ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၅ စာ. ၁၂-၁၃
  • နီကာရာဂွါသို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နီကာရာဂွါသို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၅
နိုးလော့!—၂၀၁၅
န ၉/၁၅ စာ. ၁၂-၁၃
နီကာရာဂွါအိုင်ထဲကနေ ထိုးထွက်နေတဲ့ မီးတောင်နှစ်လုံးကြောင့် ဖြစ်လာတဲ့ အိုမာတာပါကျွန်း

နီကာရာဂွါအိုင်ရဲ့ ထူးခြားတဲ့ အသွင်အပြင်တစ်ရပ်ကတော့ မီးတောင်နှစ်လုံးကို ကျွန်းဆက်တစ်ခုနဲ့ ဆက်သွယ်ထားတဲ့ အိုမာတာပါ ကျွန်းကြီးဖြစ်

သူတို့မြေ၊ သူတို့ဓလေ့ | နီကာရာဂွါ

နီကာရာဂွါသို့ အလည်တစ်ခေါက်

နီကာရာဂွါ မြေပုံ

လူတွေက နီကာရာဂွါနိုင်ငံကို အင်းအိုင်တွေနဲ့ မီးတောင်တွေပေါများတဲ့နိုင်ငံလို့ ခေါ်ကြတယ်။ နီကာရာဂွါနိုင်ငံမှာရှိတဲ့ အိုင်ဟာ ဗဟိုအမေရိကမှာ အကြီးဆုံးအိုင်ကြီး ဖြစ်တာကြောင့် အဲဒီနိုင်ငံသားတွေက ဂုဏ်ယူကြတယ်။ တိုင်းရင်းသားလူမျိုးစုတွေက အဲဒီအိုင်ကို ကိုစီဘိုကာလို့ ခေါ်ကြတယ်၊ ကိုစီဘိုကာဆိုတာက “ရေချိုပင်လယ်” လို့ အဓိပ္ပာယ်ရှိတယ်။ နီကာရာဂွါအိုင်ထဲမှာ ကျွန်းတွေရာနဲ့ချီ ရှိတယ်၊ ပြီးတော့ ငါးမန်း၊ ဓားရှည်နှုတ်သီးငါး၊ တာပွန်ငါးလိုမျိုး ပင်လယ်ငါးတွေရှိတဲ့ တစ်ခုတည်းသောရေချိုအိုင် ဖြစ်တယ်။

နီကာရာဂွါနိုင်ငံရဲ့ အထိမ်းအမှတ်ပန်းဖြစ်တဲ့ ပန်းရောင် တရုတ်စကားပန်း

ပန်းရောင် တရုတ်စကားပန်းဟာ နီကာရာဂွါနိုင်ငံရဲ့ အထိမ်းအမှတ်ပန်းဖြစ်

နီကာရာဂွါနိုင်ငံရှိ မော့စကီတို ကမ်းရိုးတန်းဟာ ဗဟိုအမေရိကရဲ့ အခေါင်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တယ်။ အကျယ် မိုင် ၄၀ ကျော်ရှိတဲ့ မော့စကီတို ကမ်းရိုးတန်းဟာ နိုင်ငံရဲ့ အရှေ့ဘက်ပိုင်းမှာ ရှိပြီး၊ ဟွန်ဒူးရပ်စ်နိုင်ငံအထိ ရှည်လျားတယ်။ ၁၆ ရာစုကျမှ ဥရောပတိုက်သားတွေ နီကာရာဂွါနိုင်ငံကို ရောက်လာတယ်။ အဲဒီမတိုင်ခင် ကတည်းက မီစကီတိုလို့ခေါ်တဲ့ မော့စကီတိုလူမျိုးဟာ ရှိနှင့်နေပြီး ဖြစ်တဲ့ အဓိက တိုင်းရင်းသားအုပ်စုတွေထဲက တစ်ခု ဖြစ်တယ်။

သူတို့ဟာ သွေးစည်းညီညွတ်ကြတယ်၊ ပြီးတော့ သူတို့မှာ ထူးခြားတဲ့ဓလေ့တွေလည်း ရှိတယ်။ ဥပမာ၊ ကျေးလက်တောရွာတွေမှာ၊ လူငယ်တွေက အသက်ကြီးသူတွေကို သူတို့နဲ့ ဆွေမျိုးမတော်ရင်တောင် မြန်မာနိုင်ငံမှာလိုပဲ “ဦးလေး၊” “အဒေါ်” ဆိုပြီး ခေါ်ဝေါ်လေ့ရှိတယ်။ ရှေးရိုးစွဲ မီစကီတို အမျိုးသမီးတစ်ဦးဟာ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကို ရင်းရင်းနှီးနှီး ပါးချင်းထိ၊ နှုတ်ဆက်ပြီး စနှုတ်ဆက်တဲ့အမျိုးသမီးက အရင်နမ်းတဲ့ဓလေ့ရှိတယ်။

နီကာရာဂွါ ဒေသခံတိုင်းရင်းသား

ဒေသခံတိုင်းရင်းသား

မီစကီတို၊ မာယန်နာ ဘာသာစကားတွေနဲ့ သမ္မာကျမ်းစာ စာပေ

ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ မီစကီတို၊ မာယန်နာ ဘာသာစကားတွေနဲ့ စာပေ

အချက်အလက်အကျဉ်း

  • လူဦးရေ– ၆,၁၇၆,၀၀၀

  • ရုံးသုံးဘာသာစကား– စပိန်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ၊ မီစကီတို၊ မာယန်နာ၊ ရာမာ၊ ခရီအိုးလ် အင်္ဂလိပ်စကားကိုလည်း အသုံးပြုကြ

  • အစိုးရ– ပြည်သူ့သမ္မတ

  • မြို့တော်– မနာဂွါမြို့

  • ရာသီဥတု– အပူပိုင်း ရာသီဥတုအမျိုးအစား ဖြစ်ပေမဲ့ ကုန်းမြင့်ဒေသမှာ ပိုအေး

  • မြေမျက်နှာသွင်ပြင်– ကမ်းရိုးတန်းလွင်ပြင်၊ ကုန်းတွင်းပိုင်းမှာ တောင်ထူထပ်

ဉာဏ်စမ်းမေးခွန်း

နီကာရာဂွါအကြောင်း ဒီဖော်ပြချက်တွေနဲ့ပတ်သက်ပြီး မှား/မှန် ဖြေကြည့်ပါ–

  1. က။ နီကာရာဂွါနိုင်ငံဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ လောက်တုန်းက တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင် နီကာရာအိုဆိုတဲ့နာမည်ကနေ ဆင်းသက်လာတယ်။

  2. ခ။ နီကာရာဂွါနိုင်ငံဟာ စပိန်နဲ့ ဗြိတိသျှ ကိုလိုနီပြုခဲ့တဲ့ လက်တင်အမေရိက,က တစ်ခုတည်းသောနိုင်ငံ ဖြစ်တယ်။

  3. ဂ။ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ကရစ်ဘီယံ ပင်လယ်ဓားပြတွေက နီကာရာဂွါအိုင် ကမ်းခြေရှိ မြို့တွေကို ဓားပြဝင်တိုက်ကြတယ်။

  4. ဃ။ နီကာရာဂွါနိုင်ငံဟာ ဗဟိုအမေရိကမှာရှိတဲ့၊ လူဦးရေ သိပ်သည်းမှုအနည်းဆုံးနိုင်ငံ ဖြစ်တယ်။

အဖြေ– အားလုံး အမှန်တွေပါပဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ