ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၅ စာ. ၈-၉
  • တောင်းပန်စကား ဆိုနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တောင်းပန်စကား ဆိုနိုင်ပုံ
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • ဘာကြောင့် တောင်းပန်သင့်သလဲ
    လူငယ်များအမေး
  • သင်သည် တောင်းပန်ဖို့ အမှန်တကယ်လိုအပ်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဝန်ချတောင်းပန်ခြင်း ပြန်လည်သင့်မြတ်ရန်သော့ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဝန်ချတောင်းပန်ရန် အဘယ်ကြောင့် ဤမျှခက်ရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၉/၁၅ စာ. ၈-၉
ခင်ပွန်းသည်က စကားပြောနေပေမဲ့ စိတ်ဆိုးနေတဲ့ ဇနီးက တစ်ဖက်လှည့်ပြီး အဝေးကိုကြည့်နေ

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

တောင်းပန်စကား ဆိုနိုင်ပုံ

အခက်အခဲ

ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဖက်က အခုပဲ စကားများထားတယ်။ ‘ငါသူ့ကို တောင်းပန်စရာမလိုဘူး၊ သူ အရင်စထားတဲ့ကိစ္စပဲ’ လို့ ကိုယ့်ကိုယ်ကိုယ် ပြောတယ်။

ရန်ဆက်မဖြစ်တော့ပေမဲ့ တင်းမာမှုကတော့ ကျန်နေတုန်းပဲ။ တောင်းပန်ဖို့ စဉ်းစားမိပေမဲ့လည်း “တောင်းပန်ပါတယ်” ဆိုတဲ့စကားရိုးရိုးလေးကို ထုတ်ပြောလိုက်ဖို့ ခက်နေပြန်တယ်။

ဖြစ်ရတဲ့အကြောင်းရင်း

မာနစိတ်။ “တစ်ခါတလေ မာနစိတ်ကြောင့် ‘တောင်းပန်ပါတယ်’ လို့ပြောဖို့ မလွယ်ဘူး” ဆိုပြီး ထင်ကျော်ဆိုတဲ့ ခင်ပွန်းသည်တစ်ဦး ဝန်ခံခဲ့တယ်။a မာနစိတ်လွန်ကဲနေချိန်မှာ ကိုယ့်ရဲ့အမှားလည်းပါတယ်ဆိုတာကို အသိအမှတ်ပြုရမှာ ရှက်နေနိုင်တယ်။

ရှုမြင်ချက်။ ကိုယ့်ဘက်က အမှားလုပ်ထားတဲ့အခါကျမှ တောင်းပန်သင့်တယ်လို့ ခံစားနေရတာ ဖြစ်နိုင်တယ်။ “ကျွန်မ တကယ်အမှားလုပ်တဲ့အခါမှပဲ ‘တောင်းပန်ပါတယ်’ လို့ ပြောရတာလွယ်တယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးမှားတဲ့အခါကျတော့ တောင်းပန်ဖို့ခက်တယ်။ သူ့အပြစ်လည်းပါတာပဲ၊ ကျွန်မက ဘာလို့တောင်းပန်ရမှာလဲ” လို့ ယုယု ဆိုတဲ့ ဇနီးသည်က ပြောတယ်။

ကိုယ့်အိမ်ထောင်ဖက်ရဲ့ အမှားလို့ ယူမှတ်တဲ့အခါ ပိုပြီး ဆင်ခြေပေးမိနိုင်တယ်။ “ကိုယ့်ဘက်က ဘာအမှားမှမလုပ်ထားဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယူမှတ်ထားတဲ့အခါမျိုးမှာ မတောင်းပန်ဘဲနေတာက အပြစ်ကင်းကြောင်းပြတဲ့ နည်းတစ်ခုပဲ” ဆိုပြီး ခင်ပွန်းသည် ဝင်းကျော်က ပြောတယ်။

ကြီးပြင်းလာပုံ ဘဝနောက်ခံ။ ကိုယ်က တောင်းပန်စကားဆိုခဲတဲ့ မိသားစုအတွင်းမှာ ကြီးပြင်းလာသူ ဖြစ်နိုင်တယ်။ အဲဒီအခါ ကိုယ့်အမှားအတွက် တောင်းပန်ရကောင်းမှန်း နားမလည်တာ ဖြစ်နိုင်တယ်။ ကလေးအရွယ်မှာ ပြောကျင့်မရှိတဲ့အတွက် ကြီးလာတဲ့အခါ စိတ်ရင်းမှန်နဲ့ တောင်းပန်တတ်တဲ့အကျင့်လည်း ရှိမှာမဟုတ်ဘူး။

လုပ်ဆောင်နိုင်ရာ

ဇနီးမောင်နှံနှစ်ယောက် ရေပုံးကိုယ်စီနဲ့ မီးငြှိမ်းသတ်နေ

မီးလျှံနဲ့တူတဲ့ အငြင်းပွားမှုကို တောင်းပန်စကားနဲ့ ငြိမ်းသတ်နိုင်

အိမ်ထောင်ဖက်ဘက်ကနေ တွေးပေးပါ။ တစ်ယောက်ယောက်က ကိုယ့်ကို တောင်းပန်ခဲ့တုန်းက ကိုယ်ဘယ်လိုခံစားရသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ကိုယ်လည်း အဲဒီလိုပဲ အိမ်ထောင်ဖက် စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မလား။ ကိုယ့်ဘက်က အမှားမလုပ်ထားဘူးလို့ ယုံကြည်နေရင်တောင် အိမ်ထောင်ဖက် စိတ်ထိခိုက်သွားတဲ့အတွက် ဒါမှမဟုတ် ကိုယ့်လုပ်ရပ်ကြောင့် မရည်ရွယ်ဘဲ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေအတွက် တောင်းပန်နိုင်တယ်။ အဲဒါက အိမ်ထောင်ဖက်ရဲ့ ခံစားချက်တွေကို ပြေလျော့စေနိုင်တယ်။ —ကျမ်းစာအကြံပြုချက်– လုကာ ၆:၃၁။

ကိုယ့်ရဲ့ အိမ်ထောင်ရေးကို ထည့်တွက်စဉ်းစားပါ။ တောင်းပန်တာကို ရှုံးနိမ့်မှုလို့ မယူမှတ်ဘဲ အိမ်ထောင်သာယာမှုအတွက် ကြိုးပမ်းချက်လို့ ရှုမြင်ပါ။ စိတ်ဆိုးနေသေးတဲ့သူတစ်ယောက်ဟာ “ခိုင်ခံ့သောမြို့ထက် သာ၍ခက်” တယ်လို့ သုတ္တံ ၁၈:၁၉ မှာ ပြောထားတယ်။ အဲဒီလို အခြေအနေမှာ ငြိမ်သက်မှုရဖို့ ဆိုတာ တကယ်မလွယ်လှဘူး။ တောင်းပန်တာကတော့ ပြဿနာ ပိုပြီး ကြီးထွားမလာအောင် တားဆီးပေးနိုင်ပါတယ်။ ကိုယ့်ခံစားချက်ထက် အိမ်ထောင်သာယာရေးကို ဦးစားပေးသင့်တယ်။—ကျမ်းစာအကြံပြုချက်– ဖိလိပ္ပိ ၂:၃။

တောင်းပန်ရာမှာ လျင်မြန်ပါ။ ကိုယ့်အမှားပဲ မဟုတ်တဲ့ အခါမျိုးမှာ တောင်းပန်ဖို့ခက်တယ်ဆိုတာ မှန်ပါတယ်။ အိမ်ထောင်ဖက်ရဲ့ အမှားလည်းပါနေတဲ့အတွက် ကိုယ့်မှာအမှားမရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်ဘူး။ အချိန်ကြာသွားရင် ပြေလည်သွားမှာပါလို့တွေးပြီး မတောင်းပန်ဘဲ မနေပါနဲ့။ ကိုယ့်ဘက်က အစပြုတောင်းပန်ရင် အိမ်ထောင်ဖက်ဘက်ကလည်း တောင်းပန်ဖို့ လွယ်ကူမှာဖြစ်တယ်။ တောင်းပန်စကား ခဏခဏ ပြောမယ်ဆိုရင် နောက်ပိုင်းမှာ ပြောဖို့ပိုပြီး လွယ်ကူလာပါလိမ့်မယ်။—ကျမ်းစာအကြံပြုချက်– မဿဲ ၅:၂၅။

စိတ်ရင်းမှန်နဲ့ပြောတဲ့ စကားတွေဖြစ်ကြောင်း သက်သေပြပါ။ ကိုယ့်ရဲ့လုပ်ရပ်အတွက် ရှာကြံအကြောင်းပြတာက တောင်းပန်တာ မဟုတ်ဘူး။ “အဖြစ်သည်းနေလိုက်တာ၊ တောင်းပန်တယ်၊ ကျေနပ်ပြီလား” ဆိုပြီး ငေါ့တဲ့စကားလုံးတွေနဲ့ ပြောတာက စိတ်ရင်းမှန်နဲ့ တောင်းပန်တာ မဟုတ်ဘူး။ ကိုယ့်ရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူပါ၊ ကိုယ့်ကြောင့်မဟုတ်ဘူးလို့ ဆင်ခြေပေးနိုင်ရင်တောင် အိမ်ထောင်ဖက် စိတ်ထိခိုက်သွားရတာကို အသိအမှတ်ပြုပါ။

အဖြစ်မှန်ကို အသိအမှတ်ပြုလက်ခံပါ။ ကိုယ်လည်းအမှားတွေလုပ်တတ်တယ်ဆိုတာ နှိမ့်ချစွာ အသိအမှတ်ပြုပါ။ လူတိုင်းအမှားလုပ်ကြတာပါပဲ။ ကိစ္စရပ်တစ်ခုမှာ ကိုယ်က အပြစ်ရှိသူ မဟုတ်ဘူးလို့ ထင်ရင်တောင် ကိုယ့်စိတ်အထင်နဲ့ အဖြစ်မှန်က တူချင်မှတူပါလိမ့်မယ်။ ‘အမှုကိုဦးဆုံးထွက်ဆိုသူက မှန်တယ်ထင်ရပေမဲ့ တစ်ဖက်လူရောက်လာပြီး ပြန်လှန်စစ်မေးချိန်မှာတော့ အဖြစ်မှန် ပေါ်လာတတ်တယ်’ လို့ ကျမ်းစာမှာ ပြောထားတယ်။ (သုတ္တံ ၁၈:၁၇၊ ကဘ) ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့အမှားတွေအတွက် အမြင်မှန်ရှိမယ်ဆိုရင် တောင်းပန်ချင်စိတ် ပေါ်လာမှာ ဖြစ်တယ်။

a ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။

ကျမ်းစာအကြံပြုချက်များ

  • “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။”—လုကာ ၆:၃၁။

  • “သူတစ်ပါးသည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်နှင့် ယူမှတ်ကြလော့။” —ဖိလိပ္ပိ ၂:၃။

  • “ပြေလည်အောင် ချက်ချင်းလုပ်ဆောင်လော့။”—မဿဲ ၅:၂၅။

ဂျေဆင်နဲ့ အလက်ဇန္ဒရား

ဂျေဆင်နဲ့ အလက်ဇန္ဒရား

“တောင်းပန်စကားပြောတဲ့အခါ အိမ်ထောင်မှာ ပြဿနာတွေ ကြီးထွားပြီး တင်းမာလာမယ့်အစား သေးငယ်သွားစေတယ်။ တောင်းပန်စကားဆိုခြင်းက တစ်ယောက်ကိုတစ်ယောက်ချစ်ကြောင်း သက်သေပြဖို့ အခွင့်အရေးလည်း ဖြစ်တယ်။”

ခီးနဲ့ ဂျူလီယာ

ခီးနဲ့ ဂျူလီယာ

“ငြိမ်သက်မှု၊ ပျော်ရွှင်မှုရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်းပန်တာ ဖြစ်ရမယ်။ ဘယ်သူ မှန်တယ်၊ မှားတယ် ဆိုတာက အဓိကမဟုတ်ဘဲ အိမ်ထောင်ဖက်က အကြောင်းတစ်ခုခုကြောင့် စိတ်ထိခိုက်သွားတယ်ဆိုရင် သူစိတ်ပျော်လာအောင် ကိုယ်လုပ်နိုင်တာကို လုပ်ပေးရမှာဖြစ်တယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ