ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၁၅ စာ. ၈-၉
  • မွန်ဂိုလီးယားသို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မွန်ဂိုလီးယားသို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၅
နိုးလော့!—၂၀၁၅
န ၇/၁၅ စာ. ၈-၉
ရိုးရာတဲ ဂယ်ရ် ရှေ့မှာ ထိုင်နေကြတဲ့ မွန်ဂိုတွေ

သူတို့မြေ၊ သူတို့ဓလေ့

မွန်ဂိုလီးယားသို့ အလည်တစ်ခေါက်

မွန်ဂိုလီယားနိုင်ငံ တည်နေရာပြ ကမ္ဘာ့မြေပုံ

ဂျင်ဂစ်ခန်ဟာ ၁၂ ရာစုက ရဲရင့်တဲ့စစ်သူကြီး ဖြစ်သလို မွန်ဂိုအင်ပါယာကြီးကို ထူထောင်ခဲ့သူလည်း ဖြစ်တယ်။ နဂိုအင်ပါယာနဲ့ယှဉ်ရင် အစိတ်အပိုင်းငယ်လေးလောက်သာ ကျန်ရှိတော့တဲ့ ခေတ်သစ် မွန်ဂိုလီးယားနိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပြီး ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာ တည်ရှိတယ်။ လူဦးရေအနည်းဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တယ်။

မွန်ဂိုလီးယားနိုင်ငံမှာ မြစ်ချောင်းတွေ၊ မြင့်မားလှတဲ့တောင်တန်းကြီးတွေ၊ နိမ့်ချီမြင့်ချီ မြက်ခင်းပြင်တွေ၊ စတက်မြက်ခင်းပြင်ကြီးတွေ ရှိတယ်။ တောင်ပိုင်းက ဂိုဘီသဲကန္တာရဟာ မပျက်မစီးဘဲရှိနေတဲ့ ဒိုင်နိုဆောရုပ်ကြွင်းတွေကြောင့် နာမည်ကြီးတယ်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ ပေ ၅,၂၀၀ မှာ တည်ရှိပြီး မွန်ဂိုလီးယားနိုင်ငံကို “ကောင်းကင်ပြာတိုင်းပြည်” အဖြစ် ဒေသခံတွေ ရည်ညွှန်း ပြောဆိုလေ့ရှိတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၂၅၀ ကျော် နေသာနေတာကြောင့် အဲဒီလိုနာမည်ရတာ ဖြစ်တယ်။

နှင်းကျားသစ်

နှင်းကျားသစ်

မွန်ဂိုတွေဟာ ပြင်းထန်တဲ့ ရာသီဥတုကို ကြံ့ကြံ့ခံကြရပါတယ်။ နွေရာသီမှာ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ထိုးတက်သွားပြီး ဆောင်းရာသီမှာ အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်ကို ထိုးကျသွားတယ်။ မွန်ဂိုလူမျိုး သုံးပုံတစ်ပုံဟာ ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့ နေထိုင်ကြတဲ့သူတွေပါ။ အမျိုးသားတွေရော အမျိုးသမီးတွေပါ စောစောထပြီး ဆိတ်နို့၊ နွားနို့၊ ကုလားအုတ်နို့၊ မြင်းနို့ ညှစ်ကြတယ်။ မွန်ဂိုတွေရဲ့ အစားအစာမှာ နို့ထွက်ပစ္စည်းတွေနဲ့ လူကြိုက်များတဲ့ သိုးသားပါဝင်တယ်။

နေခြောက်လှန်းထားတဲ့ အားရိုနို့ခဲများ

အားရိုလို့ခေါ်တဲ့ နေလှန်းထားတဲ့ နို့ခဲများ

မွန်ဂိုတွေဟာ ဧည့်ဝတ်ကျေတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့နေထိုင်တဲ့ ဂယ်ရ်လို့ခေါ်တဲ့ ရွှေ့ရပြောင်းရလွယ်ကူတဲ့ တဲတွေကို ခရီးသွားတွေ ဝင်ရောက်နားနေနိုင်ဖို့ သော့မခတ်ထားကြဘူး၊ ပြီးတော့ စားသောက်ဖွယ်ရာတွေကိုလည်း ပြင်ဆင်ပေးထားတယ်။ နို့များများထည့်ပြီး ဖျော်ထားတဲ့ လက်ဖက်ရည်ထဲမှာ ဆားနည်းနည်းခတ်ပြီး ဧည့်သည်တွေကို တည်ခင်းပေးလေ့ရှိတယ်။

မွန်ဂိုလီးယားနိုင်ငံမှာရှိတဲ့ လူမျိုးအများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတယ်။ နတ်ကိုးကွယ်သူတွေ၊ အစ္စလာမ်နဲ့ ခရစ်ယာန်တွေ ရှိနေသလို ဘာသာမဲ့တွေလည်း ရှိတယ်။ မွန်ဂိုလီးယားနိုင်ငံမှာ ယေဟောဝါသက်သေ ခရစ်ယာန် ၃၅၀ ကျော်ရှိပြီး သူတို့နဲ့အတူ ကျမ်းစာလေ့လာနေသူ ၇၇၀ ကျော် ရှိတယ်။

ဝန်တွေတင်ဆောင်ထားတဲ့ ဘို့နှစ်လုံးကုလားအုတ်

အလွန်အေးတဲ့ အချိန်မှာတောင် ဝန်တွေတင်ထားတဲ့ ဘို့နှစ်လုံးရှိတဲ့ ကုလားအုတ်ကို တွေ့မြင်နိုင်

အချက်အလက်အကျဉ်း

  • လူဦးရေ– ၂,၇၁၃,၀၀၀

  • မြို့တော်– ဦလန်ဘာတာမြို့

  • ဘာသာစကား– မွန်ဂို၊ ရုရှားနဲ့ တူရကီ

  • အဓိကပို့ကုန်– ကြေးနီ၊ ကျောက်မီးသွေး၊ ရွှေနဲ့ ဆိတ်မွေး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ