၁/၁၅ စာ. ၁၆
ချာ့ခ်ျတစ်ခုရဲ့ ခေါင်မိုးအထွတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဘာသာတရားနဲ့ပတ်သက်ပြီး သတိပြုမိရာ

ဘာသာတရားက စည်းလုံးစေတယ်လို့ ယူမှတ်ကြတယ်။ ဒါပေမဲ့ အများအားဖြင့် ဘာသာရေးကြောင့် ပဋိပက္ခတွေ၊ မယုံသင်္ကာမှုတွေ ဖြစ်နေတယ်။

ကမ္ဘာ့သတင်း

ကမ္ဘာလုံးရဲ့ လေးပုံသုံးပုံကို ပေါ်လွင်စေချင်တဲ့အတွက် တစ်စိတ် စိတ်ပြထား

ကမ္ဘာ့လူဦးရေ လေးပုံသုံးပုံကျော်ဟာ တရားဝင်ဥပဒေကြောင့် ဒါမှမဟုတ် လူမှုရေးမုန်းတီးမှုကြောင့် ဘာသာရေးကို ကန့်သတ်ချုပ်ချယ်ထားတဲ့နိုင်ငံတွေမှာ နေထိုင်ကြတယ်။ မကြာသေးမီ ငါးနှစ်တာကာလအတွင်းမှာ လူနည်းစုသာရှိတဲ့ဘာသာတွေကိုမတရားဖိနှိပ်တဲ့နိုင်ငံ အရေအတွက်ဟာ နှစ်ဆနီးပါးများလာတယ်။

စဉ်းစားစရာ– ဘယ်အကြောင်းရင်းတွေကြောင့် တချို့သူတွေဟာ ဘာသာတရားမရှိကြတော့တာလဲ။—မဿဲ ၂၃:၂၇၊ ၂၈; ယောဟန် ၁၅:၁၉။

အင်္ဂလန်

မကြာသေးခင်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ “ဘာသာရေးကို အသုံးချပြီး” လုပ်ခဲ့တာဖြစ်တယ်။ “ဒီရာစုနှစ်မှာတိုက်တဲ့စစ်ပွဲတွေက ၂၀ ရာစုနှစ်ကလို နိုင်ငံရေး သဘောထားကွဲလွဲမှုတွေကြောင့် မဟုတ်တော့ဘဲ ယဉ်ကျေးမှုမတူလို့၊ ဘာသာမတူလို့ တိုက်တဲ့စစ်တွေ ဖြစ်နေတယ်” လို့ သတင်းစာတစ်စောင် (Observer) မှာ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ရေးသားဖော်ပြတယ်။

စဉ်းစားစရာ– ဘာသာရေးက ဘာကြောင့် ဒီလောက်တောင် စိတ်ဝမ်းကွဲပြားစေရတာလဲ။—မာကု ၇:၆-၈။

ဩစတြေးလျ

လူတစ်ဦးကိုတော့ ကြက်ခြေခတ်ထားပြီး ကျန်တဲ့လေးဦးက လက်တွေမြှောက်ထား

ဩစတြေးလျ အစိုးရစစ်တမ်းကောက်ချက်အရ ၅ ယောက်မှာ ၁ ယောက်က ဘာသာတရားမရှိဘူးလို့ သိရတယ်။ “ဘာသာဝင်ဖြစ်ရင်တောင် ဘာသာရေးကိစ္စတွေ မလုပ်ကြဘူး။” ဘာသာရေးကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြတဲ့သူတွေထဲမှာ အမျိုးသား ၁၅ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၂ ရာခိုင်နှုန်းပဲ ရှိတယ်။

စဉ်းစားစရာ– ယနေ့ခေတ် ဘာသာရေးအဖွဲ့အစည်းအများစုကလူတွေမှာ ဘယ်လိုမကောင်းတဲ့အရည်အသွေးတွေ ထင်ရှားနေသလဲ။—မဿဲ ၇:၁၅-၂၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ