တာ့ရှ် ရာဘတ်ရွာက ယပ်တ်လို့ခေါ်တဲ့ တဲအိမ်တွေ
သူတို့မြေ၊ သူတို့ဓလေ့
ကာဂျစ္စတန်နိုင်ငံသို့ အလည်တစ်ခေါက်
ကာဂျစ္စတန်နိုင်ငံဟာ ရေခဲတွေ ဖုံးလွှမ်းနေတဲ့ တောင်တန်းတွေ ပတ်လည်ဝိုင်းနေပြီး အာရှတိုက်ရဲ့အလယ်မှာ တည်ရှိတယ်။ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ တရုတ်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတယ်။ နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ တောင်တန်းတွေဖြစ်တယ်။ ကာဂျစ္စတန်နိုင်ငံဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၄,၄၀၆ ပေရှိတဲ့ အမြင့်ဆုံး ထန်ရှန်းတောင်ကြောင့် တင့်တယ်လှပတယ်။ နိုင်ငံရဲ့ ၄ ရာခိုင်နှုန်းလောက်က သစ်တောတွေ ဖြစ်တယ်။ ကာဂျစ္စတန်နိုင်ငံမှာ သဘာဝအလျောက်ပေါက်ရောက်နေတဲ့ သစ်ကြားပင် တောကြီးတွေကို တွေ့ရတယ်။
ကာဂျစ္စတန်နိုင်ငံက လူထောင်ပေါင်းများစွာကို ယေဟောဝါသက်သေတွေ ကျမ်းစာအကြောင်းပြောပြနေကြ
ဧည့်ဝတ်ကျေပွန်တာနဲ့ ရိုသေလေးစားမှုရှိတာက ကာဂျစ္စတန်လူမျိုးရဲ့ ထူးခြားချက်တွေဖြစ်တယ်။ အသက်ကြီးသူတစ်ယောက်နဲ့ စကားပြောတဲ့အခါ ယဉ်ကျေးတဲ့အသုံးအနှုန်းကို သုံးတယ်၊ အိမ်ဦးခန်းမှာ နေရာပေးတယ်။ အများသုံးယာဉ်တွေမှာ အသက်ကြီးသူတွေ ထိုင်ဖို့ နေရာပေးကြတယ်။
အများအားဖြင့် မိသားစုတိုင်းမှာ သားသမီး သုံးလေးယောက်ရှိကြတယ်။ အငယ်ဆုံးသားက အိမ်ထောင်ပြုပြီးရင်တောင် မိဘတွေနဲ့ တစ်သက်လုံး အတူနေသွားတယ်။
မိန်းကလေးတွေကို အိမ်ထောင်ရှင်မကောင်းဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းတွေကို ငယ်ငယ်ကတည်းက သင်ပေးကြတယ်။ သူတို့ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါ ကောင်းကောင်း အိမ်မှုထိန်းသိမ်းတတ်နေပြီ။ အိမ်ထောင်ပြုတဲ့အခါ သတို့သမီးအတွက် ကွမ်းဖိုးပေးရတယ်။ အဲဒီထဲမှာ မင်္ဂလာခန်းဝင်ပစ္စည်းတွေအပြင် လက်ရက်ကော်ဇောလည်း ပါတယ်။ သတို့သားက ကွမ်းဖိုးအဖြစ် ပိုက်ဆံနဲ့ ခြံမွေးတိရစ္ဆာန်တွေ ပေးတယ်။
ပျော်ပွဲဖြစ်ဖြစ်၊ စျာပနဖြစ်ဖြစ် သိုးတစ်ကောင် ဒါမှမဟုတ် မြင်းတစ်ကောင်ကို သတ်ပေးရတယ်။ အသားတွေကို အပိုင်းတွေပိုင်းပြီး တစ်ပိုင်းစီကို သီးသန့်သတ်မှတ်ထားတဲ့ လူတွေအတွက် ထားပေးတယ်။ အသက်အရွယ်၊ ဧည့်သည်ရဲ့ အဆင့်အတန်းပေါ် မူတည်ပြီး အသားပိုင်းကို ပေးတယ်။ ဒီအခြေအနေမှာလည်း ရိုသေလေးစားမှုက အဓိကအချက်ဖြစ်တယ်။ ပြီးနောက် ရိုးရာအစာဖြစ်တဲ့ ဘက်ရှ်ဘာမက်ကို လက်နဲ့စားသုံးကြတယ်။
ကိုမက်ဟာ အသုံးများတဲ့ တူရိယာဖြစ်