ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၁ စာ. ၁၂-၁၃
  • လိချ်တင်စတိန်းသို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လိချ်တင်စတိန်းသို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၆
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၁ စာ. ၁၂-၁၃
လိချ်တင်စတိန်းနိုင်ငံက မြစ်တစ်စင်းပေါ်တည်ဆောက်ထားတဲ့ အမိုးအကာပါတဲ့ တံတားတစ်စင်း

သူတို့မြေ၊ သူတို့ဓလေ့ | လိချ်တင်စတိန်း

လိချ်တင်စတိန်းသို့ အလည်တစ်ခေါက်

ဆွစ်ဇာလန်နဲ့ ဩစတြီးယား နိုင်ငံတွေရဲ့ နယ်စပ်မှာရှိတဲ့ လိချ်တင်စတိန်းနိုင်ငံ မြေပုံ

ဆွစ်ဇာလန်နဲ့ ဩစတြီးယားကြားက အဲလ်ပ်တောင်တန်းပေါ်မှာ တည်ရှိတဲ့ လိချ်တင်စတိန်းနိုင်ငံဟာ ကမ္ဘာ့အသေးဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တယ်။ အဲဒီမှာ ရှေးအနောက်ဥရောပတိုက်သားတွေဖြစ်တဲ့ ကက်လူမျိုး၊ ရီရှီယာလူမျိုး၊ ရောမလူမျိုးနဲ့ အာလာမဲန်နီလူမျိုးတွေ နေထိုင်ခဲ့ကြတယ်။ အခုအချိန်မှာ လိချ်တင်စတိန်း လူဦးရေ သုံးပုံနှစ်ပုံလောက်ဟာ အာလာမဲန်နီ လူမျိုးတွေဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၅၀၀ ခန့်ကတည်းက အဲဒီမှာ နေထိုင်ခဲ့ကြတယ်။

ကျေးလက်ဒေသတွေမှာတော့ အသုံးအနှုန်း မတူကြပေမဲ့ လိချ်တင်စတိန်းရဲ့ ရုံးသုံးဘာသာစကားက ဂျာမန်ဘာသာစကားဖြစ်တယ်။ လိချ်တင်စတိန်းရဲ့ အဓိကအစားအစာနှစ်မျိုးကတော့ ပြောင်းဖူးနဲ့လုပ်ထားတဲ့ တူဝါကာရီဘယ် နဲ့ ဒိန်ခဲများများပါတဲ့ ကက်စ်နော့ဖလီ ဖြစ်တယ်။

လိချ်တင်စတိန်းနိုင်ငံရဲ့ အဓိကအစားအစာနှစ်ခု

ကက်စ်နော့ဖလီ

အရောင်အသွေးစုံတဲ့ လိချ်တင်စတိန်း ရိုးရာဝတ်စုံကို ဆင်မြန်းထားတဲ့ အမျိုးသမီးနဲ့ လုံမငယ်

အရောင်အသွေးစုံတဲ့ ရိုးရာဝတ်စုံ

အဲဒီနိုင်ငံကို လည်ပတ်သူတွေက နှင်းဖုံးနေတဲ့ တောင်တန်းတွေ၊ စိမ်းလန်းနေတဲ့ ချိုင့်ဝှမ်းတွေ၊ စပျစ်ဥယျာဉ်နဲ့ အသီးအရွက်အမျိုးမျိုးကို တွေ့နိုင်တယ်။ သေးငယ်လှတဲ့ ဒီနိုင်ငံမှာ သစ်ခွအရိုင်း အမျိုး ၅၀ လောက်တွေ့နိုင်တယ်။ လိချ်တင်စတိန်းမှာ ပြတိုက်တွေ၊ ဇာတ်ရုံတွေ၊ ဝိုင်ထုတ်လုပ်တဲ့နေရာတွေ ရှိတယ်။ နွေရာသီနဲ့ ဆောင်းရာသီမှာ ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်လေ့ရှိတယ်။

၁၉၂၀ ပြည့်လွန်နှစ်ကတည်းက လိချ်တင်စတိန်းနိုင်ငံမှာ ယေဟောဝါသက်သေတွေ အမှုဆောင်နေကြတယ်။ အခုအချိန်မှာ ယေဟောဝါသက်သေ ၉၀ လောက်ရှိပြီး ဒေသခံတွေနဲ့ ဧည့်သည်တွေကို သမ္မာကျမ်းစာအကြောင်း ပြောပြနေကြတယ်။

ယေဟောဝါသက်သေတွေဟာ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ ဆိုတဲ့စာအုပ်ကို လိချ်တင်စတိန်းရဲ့ ရုံးသုံး ဘာသာစကားဖြစ်တဲ့ ဂျာမန် ဘာသာစကားနဲ့ ထုတ်ဝေတယ်။ www.pr2711.com ကနေလည်း ဖတ်နိုင်တယ်။

အချက်အလက်အကျဉ်း

  • လူဦးရေ– ၃၇,၀၀၀

  • မြို့တော်– ဗားဒတ်စ်

  • ရုံးသုံးဘာသာစကား– ဂျာမန်

  • ဘာသာ– အများစုက ရိုမန်ကက်သလစ်

ဉာဏ်စမ်းမေးခွန်း

လိချ်တင်စတိန်းနိုင်ငံနဲ့ သက်ဆိုင်တာ ဘာဖြစ်မလဲ။

  1. က။ ကမ္ဘာပေါ်မှာ ကုန်းတွင်းပိတ်နိုင်ငံတွေ ဝိုင်းရံထားတဲ့ နိုင်ငံနှစ်ခုထဲက တစ်ခုဖြစ်တယ်။

  2. ခ။ နို့တိုက်သတ္တဝါ အမျိုး ၅၀ ကျော် ကျက်စားတဲ့နေရာဖြစ်တယ်။

  3. ဂ။ သစ်ပင်မျိုးစိတ် ၁,၆၀၀ ကျော်ရှိတဲ့ နိုင်ငံဖြစ်တယ်။

  4. ဃ။ စစ်တပ်မရှိတဲ့ နိုင်ငံဖြစ်တယ်။

အဖြေ– အားလုံး သက်ဆိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ