ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၅ စာ. ၁၆
  • မိသားစုနဲ့ပတ်သက်ပြီး သတိပြုမိရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုနဲ့ပတ်သက်ပြီး သတိပြုမိရာ
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာဖရိက
  • ကနေဒါ
  • နယ်သာလန်
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၂
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • မိဘတို့ သင့်သားသမီးများအတွက် စံနမူနာဖြစ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • မိဘစိတ်နှလုံးကိုရွှင်လန်းစေခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၁၀/၁၅ စာ. ၁၆
အမေက ကွန်ပျူတာနဲ့ အလုပ်လုပ်နေချိန်မှာ ကလေးငယ်က ဂရုစိုက်ခံချင်တဲ့အတွက် လက်လှမ်းနေတဲ့ပုံ

ကမ္ဘာ့ဖြစ်ရပ်အကဲခတ် | မိသားစု

မိသားစုနဲ့ပတ်သက်ပြီး သတိပြုမိရာ

မိသားစုတွေဟာ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်။ အချိန်တိုင်း အသုံးဝင်တဲ့ ကျမ်းစာပါ ပညာရှိစကားတွေက အခက်အခဲတွေကို အောင်မြင်စွာ ဖြေရှင်းပြီး ပျော်ရွှင်သာယာတဲ့ မိသားစုဘဝဖြစ်ဖို့ ကူညီပေးတယ်။

အာဖရိက

မိခင်တွေဟာ ကလေးမွေးပြီး တစ်နာရီအတွင်း ကလေးကို နို့တိုက်သင့်သလို မိခင်နို့တစ်မျိုးတည်းကိုပဲ ခြောက်လဆက်ပြီး တိုက်သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ သိရတယ်။ ဒါပေမဲ့ “နို့မှုန့်တွေဟာ မိခင်နို့လိုပဲ အစွမ်းအာနိသင်ရှိတယ်” ဆိုပြီး မဟုတ်မမှန်ကြော်ငြာနေကြတယ်လို့ ယူနီဆက်ဖ် အာဖရိက အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသ အာဟာရအကြံပေးအဖွဲ့က ဖော်ပြခဲ့တယ်။

သမ္မာကျမ်းစာပြောဆိုရာ– ‘ရိုးအတဲ့ သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။’ —သုတ္တံ ၁၄:၁၅၊ ကဘ။

ကနေဒါ

တင်းကျပ်တဲ့စည်းမျဉ်းတွေထုတ်ပြီး သားသမီးတွေကို ချစ်ကြောင်းမပြတဲ့ မိဘတွေရဲ့ သားသမီးတွေဟာ ချစ်မြတ်နိုးမှုပြပြီး မျှမျှတတ ဆုံးမသွန်သင်တဲ့ မိဘတွေရဲ့ သားသမီးတွေထက် သုံးဆယ်ရာခိုင်နှုန်းကျော် အဝလွန်နိုင်ခြေရှိတယ်လို့ မွန်ထရီရယ်လ်မြို့က သုတေသီတွေ ခန့်မှန်းကြတယ်။

သင်သိပါသလား။ သားသမီးတွေကို အကောင်းဆုံး ပြုစုပျိုးထောင်နည်းအကြောင်း ကျမ်းစာထဲမှာ ရေးသားဖော်ပြထားပါတယ်။—ကောလောသဲ ၃:၂၁။

နယ်သာလန်

မိဘနှစ်ပါးစလုံးအလုပ်လုပ်တဲ့ ဒတ်ချ်မိသားစုဝင်တချို့ကို လေ့လာမှုပြုလုပ်ခဲ့တယ်။ အလုပ်နဲ့ မိသားစုတာဝန်ကို သီးသန့်ခွဲထားတဲ့ မိဘတွေဟာ အလုပ်နဲ့ မိသားစုတာဝန်ကို ရောထွေးထားတဲ့ မိဘတွေထက် သားသမီးတွေနဲ့ ကောင်းတဲ့ ပြောဆိုဆက်သွယ်မှုရှိတယ်ဆိုပြီး တွေ့ရှိခဲ့ကြတယ်။ ဥပမာ၊ အလုပ်ချိန်ပြီးနောက် အလုပ်နဲ့ဆိုင်တဲ့ ဖုန်းတွေခေါ်ဆိုတဲ့အခါ သားသမီးတွေလိုအပ်တဲ့ အချိန်နဲ့ ဂရုစိုက်မှုမပေးနိုင်တော့ဘူး။

စဉ်းစားစရာ– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။” —ဒေသနာ ၃:၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ