ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၁၅ စာ. ၁၂-၁၃
  • သေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေခြင်း
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူသေသွားတဲ့အခါ တခြားဘုံတစ်ခုခုကို ရောက်သွားသလား။
  • သေလွန်သူတွေရဲ့ အခြေအနေမှန်ဟာ ဘာလဲ။
  • သေလွန်သူတွေအတွက် မျှော်လင့်ချက် ရှိသလား။
  • လူမှာ မသေနိုင်တဲ့ဝိညာဉ် ရှိသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သေပြီးနောက်စိုးလ်ဆက်အသက်ရှင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • တမလွန်ဘဝ—သမ္မာကျမ်းစာက ဘာပြောသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • စိုးလ်အတွက် သာ၍ကောင်းသောမျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၁၂/၁၅ စာ. ၁၂-၁၃

သမ္မာကျမ်းစာရှုထောင့် | သေခြင်း

သေခြင်း

သေလွန်သူတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘာသာတစ်ခုနဲ့တစ်ခု အယူအဆမတူကြပေမဲ့ သမ္မာကျမ်းစာမှာတော့ ရှင်းရှင်းလေး ဖော်ပြထားတယ်။

လူသေသွားတဲ့အခါ တခြားဘုံတစ်ခုခုကို ရောက်သွားသလား။

လူအများပြောဆိုရာ–

လူသေသွားတဲ့အခါ တခြား ဘုံတစ်ခုခုကို ရောက်သွားတယ် ဒါမှမဟုတ် ပြန်ဝင်စားတယ်၊ ကောင်းကင် ဒါမှမဟုတ် ငရဲကို ရောက်သွားတယ်ဆိုပြီး ယုံကြည်ကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

လူသေသွားတဲ့အခါ တခြားဘုံတစ်ခုခုကို ရောက်သွားတယ်ဆိုပြီး ကျမ်းစာက မပြောပါဘူး။ “မြေမှုန့်သို့ ပြန်ရမည်” လို့ ပြောပါတယ်။ အာဒံကို ပြစ်ဒဏ်စီရင်တဲ့အခါ၊ သူ့ကို မြေမှုန့်နဲ့ ဖန်ဆင်းထားတာမို့လို့ သူ သေသွားတဲ့အခါ မြေမှုန့်ကိုပဲ ပြန်သွားရမယ်ဆိုပြီး ဘုရားသခင် မိန့်ဆိုခဲ့တယ်။ တစ်နည်းပြောရရင်၊ အသက်မရှိတဲ့အခြေအနေကို ပြန်သွားရမယ်လို့ ပြောတာဖြစ်တယ်။

“သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်။”—ကမ္ဘာဦး ၃:၁၉။

သေလွန်သူတွေရဲ့ အခြေအနေမှန်ဟာ ဘာလဲ။

သမ္မာကျမ်းစာပြောဆိုရာ–

“မရဏာနိုင်ငံ [သင်္ချိုင်း] ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိ” ဆိုပြီး ကျမ်းစာမှာ အတိအကျ ဖော်ပြထားတယ်။ (ဒေသနာ ၉:၁၀) လူသေတဲ့အခါ “မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” (ဆာလံ ၁၄၆:၄) လူသေဟာ မလှုပ်မယှက် ငြိမ်သက်နေတာကြောင့် သေခြင်းကို “အိပ်ပျော်နေခြင်း” ဆိုပြီး ကျမ်းစာက ဖော်ပြလေ့ရှိတယ်။—မဿဲ ၉:၂၄။

ဒီအကြောင်းသိဖို့ ဘာကြောင့်အရေးကြီးသလဲ–

ကိုယ်ချစ်ရသူ ဆုံးသွားတဲ့အခါ သူ ဘယ်ရောက်နေသလဲ၊ ဘယ်လို အခြေအနေရှိသလဲ၊ ဝေဒနာတွေများ ခံစားနေရသလား စတဲ့ မေးခွန်းတွေရဲ့အဖြေကို သိချင်ကြပါတယ်။ သေတဲ့သူက ဘာမှမသိဘူးလို့ ကျမ်းစာက ဆိုတယ်။ ကိုယ်ချစ်ရသူ ဘာဝေဒနာမှ မခံစားရဘူးဆိုတာ သိရလို့ စိတ်သက်သာရာရနိုင်ပါတယ်။

“သေသောသူမူကား အဘယ်အရာကိုမျှမသိ။”—ဒေသနာ ၉:၅။

သေလွန်သူတွေအတွက် မျှော်လင့်ချက် ရှိသလား။

သမ္မာကျမ်းစာပြောဆိုရာ–

မကြာခင် ဒီကမ္ဘာမြေကြီးဟာ ဖြောင့်မတ်သူတွေနေထိုင်တဲ့ကမ္ဘာ ဖြစ်လာတော့မယ်၊ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ မှတ်ဉာဏ်တော်ထဲမှာရှိတဲ့ သေလွန်သူအားလုံး အသက်ပြန်ရှင်လာမယ်လို့ ဘုရားသခင် ကတိပေးထားတယ်။ အဲဒီအချိန်မရောက်ခင်အထိ သူတို့ဟာ သေခြင်းမှာ အိပ်ပျော်နေကြမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သေလွန်သွားသူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးဖို့ ဆန္ဒပြင်းပြနေပါတယ်။ ကိုယ်ချစ်ရတဲ့ သေလွန်သွားသူတွေကို အသက်ပြန်ရှင်အောင်လုပ်ပေးမယ်ဆိုတဲ့ ယေဟောဝါဘုရားရဲ့ ကတိတော်တွေကို သိရတာက တကယ့်ကို နှစ်သိမ့်မှုဖြစ်စေပါတယ်။—တမန်တော် ၂၄:၁၅။

အခေါင်းရှေ့မှာ ဝမ်းနည်းကြေကွဲစွာရပ်နေတဲ့ ဇနီးမောင်နှံ

“ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်။” —တမန်တော် ၂၄:၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ