ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၁၅ စာ. ၃
  • အာရှတိုက်နဲ့ပတ်သက်ပြီး သတိပြုမိရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာရှတိုက်နဲ့ပတ်သက်ပြီး သတိပြုမိရာ
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပညာပေးပြောပြတာက ကလေးတွေကို ကာကွယ်ပေး
  • တိုင်ဖွန်းမုန်တိုင်းပြီးနောက် သေကျေပျက်စီးမှု
  • တောင်ကိုရီးယားနိုင်ငံက သက်ကြီးရွယ်အိုတွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ကြ
  • ကိုရီးယားနိုင်ငံ၏ ထူးခြားသောအပြောင်းအလဲများကြားတွင် အသက်ရှင်ခြင်း
    နိုးလော့!—၂၀၀၈
  • သင့်သားသမီးများအား ကာကွယ်ပေးနိုင်ပုံ
    နိုးလော့!—၂၀၀၇
  • ကိုရီးယားတွင် တိုးပွားမှုမြင်တွေ့ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၅/၁၅ စာ. ၃
အာရှမှာနေတဲ့ ကလေးမလေးနဲ့ သူ့အမေ

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အာရှတိုက်နဲ့ပတ်သက်ပြီး သတိပြုမိရာ

အာရှတိုက်ဟာ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးတိုက်ကြီး ဖြစ်တယ်။ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံမှာတင်ပဲ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံ နေထိုင်ကြတယ်။ အာရှတိုက်မှာရှိတဲ့နိုင်ငံတွေဟာ သူတို့နိုင်ငံသားတွေကို ပညာရေးနဲ့ ကာကွယ်မှုပေးတဲ့နေရာမှာ ဘာအခက်အခဲတွေ ကြုံနေရသလဲ။

ပညာပေးပြောပြတာက ကလေးတွေကို ကာကွယ်ပေး

မိဘတွေက ကလေးတွေကို ငယ်တဲ့အရွယ်ကတည်းက လိင်မှုကိစ္စအကြောင်း ပညာပေး ပြောမပြထားဘူးဆိုရင် စော်ကားနှောင့်ယှက်မှုကြုံရနိုင်ခြေပိုများတယ်ဆိုပြီး တရုတ်နိုင်ငံမှာရှိတဲ့ ဥပဒေပညာရှင်တွေက ပြောကြတယ်။ တရုတ်နိုင်ငံက ရှေ့နေတွေဟာ လွန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တဲ့ အမှု ၈,၀၀၀ လောက်ကို ဖြေရှင်းပေးခဲ့ရတယ်။ ကလေးတွေဟာ “ခုခံနိုင်စွမ်းနည်းလို့ ပစ်မှတ်ထားခံရဖို့ ပိုလွယ်ကူတယ်။ ဒါပေမဲ့ လိင်ဆိုင်ရာစော်ကားမှုကနေ ကာကွယ်ပေးချင်တယ်ဆိုရင်တော့ ပညာပေးပြောပြထားတာက အဓိကကျတယ်” ဆိုပြီး ပေကျင်း နော်မယ်လ် တက္ကသိုလ်က ဥပဒေ ပါမောက္ခတစ်ဦးက ပြောတယ်။

သမ္မာကျမ်းစာပြောဆိုရာ– ပညာသတိရှိတဲ့မိဘတွေက သူတို့ရဲ့ သားသမီးတွေကို “ကောက်သောစကားကိုပြောတတ်သောသူ” တွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမလဲဆိုတာကို သင်ပေးထားမှာဖြစ်တယ်။—သုတ္တံ ၂:၁၊ ၁၀-၁၂။

တိုင်ဖွန်းမုန်တိုင်းပြီးနောက် သေကျေပျက်စီးမှု

ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်း မုန်တိုင်းတိုက်ခတ်ပြီးနောက် တစ်နှစ် အတွင်းမှာ သေဆုံးသွားတဲ့ နို့စို့အရွယ်သမီးမိန်းကလေး အရေအတွက်ဟာ မုန်တိုင်းဒဏ်ကြောင့်သေဆုံးသွားတဲ့ လူအရေအတွက်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၁၅ ယောက်မှာ ၁ ယောက်နှုန်း ဖြစ်တယ်ဆိုပြီး လေ့လာမှုတစ်ခုအရ သိရတယ်။ ဖြစ်နိုင်တာကတော့ မုန်တိုင်းပြီးတဲ့နောက် အလုပ်လက်မဲ့ဖြစ်သွားတာ၊ အိမ်အသစ်ပြန်ဆောက်ရတာနဲ့ နို့စို့အရွယ်သမီးမိန်းကလေးအတွက် အာဟာရဖြည့်အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတာ နည်းပါးတာကြောင့်လည်းပါဝင်တယ်။

သမ္မာကျမ်းစာပြောဆိုရာ– ‘မွတ်သိပ်သောသူကို အစာကျွေးပါ၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ဆောင်ပါ၊ အဝတ်မရှိသောသူကိုမြင်လျှင် အဝတ်ကို ပေးပါ။’—ဟေရှာယ ၅၈:၇။

တောင်ကိုရီးယားနိုင်ငံက သက်ကြီးရွယ်အိုတွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ကြ

တောင်ကိုရီးယားနိုင်ငံမှာ၊ ၂၀၁၁ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူ လေးပုံတစ်ပုံဟာ အသက် ၆၅ နှစ်နဲ့ အထက်ရှိတဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်တယ်။ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်တာနဲ့ပတ်သက်တဲ့ ပြောင်းလဲသွားတဲ့ အမြင်သဘောထားအပြင် စီးပွားရေးအကျပ်အတည်းတွေကြောင့် တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အသက်ကြီးသူ ၅၀ ရာခိုင်နှုန်းနီးပါးက ဆင်းရဲ ချို့တဲ့စွာ နေထိုင်ကြရတယ်ဆိုပြီး သုတေသီတချို့က ထောက်ပြတယ်။ အခုဆိုရင် တောင်ကိုးရီးယားနိုင်ငံမှာ သားသမီးတွေဟာ သက်ကြီးရွယ်အို မိဘကို ပြုစုစောင့်ရှောက်ရမယ်လို့ သိတတ်တဲ့သူ တစ်ဝက်လောက်တောင် မရှိဘူး။

သမ္မာကျမ်းစာပြောဆိုရာ– “မိဘကို ရိုသေသမှုပြုလော့။”—ဧဖက် ၆:၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ